လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို New Balance နဲ့ပဲ အပြီးသတ်မယ်လို့ ကလပ်ဝဘ်ဆိုဒ်ကနေ တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် မှာ မန်နေဂျာဘရန်ဒန် ရော်ဂျာက လီဗာပူးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အဲ့တုန်းက သူဟာ လီဗာပူးဝါရင့် ကစားသမား ကာရေဂါကို နည်းပြအဖွဲ့ထဲ ခေါ်ယူလိုစိတ် ရှိခဲ့ပေမယ့် ကာရေဂါက ဘောလုံးကစားခြင်းကိုပဲ ဆက်လုပ်လိုခဲ့တယ်လို့ လက်စတာမန်နေဂျာက ပြောပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဇွန်လ ၁၇ ရက်နေ့က စတင်ပြီး ပရီးမီးယားလိဂ်ပွဲတွေ ပြန်ကစားကြတော့မှာကို အရမ်းပျော်ရွှင်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ယာဂင်ကလော့ပ်က ရိုဘိုမှာ မကောင်းမြင်စရာ ဘာတစ်ခုမှ မရှိဘူးလို့ ချီးကျူးခဲ့ပြီး ဘယ်အစွန်လူ ရိုဘိုက သူ့မှာ ညာခြေ အားနည်းချက်ရှိတာကို မန်နေဂျာ မသိဘူးလို့ ဟာသဖောက်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပုံမှန်အားဖြင့် မဲဝုဒ်မှာ လေ့ကျင့်ရေး ဆင်းပေမယ့် ဒီအပတ် တနင်္လာနေ့မှာတော့ အန်ဖီးမှာ လေ့ကျင့်ရေးဆင်းပြီး ကွင်းကြီးပွဲ ကစားခဲ့ကြပါတယ်။ တောက်ပတဲ့ နေရောင်ခြည်ကြောင့် ကစားသမားတွေ ကန်လိုကောင်းတဲ့ ပွဲဖြစ်ခဲ့ပြီး မာနေးနဲ့ ကီတာတို့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

တနင်္လာနေ့က အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားတဲ့ လိုက်ဇစ်နဲ့ ကိုလုံးပွဲမှာ တီမိုဝါနာရဲ့ အသင်းက ၄-၂ နဲ့ အနိုင်ရခဲ့သလို တိုက်စစ်သမားကလည်း ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ဒီအပတ်ထဲမှာ ကလပ်ဟာ ကြီးမားတဲ့ ကိစ္စတစ်ခုကို ကြေညာဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပြီး ပရိသတ်တွေကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ဝတ်ဆင်ကစားမယ့် ဂျာစီသစ်ကို ထုတ်ပြခြင်းမျိုးလည်း ဖြစ်နိုင်တယ်လို့ မျတ်ချက်ပေးနေကြပါတယ်။

နှစ်ပွဲနိုင်ရင် ချန်ပီယံဖြစ်မယ်ဆိုတဲ့ အမေးကို ကလော့ပ်က ” ကျနေ်ာတို့ ချန်ပီယံ မဖြစ်သေးပါဘူး။ ဘောလုံးပွဲတွေ ကစားဖို့လိုပြီး အဲ့ပွဲတွေ နိုင်ဖို့ လိုပါတယ်။ နှစ်ပွဲလောက် အနိုင်ယူပြီး ရပ်တန့်လိုက်ခြင်းကို ကျနေ်ာတို့ မလုပ်လိုဘူး။ ရလဒ်ကို မမြင်ပါဘူး။ ကျနေ်ာတို့ ကြိုးစားဖို့ လိုပါတယ် ” လို့ တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒေါ့မွန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ ဂေါ်ဇီကို ဒီနွေမှာ လုံးဝ ခေါ်ယူသွားမှာ မဟုတ်ပါဘူး။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို New Balance နဲ႔ပဲ အျပီးသတ္မယ္လို႔ ကလပ္ဝဘ္ဆိုဒ္ကေန တရားဝင္ ေၾကညာခဲ့ျပီ ျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္ မွာ မန္ေနဂ်ာဘရန္ဒန္ ေရာ္ဂ်ာက လီဗာပူးအသင္းကို စတင္ကိုင္တြယ္ခဲ့ျပီး အဲ့တုန္းက သူဟာ လီဗာပူးဝါရင့္ ကစားသမား ကာေရဂါကုိ နည္းျပအဖြဲ႔ထဲ ေခၚယူလိုစိတ္ ရွိခဲ့ေပမယ့္ ကာေရဂါက ေဘာလံုးကစားျခင္းကိုပဲ ဆက္လုပ္လိုခဲ့တယ္လို႔ လက္စတာမန္ေနဂ်ာက ေျပာပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဇြန္လ ၁၇ ရက္ေန႔က စတင္ျပီး ပရီးမီးယားလိဂ္ပြဲေတြ ျပန္ကစားၾကေတာ့မွာကို အရမ္းေပ်ာ္ရႊင္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

