လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဇွန်လ ၁၇ ရက်နေ့က စတင်ပြီး ပရီးမီးယားလိဂ်ပွဲတွေ ပြန်ကစားကြတော့မှာကို အရမ်းပျော်ရွှင်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ကလော့ပ်ကပဲ သိပ်ကိုကောင်းတဲ့ လီဗာပူးဘောလုံးကို နောက်တစ်ကြိမ် ပြန်မြင်ခွင့် ရစေရမယ်လို့ အာမခံလိုက်တယ်။ ဒါ့အပြင် ကလော့ပ်က ချန်ပီယံဖြစ်ဖို့ လိုအပ်မယ့် ရမှတ် ၆ မှတ်အတွက်တင် လီဗာပူးက ကြိုးစားသွားမှာ မဟုတ်ဘဲ ရာသီကုန်ထိ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက် ၉ သင်းလုံးကိုလည်း အနိုင်ယူဖို့ ကြိုးစားမှပါလို့ သတိပေးလိုက်ပါတယ်။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ကလော့ပ်က ” ကျနော် ဘောလုံးကို အရမ်း လွမ်းပါတယ်။ မယုံနိုင်လောက်အောင်ပါပဲ။ ဘောလုံးဆိုတာ ဘဝမှာ အရေးကြီးဆုံး ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်ရဲ့ စိတ်အားထက်သန်မှုပါ။ ကျနေ်ာတို့ စိတ်အား ထက်သန်နေသလိုပဲ လူတိုင်းကလည်း စိတ်ဆန္ဒ ပြင်းပြနေဖို့ မျှော်လင့်ပါတယ်။ ” လို့ ပြောပြခဲ့တယ်။

လီဗာပူးဟာ ဒီရာသီမှာ ရံှူးပွဲ ၁ ပွဲတည်း ရှိထားပြီး ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်ထိ ဖြတ်ထားတာဖြစ်တယ်။ လက်ကျန် ၉ ပွဲမှာ အမြင့်ဆုံး ၆ မှတ်ယူရင်ကိုပဲ လီဗာပူးက ချန်ပီယံဖြစ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ လုပ်စရာတွေ လိုသေးတဲ့ ကိစ္စတွေအတွက် ပွဲတွေအားလုံးကို ဖြစ်နိုင်သလောက် အနိုင်ယူလိုနေတာပါ။

” ချန်ပီယံဖြစ်ဖို့အကြောင်း စဉ်းစားနေတာက သိပ်ကောင်းပေမယ့် ကျနေ်ာတို့က အခုချိန်ထိ ချန်ပီယံ မဖြစ်သေးပါဘူး။ ကျနေ်ာတို့ အရမ်း နီးစပ်နေပေမယ့် မဖြစ်သေးပါဘူး။ ယှဉ်ပြိုင်စရာ ၂၇ မှတ် ကျန်ရှိနေသေးပြီး ပွဲတွေ အားလုံးကို အနိုင်ရဖို့ ကျနေ်ာတို့ ယှဉ်ပြိုင် ကြိုးစားလိုပါတယ်။

ကျနေ်ာတို့ ချန်ပီယံ မဖြစ်သေးပါဘူး။ ဘောလုံးပွဲတွေ ကစားဖို့လိုပြီး အဲ့ပွဲတွေ နိုင်ဖို့ လိုပါတယ်။ နှစ်ပွဲလောက် အနိုင်ယူပြီး ရပ်တန့်လိုက်ခြင်းကို ကျနေ်ာတို့ မလုပ်လိုဘူး။ ရလဒ်ကို မမြင်ပါဘူး။ ကျနေ်ာတို့ ကြိုးစားဖို့ လိုပါတယ် ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဇြန္လ ၁၇ ရက္ေန႔က စတင္ျပီး ပရီးမီးယားလိဂ္ပြဲေတြ ျပန္ကစားၾကေတာ့မွာကို အရမ္းေပ်ာ္ရႊင္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

