ဆိုးရှားက ပေါ့ဘာကို ထည့်မတွက်တော့ဘဲ မန်ချက်စတာယူနိုက်တက်ကို တော်မီနေးအား အခြေတည်ပြီး အသင်းပြန်လည် တည်ဆောက်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း မန်ချက်စာ အခြေစိုက်သတင်းများမှာ ဖော်ပြနေပါတယ်။

ချန်ပီယံလိဂ် ပွဲတွေ ကစားခွင့် မရတော့တာကြောင့် ယူနိုက်တက် ကွင်းလယ် ပေါ့ဘာက အသင်းကနေ ထွက်ခွာခွင့်အတွက် ယူနိုက်တက်ကို ဖိအားပေးရန် ကြံရွယ်နေပါတယ်။

ယူနိုက်တက်က ဂျူဗင်တပ်ကြယ်ပွင့် ဒိုင်ဘားလားကို ပစ်မှတ်ထားနေသလို ၄င်းရဲ့အသင်းဖော် တောင်ပံကစားသမား ခံစစ်မှူး Joao Cancelo နဲ့လည်း ဆွေးနွေးမှုမျး စတင်ထားကြောင်း အီတလီသတင်းများမှာ ဖော်ပြလာပါတယ်။

စပိန်က သတင်းများအရ ယူနိုက်တက် ကွင်းလယ်ကစားသမား မာတာက လာမယ့်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဘာစီလိုနာထံ သွားဖို့ စိတ်အားထက်သန်နေပါတယ်။

အေဂျက် ခံစစ်မှူး ဒီလစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး ၄င်းက ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာသို့သာ ပြောင်းရွှေ့ ကစားလိုနေတာပါ။

ဒေါ့မွန်မှ တောင်ပံတိုက်စစ်သမား ဆန်ချိုကို ယူနိုက်တက်ဟာ ပေါင် သန်း ၁၀၀ နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အတူ သွေးတိုးစမ်းခဲ့ပေမယ့် အသက် ၁၉ နှစ်အရွယ် အင်္ဂလန်သားလေးကတော့ ချန်ပီယံလိဂ် ကစားရမှာ မဟုတ်လို့ အိုးထရက်ဖို့ဒ်ကို ငြင်းပယ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ မော်ရင်ညိုလက်ထက်က ကြိုးပမ်းခဲ့တဲ့ လက်စတာခံစစ်မှူး ဟယ်ရီ မက်ဂွဲယားကို ပြန်လည် ကြိုးပမ်းဖို့ ခြေလှမ်းပြင်နေပါတယ်။ အက်ဝုဒ်ဝပ်ကတော့ ခံစစ်မှူးတစ်ယောက် အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး သုံးပြီးတောင် မက်ဂွဲယားကို ခေါ်ယူချင်နေပါတယ်။ ၄င်းရဲ့ပြီးခဲ့တဲ့နွေ တန်ကြေးက ပေါင် သန်း ၆၀ ရှိခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းလေ့ကျင့်ရေးမှာ တိုက်စစ်မှူး မာရှယ်ရဲ့ ဆိုးဝါးတဲ့ သဘောထားကြောင့် အသင်းမှာ ရေရှည် ဆက်ထားဖို့ တွေဝေနေပြီး လာမယ့်နွေမှာ ၄င်းအတွက် ကမ်းလှမ်းမှုများ လက်ခံစဉ်းစားပေးတော့မှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလတွေမှာ ယခင် ယူနိုက်တက်နည်းပြတွေဟာ လိုအပ်တဲ့ထောက်ပံမှုတွေ မရခဲ့တာနဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးက အိုးလ်ထရက်ဖို့ဒ်မှာ ကစားသမားသစ် ခေါ်ယူရေးနဲ့ပတ်သက်ပြီး ဘယ်သူ ဆုံးဖြတ်ချက်ချတာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။