၂၀၁၂ မှာ မန်နေဂျာဘရန်ဒန် ရော်ဂျာက လီဗာပူးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အဲ့တုန်းက သူဟာ လီဗာပူးဝါရင့် ကစားသမား ကာရေဂါကို နည်းပြအဖွဲ့ထဲ ခေါ်ယူလိုစိတ် ရှိခဲ့ပါတယ်။

ဒါပေမယ့် ကာရေဂါက ငြိမ်းခါနီးမီး အစွမ်းကုန် တောက်သလိုပဲ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးရာသီကို ကွင်းထဲမှာ ကစားလိုစိတ် ပြင်းပြခဲ့တယ်။ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီဟာ ကာရေဂါရဲ့ နောက်ဆုံး ဘောလုံးကစားတဲ့ နှစ်တစ်ခုဖြစ်သလို သူ့ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး နှစ်တွေထဲက တစ်ခုအဖြစ်လည်း ပုံမှန်ကစားခွင့် ရခဲ့ပါတယ်။

ကာရေဂါကို နည်းပြအဖွဲ့အဖြစ် ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် လီဗာပူးဖွား ခံစစ်သမားက ကစားသမားအဖြစ်ပဲ ဆက်ကစားလိုစိတ်ကြောင့် မခေါ်ဖြစ်ခဲ့ကြောင်း ရော်ဂျာက ပြောပါတယ်။

ရော်ဂျာက ” နည်းနည်း ဒဲ့တိုးပြောရမယ့် ကိစ္စပဲ။ ရယ်စရာလည်း ဖြစ်ခဲ့တယ် ဘာလို့လည်းဆိုတော့ ဒီနှစ်စတုန်းက လီဗာပူးနဲ့ ယှဉ်ပြိုင်စဉ် ကာရေဂါကလည်း ဒီမေးခွန်းကို ကျနော်ကို မေးပါသေးတယ်။

ဒဲ့ပဲ ပြောပြပါမယ်။ ၂၀၁၂ လောက်တုန်းက ကျနော် ကာရေဂါကို ဘောလုံးမကစားပဲ နည်းပြအဖွဲ့ထဲ ဝင်မလားလို့ မေးလိုခဲ့ပါတယ်။ ဒါပေမယ့် ရာသီကြိုမှာ လီဗာပူးနဲ့ ပူးပေါင်းတော့ သူ့နဲ့ ဆက်သွယ်လုပ်ဆောင်မှုတွေမှာ မြင်ရတာက သူက ဆက်ပြီး ဘောလုံးကစားလိုနေပါတယ်။

အဲ့တာကြောင့်ပဲ သူ့ကို နည်းပြအဖွဲ့ထဲ မခေါ်ခဲ့တာပါ။ ကိုလိုတိုရေးကိုယ်တော့ ကျနော် နည်းပြအဖွဲ့ထဲ ခေါ်ယူခဲ့ပြီး အကောင်းဆုံးလည်း လုပ်နိုင်ခဲ့တယ်။ ကျနော် သူ့ကို လီဗာပူးကနေ ဆဲလ်တစ်ကိုလည်း ခေါ်ယူခဲ့တယ်။ ကျနော် သူ့ကို ပေးခဲ့တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြအဖွဲ့ဝင် တစ်နေရာဆိုတာ ရာထူးက ဂျင်မီကို ကမ်းလှမ်းဖို့ လုပ်ခဲ့တဲ့ နေရာပါပဲ။

ကာရေဂါကလည်း ဘောလုံးဆက်ကစားလိုခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အဲ့တုန်းက ကစားသမား-နည်းပြ တွဲပြီး တာဝန်ယူစေတဲ့ ကိစ္စတွေကို ကျနော် မမြင်ခဲ့ဘူး။ ဒါပေမယ့် လီဗာပူးမှာ ကျနော် ကိုင်တွယ်ခဲ့စဉ် ကာရေဂါက အတော်လေး ကောင်းမွန်ခဲ့သူ ဖြစ်ပါတယ် ” လို့ ရှင်းပြခဲ့တာဖြစ်တယ်။

အဆိုပါ ဘောလုံးရာသီ အပြီးမှာပဲ ကာရေဂါက ကြိုတင် သဘောတူညီမှု ယူထားတဲ့ စကိုင်းစပေါ့မှာ သုံးသပ်သူ လုပ်ခွင့်ကို ရယူပြီး အားကစားဝေဖန်ရေးသမား လောကထဲကို ဝင်ရောက်သွားခဲ့တယ်။ သူဟာ လီဗာပူးအသင်းနဲ့ ပက်သက်လာရင် သြဇာရှိ သုံးသပ်သူအဖြစ် စကိုင်စပေါ့တင် မကပဲ တယ်လီဂရပ်၊ ဒေးလီးမေလ်းတို့ကို ဗြိတိန် သတင်းဌာနကြီးတွေမှာပါ သတင်းဆောင်းပါး ရေးသားသူအဖြစ် လုပ်ကိုင်ခွင့် ရရှိနေသူဖြစ်ပါတယ်။

ZAWGYI

၂၀၁၂ မွာ မန္ေနဂ်ာဘရန္ဒန္ ေရာ္ဂ်ာက လီဗာပူးအသင္းကို စတင္ကိုင္တြယ္ခဲ့ျပီး အဲ့တုန္းက သူဟာ လီဗာပူးဝါရင့္ ကစားသမား ကာေရဂါကုိ နည္းျပအဖြဲ႔ထဲ ေခၚယူလိုစိတ္ ရွိခဲ့ပါတယ္။