ကေလာ့ပ္ကပဲ သိပ္ကိုေကာင္းတဲ့ လီဗာပူးေဘာလံုးကို ေနာက္တစ္ၾကိမ္ ျပန္ျမင္ခြင့္ ရေစရမယ္လို႔ အာမခံလိုက္တယ္။ ဒါ့အျပင္ ကေလာ့ပ္က ခ်န္ပီယံျဖစ္ဖို႔ လိုအပ္မယ့္ ရမွတ္ ၆ မွတ္အတြက္တင္ လီဗာပူးက ၾကိဳးစားသြားမွာ မဟုတ္ဘဲ ရာသီကုန္ထိ ယွဥ္ျပိဳင္ရမယ့္ ျပိဳင္ဘက္ ၉ သင္းလံုးကိုလည္း အႏုိင္ယူဖို႔ ၾကိဳးစားမွပါလို႔ သတိေပးလိုက္ပါတယ္။

ဘီဘီစီနဲ႔ အင္တာဗ်ဴးမွာ ကေလာ့ပ္က ” က်ေနာ္ ေဘာလံုးကို အရမ္း လြမ္းပါတယ္။ မယံုႏုိင္ေလာက္ေအာင္ပါပဲ။ ေဘာလံုးဆိုတာ ဘဝမွာ အေရးၾကီးဆံုး ကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေနာ္ရဲ႕ စိတ္အားထက္သန္မႈပါ။ က်ေန္ာတို႔ စိတ္အား ထက္သန္ေနသလိုပဲ လူတိုင္းကလည္း စိတ္ဆႏၵ ျပင္းျပေနဖို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ေျပာျပခဲ့တယ္။

လီဗာပူးဟာ ဒီရာသီမွာ ရံွဴးပြဲ ၁ ပြဲတည္း ရွိထားျပီး ဒုတိယေနရာက မန္စီးတီးကို ၂၅ မွတ္ထိ ျဖတ္ထားတာျဖစ္တယ္။ လက္က်န္ ၉ ပြဲမွာ အျမင့္ဆံုး ၆ မွတ္ယူရင္ကိုပဲ လီဗာပူးက ခ်န္ပီယံျဖစ္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ကေလာ့ပ္ကေတာ့ လုပ္စရာေတြ လိုေသးတဲ့ ကိစၥေတြအတြက္ ပြဲေတြအားလံုးကို ျဖစ္ႏုိင္သေလာက္ အႏုိင္ယူလိုေနတာပါ။

” ခ်န္ပီယံျဖစ္ဖို႔အေၾကာင္း စဥ္းစားေနတာက သိပ္ေကာင္းေပမယ့္ က်ေန္ာတို႔က အခုခ်ိန္ထိ ခ်န္ပီယံ မျဖစ္ေသးပါဘူး။ က်ေန္ာတို႔ အရမ္း နီးစပ္ေနေပမယ့္ မျဖစ္ေသးပါဘူး။ ယွဥ္ျပိဳင္စရာ ၂၇ မွတ္ က်န္ရွိေနေသးျပီး ပြဲေတြ အားလံုးကို အႏုိင္ရဖို႔ က်ေန္ာတို႔ ယွဥ္ျပိဳင္ ၾကိဳးစားလိုပါတယ္။

က်ေန္ာတို႔ ခ်န္ပီယံ မျဖစ္ေသးပါဘူး။ ေဘာလံုးပြဲေတြ ကစားဖို႔လိုျပီး အဲ့ပြဲေတြ ႏုိင္ဖို႔ လိုပါတယ္။ ႏွစ္ပြဲေလာက္ အႏုိင္ယူျပီး ရပ္တန္႔လိုက္ျခင္းကို က်ေန္ာတို႔ မလုပ္လိုဘူး။ ရလဒ္ကို မျမင္ပါဘူး။ က်ေန္ာတို႔ ၾကိဳးစားဖို႔ လိုပါတယ္ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။