ဒီကိစ္စဟာ ကိုရိုနာကပ်ဘေးမှာ ဘောလုံးပြန်ကစားတဲ့ ဘွန်ဒက်လီဂါပွဲတွေ စတင်လာပြီး နွေဇာတ်လမ်းတွေ ပိုမို ထွက်ပေါ်လာခြင်းတွေကို အခြေခံကာ မာဆေးဆိုဒ် အခြေစိုက်သတင်းရဲ့ ယေဘုယျဆန်တဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ဟာ ဟန်စီ ဖလစ် လက်အောက်မှာ အကောင်းဆုံး ပုံစံတွေကို ပြန်ရနေပါပြီ။ ဒါပေမယ့် ဘိုင်ာန်မြူးနစ် ဆက်သွားမယ့် ပုံစံက ပြည်တွင်းကို လွှမ်းမိုးဖို့တင် မဟုတ်ဘဲ ဥရောပဖလားကို စိန်ခေါ်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် ဘိုင်ယန်ဟာ ဆာနေးနဲ့ ဟာဗက်ဆိုတဲ့ ကစားသမား နှစ်ဦးရဖို့ ကြိုးစားနေပါတယ်။

ဒေါ့မွန်ကို အနိုင်ယူတဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ဟာ ဂျာမနီလိဂ်ပြိုင်ပွဲအတွင်း ခေါင်းတစ်လုံးသာနေတယ်ဆိုတာ ပြသခဲ့တယ်။ ဒါပေမယ့် စိတ်ဝင်စားစရာက သူတို့ သွားနေတဲ့ လမ်းကြောင်းဟာ မန်နေဂျာယာဂင်ကလော့ပ် လီဗာပူးမှာ လုပ်ခဲ့တဲ့ တည်ဆောက်မှုနဲ့ ဆင်တူလွန်းနေတာပါပဲ။

ဖလစ် လက်ထက်မှာ ဘိုင်ယန်ဟာ အစွန်နှစ်ဘက်ကို တိုက်စစ်လိုက်စေပြီး ထောက်ပံ့ပေးတဲ့ နည်းလမ်းကို ရွေးချယ်လာခဲ့တယ်။ ဒေးဗစ်နဲ့ ပါဗတ်တို့ကို ထရန့်နဲ့ ရော်ဘတ်ဆန်တို့အား အသုံးပြုသလို နည်းစနစ်ပိုင်း အားပြုတဲ့ အစွန်သမားတွေ ပုံစံ ကစားနေစေတယ်။

ဘိုင်ယန်ဟာ သတင်းထွက်နေသလို ဆာနေးကို ခေါ်ယူခဲ့မယ်ဆိုရင် ဂနာဘီနဲ့ တောင်ပံတစ်ခြမ်းတွေမှာ ကစားစေမှာပါ။ သူတို့ နှစ်ဦးရဲ့ မြန်ဆန်မှုနဲ့ ဧရိယာထဲ ဝင်တိုးနိုင်မှုက ဆာလက်၊ မာနေးတို့နဲ့ အသွင်သဏ္ဍန် တူညီလွန်းပါတယ်။ ဒါ့အပြင် တိုက်စစ်သုံးယောက်တန်းအတွက် ဗဟိုချက်မကနေ ဦးဆောင်ပေးဖို့ ဘိုင်ယန် ခေါ်ယူလိုနေတဲ့ ကစားသမားက ဟာဗက်ဖြစ်ပါတယ်။

ဟာဗက်က ကွင်းလယ်တိုက်စစ်သမားအဖြစ် ထင်ရှားလာပြီး တောင်ပံနေရာတွေလည်း ကစားပေမယ့် သူဟာ နံပါတ် ၉ တိုက်စစ်နေရာနဲပ နောက်ချန် တိုက်စစ်နေရာတွေကို ပိုမို အားပြုလာတာပါ။ ဒါဟာ လီဗာပူးအသင်းမှာ ကလော့ပ်သုံးနေတဲ့ ဖာမင်နိုလို အထောင်သမား စစ်စစ် မဟုတ်တဲ့ တိုက်စစ်ပိုင်း ပုံစံလည်းဖြစ်တယ်။

ဆာနေး၊ ဂနာဘီ၊ ဟာဗက် တိုက်စစ်အတွဲကို ရပြီဆိုရင် ဘိုင်ယန်မြူးနစ်ဟာ အစွန်သမားတွေကို နည်းစနစ်ကျကျ တိုက်စစ်လိုက်စေပြီး ချိတ်ဆက်ကစားနိုင်စွမ်းရှိတဲ့ တိုက်စစ်ကြောင်းကို ပုံဖော်နိုင်မှာဖြစ်တယ်။ ဂျာမနီအင်အားကြီး ကလပ်ဟာ ပြိုင်ဘက်ဟောင်း ကလော့ပ်ရဲ့ နည်းစနစ်ကို နီးနီးစပ်စပ် ဆင့်ပွှားယူတဲ့ အခြေခံ တည်ဆောက်မှုဖြင့် ဥရောပကို ပြန်တိုးဖို့ လုပ်လာနေတာဖြစ်ကြောင်း သုံးသပ်ထားရတာဖြစ်ပါတယ်။

