ဧပြီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာ ဆုကိုတော့ ဂွာဒီယိုလာ ရရှိသွားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် တစ်ရာသီ အကောင်းဆုံး မန်နေဂျာ ဆု ဆန်ခါတင်စာရင်းမှာ ပက်ဂွာဒီယိုလာ၊ လီဗာပူးမှ ယာဂင်ကလော့ပ်၊ စပါးမှ ပိုချက်တီနို၊ ၀ုဗ်မှ နန်နို ဆန်တို စတဲ့ နည်းပြ လေးယောက် ရွေးချယ်ခံထားရပါတယ်။

မန်စီးတီးရဲ့ တစ်ရာသီအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်မှာ အဂွယ်ရို၊ စတားလင်းနဲ့ ဘာနာဒိုဆေးလ်ဗားတို့ ရွေးချယ်ခံထားရပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဖလား ဖိအားက အသင်းအတွက် ကောင်းမွန်ကြောင်း၊ မန်စီးတီးအသင်းသားတွေက ဒီလို ဖိအားတွေနဲ့ အကျွမ်းတ၀င်ရှိလာကြောင်း ကွင်းလယ် ကစားသမား ဘာနာဒိုဆေးလ်ဗားက ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၂၀၁၈-၁၉ ဘောလုံးရာသီ အကောင်းဆုံးကစားသမားဆု ဇကာတင်စာရင်းထွက်ပေါ်လာရာ မန်စီးတီးအသင်းသား သုံးယောက် အဂွယ်ရို၊ ဘာနာဒို၊ စတားလင်း၊ လီဗာပူးအသင်းမှ ဆာလက်၊ ဗန်ဒိုက်၊ မာနေးနဲ့ ချယ်ဆီးမှ ဟာဇက်တို့ ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ် ရာသီသိမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် တနင်္ဂနွေပွဲ ရလဒ်အရ ဒီရာသီ ချန်ပီယံအဖြစ် မန်စီးတီး အနိုင်ရရင် ပရီးမီးယားလိဂ်ဖလားအစစ်ကို ကိုင်မြောက်နိုင်မှာဖြစ်ပြီး လီဗာပူး အနိုင်ရရင် ပုံတူပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်ခွင့်ရမယ်လို့ သိရပါတယ်။

မန်စီးတီးဟာ စပို့တင်းမှ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကိစ္စအား အမြန်ဆုံး အပြတ်ဖြတ်နိုင်ဖို့ ကြိုးစားနေပြီး အဆိုပါ ကိစ္စပြီးပြတ်ခဲ့ရင် ဘင်ဖီကာမှ ကွင်းလယ်တိုက်စစ်သမား ဖီလစ်ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

စီးတီး ခံစစ်မှူး လာပေါ်တေးက မန်စီးတီးအသင်းဟာ ဘရိုက်တန်နဲ့ ပွဲကိုသာ အာရုံစိုက်ထားပြီး လီဗာပူးနဲ့ ၀ုဗ် ပွဲစဉ်ကို အရေးထားမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်စီးတီးနဲ့ ဘောလုံးရာသီ နောက်ဆုံးပွဲ ကစားမယ့် ဘရိုက်တန်အသင်းမှ ခံစစ်မှူး လူးဝစ်ဒန့်ကတော့ ၄င်းတို့က မန်စီးတီး အကြောင်း စဉ်းစားနေမှာ မဟုတ်ဘဲ ပရော်ဖက်ရှင်နယ်များပီပီ ဂုဏ်သိက္ခာရှိစွာ ကိုယ့်အလုပ်ကိုယ် ပြီးမြောက်ပြီး ကစားတဲ့ပွဲများ နိုင်ဖို့သာ အာရုံစိုက်မယ်လို့ ပြောကြားလိုက်ပါတယ်။