ယာဂင္ကေလာ့ပ္က ရိုဘိုမွာ မေကာင္းျမင္စရာ ဘာတစ္ခုမွ မရွိဘူးလို႔ ခ်ီးက်ဴးခဲ့ျပီး ဘယ္အစြန္လူ ရိုဘိုက သူ႔မွာ ညာေျခ အားနည္းခ်က္ရွိတာကို မန္ေနဂ်ာ မသိဘူးလို႔ ဟာသေဖာက္ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပံုမွန္အားျဖင့္ မဲဝုဒ္မွာ ေလ့က်င့္ေရး ဆင္းေပမယ့္ ဒီအပတ္ တနလၤာေန႔မွာေတာ့ အန္ဖီးမွာ ေလ့က်င့္ေရးဆင္းျပီး ကြင္းၾကီးပြဲ ကစားခဲ့ၾကပါတယ္။ ေတာက္ပတဲ့ ေနေရာင္ျခည္ေၾကာင့္ ကစားသမားေတြ ကန္လိုေကာင္းတဲ့ ပြဲျဖစ္ခဲ့ျပီး မာေနးနဲ႔ ကီတာတို႔ ဂိုးသြင္းႏုိင္ခဲ့ပါတယ္။

တနလၤာေန႔က အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားတဲ့ လိုက္ဇစ္နဲ႔ ကိုလံုးပြဲမွာ တီမိုဝါနာရဲ႕ အသင္းက ၄-၂ နဲ႔ အႏုိင္ရခဲ့သလို တိုက္စစ္သမားကလည္း ဂိုးတစ္ဂိုး သြင္းယူႏုိင္ခဲ့ျပန္ပါတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ဒီအပတ္ထဲမွာ ကလပ္ဟာ ၾကီးမားတဲ့ ကိစၥတစ္ခုကို ေၾကညာဖို႔ ျပင္ဆင္ေနတယ္လုိ႔ ေဖာ္ျပခဲ့ျပီး ပရိသတ္ေတြကေတာ့ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ ဝတ္ဆင္ကစားမယ့္ ဂ်ာစီသစ္ကို ထုတ္ျပျခင္းမ်ိဳးလည္း ျဖစ္ႏုိင္တယ္လို႔ မ်တ္ခ်က္ေပးေနၾကပါတယ္။

ႏွစ္ပြဲႏုိင္ရင္ ခ်န္ပီယံျဖစ္မယ္ဆိုတဲ့ အေမးကို ကေလာ့ပ္က ” က်ေန္ာတို႔ ခ်န္ပီယံ မျဖစ္ေသးပါဘူး။ ေဘာလံုးပြဲေတြ ကစားဖို႔လိုျပီး အဲ့ပြဲေတြ ႏုိင္ဖို႔ လိုပါတယ္။ ႏွစ္ပြဲေလာက္ အႏုိင္ယူျပီး ရပ္တန္႔လိုက္ျခင္းကို က်ေန္ာတို႔ မလုပ္လိုဘူး။ ရလဒ္ကို မျမင္ပါဘူး။ က်ေန္ာတို႔ ၾကိဳးစားဖို႔ လိုပါတယ္ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ေဒါ့မြန္ကေန အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ ရထားတဲ့ ေဂၚဇီကို ဒီေႏြမွာ လံုးဝ ေခၚယူသြားမွာ မဟုတ္ပါဘူး။