ZAWGYI

ဒီကိစၥဟာ ကိုရိုနာကပ္ေဘးမွာ ေဘာလံုးျပန္ကစားတဲ့ ဘြန္ဒက္လီဂါပြဲေတြ စတင္လာျပီး ေႏြဇာတ္လမ္းေတြ ပိုမို ထြက္ေပၚလာျခင္းေတြကို အေျခခံကာ မာေဆးဆိုဒ္ အေျခစိုက္သတင္းရဲ႕ ေယဘုယ်ဆန္တဲ့ သံုးသပ္ခ်က္ ျဖစ္ပါတယ္။

ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္ဟာ ဟန္စီ ဖလစ္ လက္ေအာက္မွာ အေကာင္းဆံုး ပံုစံေတြကို ျပန္ရေနပါျပီ။ ဒါေပမယ့္ ဘိုင္ာန္ျမဴးနစ္ ဆက္သြားမယ့္ ပံုစံက ျပည္တြင္းကို လႊမ္းမိုးဖို႔တင္ မဟုတ္ဘဲ ဥေရာပဖလားကို စိန္ေခၚဖို႔ ျဖစ္ပါတယ္။ ဒီအတြက္ ဘိုင္ယန္ဟာ ဆာေနးနဲ႔ ဟာဗက္ဆိုတဲ့ ကစားသမား ႏွစ္ဦးရဖို႔ ၾကိဳးစားေနပါတယ္။

ေဒါ့မြန္ကို အႏုိင္ယူတဲ့ပြဲမွာ ဘိုင္ယန္ျမဴးနစ္ဟာ ဂ်ာမနီလိဂ္ျပိဳင္ပြဲအတြင္း ေခါင္းတစ္လံုးသာေနတယ္ဆိုတာ ျပသခဲ့တယ္။ ဒါေပမယ့္ စိတ္ဝင္စားစရာက သူတို႔ သြားေနတဲ့ လမ္းေၾကာင္းဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ လီဗာပူးမွာ လုပ္ခဲ့တဲ့ တည္ေဆာက္မႈနဲ႔ ဆင္တူလြန္းေနတာပါပဲ။

ဖလစ္ လက္ထက္မွာ ဘိုင္ယန္ဟာ အစြန္ႏွစ္ဘက္ကို တိုက္စစ္လိုက္ေစျပီး ေထာက္ပံ့ေပးတဲ့ နည္းလမ္းကို ေရြးခ်ယ္လာခဲ့တယ္။ ေဒးဗစ္နဲ႔ ပါဗတ္တို႔ကို ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔အား အသံုးျပဳသလို နည္းစနစ္ပိုင္း အားျပဳတဲ့ အစြန္သမားေတြ ပံုစံ ကစားေနေစတယ္။

ဘိုင္ယန္ဟာ သတင္းထြက္ေနသလို ဆာေနးကို ေခၚယူခဲ့မယ္ဆိုရင္ ဂနာဘီနဲ႔ ေတာင္ပံတစ္ျခမ္းေတြမွာ ကစားေစမွာပါ။ သူတို႔ ႏွစ္ဦးရဲ႕ ျမန္ဆန္မႈနဲ႔ ဧရိယာထဲ ဝင္တိုးႏုိင္မႈက ဆာလက္၊ မာေနးတို႔နဲ႔ အသြင္သ႑န္ တူညီလြန္းပါတယ္။ ဒါ့အျပင္ တိုက္စစ္သံုးေယာက္တန္းအတြက္ ဗဟိုခ်က္မကေန ဦးေဆာင္ေပးဖို႔ ဘိုင္ယန္ ေခၚယူလိုေနတဲ့ ကစားသမားက ဟာဗက္ျဖစ္ပါတယ္။

ဟာဗက္က ကြင္းလယ္တိုက္စစ္သမားအျဖစ္ ထင္ရွားလာျပီး ေတာင္ပံေနရာေတြလည္း ကစားေပမယ့္ သူဟာ နံပါတ္ ၉ တိုက္စစ္ေနရာနဲပ ေနာက္ခ်န္ တိုက္စစ္ေနရာေတြကုိ ပိုမို အားျပဳလာတာပါ။ ဒါဟာ လီဗာပူးအသင္းမွာ ကေလာ့ပ္သံုးေနတဲ့ ဖာမင္ႏိုလို အေထာင္သမား စစ္စစ္ မဟုတ္တဲ့ တိုက္စစ္ပိုင္း ပံုစံလည္းျဖစ္တယ္။

ဆာေနး၊ ဂနာဘီ၊ ဟာဗက္ တိုက္စစ္အတြဲကို ရျပီဆုိရင္ ဘိုင္ယန္ျမဴးနစ္ဟာ အစြန္သမားေတြကို နည္းစနစ္က်က် တိုက္စစ္လုိက္ေစျပီး ခ်ိတ္ဆက္ကစားႏုိင္စြမ္းရွိတဲ့ တိုက္စစ္ေၾကာင္းကို ပံုေဖာ္ႏုိင္မွာျဖစ္တယ္။ ဂ်ာမနီအင္အားၾကီး ကလပ္ဟာ ျပိဳင္ဘက္ေဟာင္း ကေလာ့ပ္ရဲ႕ နည္းစနစ္ကို နီးနီးစပ္စပ္ ဆင့္ပႊားယူတဲ့ အေျခခံ တည္ေဆာက္မႈျဖင့္ ဥေရာပကို ျပန္တိုးဖို႔ လုပ္လာေနတာျဖစ္ေၾကာင္း သံုးသပ္ထားရတာျဖစ္ပါတယ္။