ဒါေပမယ့္ ကာေရဂါက ျငိမ္းခါနီးမီး အစြမ္းကုန္ ေတာက္သလိုပဲ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆံုးရာသီကို ကြင္းထဲမွာ ကစားလိုစိတ္ ျပင္းျပခဲ့တယ္။ ၂၀၁၂-၂၀၁၃ ေဘာလံုးရာသီဟာ ကာေရဂါရဲ႕ ေနာက္ဆံုး ေဘာလုံးကစားတဲ့ ႏွစ္တစ္ခုျဖစ္သလို သူ႔ရဲ႕ စြမ္းေဆာင္ရည္ အေကာင္းဆံုး ႏွစ္ေတြထဲက တစ္ခုအျဖစ္လည္း ပံုမွန္ကစားခြင့္ ရခဲ့ပါတယ္။

ကာေရဂါကို နည္းျပအဖြဲ႔အျဖစ္ ေခၚယူဖို႔ စီစဥ္ခဲ့ေပမယ့္ လီဗာပူးဖြား ခံစစ္သမားက ကစားသမားအျဖစ္ပဲ ဆက္ကစားလိုစိတ္ေၾကာင့္ မေခၚျဖစ္ခဲ့ေၾကာင္း ေရာ္ဂ်ာက ေျပာပါတယ္။

ေရာ္ဂ်ာက ” နည္းနည္း ဒဲ့တိုးေျပာရမယ့္ ကိစၥပဲ။ ရယ္စရာလည္း ျဖစ္ခဲ့တယ္ ဘာလို႔လည္းဆိုေတာ့ ဒီႏွစ္စတုန္းက လီဗာပူးနဲ႔ ယွဥ္ျပိဳင္စဥ္ ကာေရဂါကလည္း ဒီေမးခြန္းကို က်ေနာ္ကို ေမးပါေသးတယ္။

ဒဲ့ပဲ ေျပာျပပါမယ္။ ၂၀၁၂ ေလာက္တုန္းက က်ေနာ္ ကာေရဂါကို ေဘာလံုးမကစားပဲ နည္းျပအဖြဲ႔ထဲ ဝင္မလားလို႔ ေမးလိုခဲ့ပါတယ္။ ဒါေပမယ့္ ရာသီၾကိဳမွာ လီဗာပူးနဲ႔ ပူးေပါင္းေတာ့ သူ႔နဲ႔ ဆက္သြယ္လုပ္ေဆာင္မႈေတြမွာ ျမင္ရတာက သူက ဆက္ျပီး ေဘာလံုးကစားလိုေနပါတယ္။

အဲ့တာေၾကာင့္ပဲ သူ႔ကို နည္းျပအဖြဲ႔ထဲ မေခၚခဲ့တာပါ။ ကိုလိုတိုေရးကိုယ္ေတာ့ က်ေနာ္ နည္းျပအဖြဲ႔ထဲ ေခၚယူခဲ့ျပီး အေကာင္းဆံုးလည္း လုပ္ႏုိင္ခဲ့တယ္။ က်ေနာ္ သူ႔ကို လီဗာပူးကေန ဆဲလ္တစ္ကိုလည္း ေခၚယူခဲ့တယ္။ က်ေနာ္ သူ႔ကို ေပးခဲ့တဲ့ နည္းစနစ္ပိုင္းဆိုင္ရာ နည္းျပအဖြဲ႔ဝင္ တစ္ေနရာဆိုတာ ရာထူးက ဂ်င္မီကို ကမ္းလွမ္းဖို႔ လုပ္ခဲ့တဲ့ ေနရာပါပဲ။

ကာေရဂါကလည္း ေဘာလံုးဆက္ကစားလိုခဲ့တာ မွန္ပါတယ္။ ဒါေပမယ့္ အဲ့တုန္းက ကစားသမား-နည္းျပ တြဲျပီး တာဝန္ယူေစတဲ့ ကိစၥေတြကို က်ေနာ္ မျမင္ခဲ့ဘူး။ ဒါေပမယ့္ လီဗာပူးမွာ က်ေနာ္ ကိုင္တြယ္ခဲ့စဥ္ ကာေရဂါက အေတာ္ေလး ေကာင္းမြန္ခဲ့သူ ျဖစ္ပါတယ္ ” လို႔ ရွင္းျပခဲ့တာျဖစ္တယ္။

အဆုိပါ ေဘာလံုးရာသီ အျပီးမွာပဲ ကာေရဂါက ၾကိဳတင္ သေဘာတူညီမႈ ယူထားတဲ့ စကိုင္းစေပါ့မွာ သံုးသပ္သူ လုပ္ခြင့္ကို ရယူျပီး အားကစားေဝဖန္ေရးသမား ေလာကထဲကို ဝင္ေရာက္သြားခဲ့တယ္။ သူဟာ လီဗာပူးအသင္းနဲ႔ ပက္သက္လာရင္ ၾသဇာရွိ သံုးသပ္သူအျဖစ္ စကိုင္စေပါ့တင္ မကပဲ တယ္လီဂရပ္၊ ေဒးလီးေမလ္းတို႔ကို ျဗိတိန္ သတင္းဌာနၾကီးေတြမွာပါ သတင္းေဆာင္းပါး ေရးသားသူအျဖစ္ လုပ္ကိုင္ခြင့္ ရရွိေနသူျဖစ္ပါတယ္။