လီဗာပူးအသင်းဟာ ဒီလအကုန်မှာ အငှားစာချုပ်တွေကုန်မယ့် ကစားသမား ၉ ဦးအတွက် ကလပ် ၉ သင်းနဲ့ ညိနှိုင်းစကားပြောမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဘောလုံးရာသီ ပြီးဆုံးဖို့ နှောင့်နှေးနေခြင်းကြောင့် ဒီရာသီရဲ့ အပြီးသတ် သီတပ်းပတ်ဟာ ဇူလိုင်လရဲ့ နောက်ဆုံးအပတ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဇွန်လအကုန်မှာ စာချုပ်ကုန်မယ့် ကစားသမားတွေရဲ့ အနာဂတ်ကို လီဗာပူးဘက်က ဆွေးနွေးမှု လုပ်နေတာဖြစ်တယ်။ ပွဲကစားခွင့်တွေ ရနေတဲ့ ကစားသမားတွေကို ဆက်ပြီး အငှားချပေးဖို့ကိုပဲ လီဗာပူးက ရွေးချယ်လိုပါတယ်။
ဟယ်ရီဝဲလ်ဆန်နဲ့ ရာဟမ် ဘရူးစတားတို့ကို သက်ဆိုင်ရာ အသင်းတွေထံမှာပဲ အငှားကာလ ထပ်တိုးပေးမှာဖြစ်ကာ ဘွန်ဒက်လီဂါမှ ဂရုဂျစ်နဲ့ အာရိုယိုတို့ကိုလည်း ဆက်ပြီး အငှားချပေးလိုတယ်။ ချက် အဆင့်မြင့်တန်းလိဂ်မှာ အငှားကစားနေတဲ့ အာရိုယိုဟာ ဒီရာသီမှာ လိဂ်ပွဲ ၂ ပွဲပဲ ကစားထားရပါတယ်။
ဘွန်ဒက်လီဂါ-၂ မှာ အငှားကစားနေတဲ့ နေးဖီးလစ်အပြင် အခြား ကစားသမားတွေဖြစ်တဲ့ ဂါရာဘာရာ၊ ဟာဘီကိန်း၊ အယ်ဂျာရီယာတို့ကိုလည်း အငှားချပေးမှာ ဖြစ်ပေမယ့် ၂၂ နှစ်အရွယ် တိုက်စစ်သမား အယ်ဂျာရီယာကိုတော့ အပြီးသတ် ရောင်းထုတ်ဖို့ စကားပြောနေပါတယ်။ ပြောင်းရွှေ့ကြေးအဖြစ် ကနဦး ပေါင် ၃ သန်းဖြစ်ပြီး အနာဂတ်မှာ စွမ်းဆောင်ရည်အရ ပေါင် ၅ သိန်း ယူဖို့ ဖြစ်ပါတယ်။
အငှား ကစားသမားတွေထဲက ဂရုဂျစ်၊ အို၈ျို၊ ခရစ္စတိုင်-ဒေးဗစ်၊ ဝီလီယမ်နဲ့ အာသာတွန်တို့ကတော့ မာဆေးဆိုဒ်ကို ပြန်ရောက်နေပါတယ်။ သူတို့ကိုတော့ ပြန်လွတ်ဖွယ် မရှိသလို လီဗာပူးအသင်းနဲ့လည်း ပူးပေါင်းခွင့် ပေးဖွယ် မရှိပါဘူး။ အငှားချထားတဲ့ လူငယ်လေး ဘမ်ဝုဒ်ဘမ်း ကိစ္စကတော့ သေချာမသိရသေးပဲ လိဂ်ဝမ်းကို ရှေ့ဆက်မလားဆိုတဲ့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဒီလအကုန္မွာ အငွားစာခ်ဳပ္ေတြကုန္မယ့္ ကစားသမား ၉ ဦးအတြက္ ကလပ္ ၉ သင္းနဲ႔ ညိႏိႈင္းစကားေျပာမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။
ေဘာလံုးရာသီ ျပီးဆံုးဖို႔ ေႏွာင့္ေႏွးေနျခင္းေၾကာင့္ ဒီရာသီရဲ႕ အျပီးသတ္ သီတပ္းပတ္ဟာ ဇူလိုင္လရဲ႕ ေနာက္ဆံုးအပတ္ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ ဇြန္လအကုန္မွာ စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြရဲ႕ အနာဂတ္ကို လီဗာပူးဘက္က ေဆြးေႏြးမႈ လုပ္ေနတာျဖစ္တယ္။ ပြဲကစားခြင့္ေတြ ရေနတဲ့ ကစားသမားေတြကို ဆက္ျပီး အငွားခ်ေပးဖို႔ကိုပဲ လီဗာပူးက ေရြးခ်ယ္လိုပါတယ္။
ဟယ္ရီဝဲလ္ဆန္နဲ႔ ရာဟမ္ ဘရူးစတားတို႔ကို သက္ဆိုင္ရာ အသင္းေတြထံမွာပဲ အငွားကာလ ထပ္တိုးေပးမွာျဖစ္ကာ ဘြန္ဒက္လီဂါမွ ဂရုဂ်စ္နဲ႔ အာရိုယိုတို႔ကိုလည္း ဆက္ျပီး အငွားခ်ေပးလိုတယ္။ ခ်က္ အဆင့္ျမင့္တန္းလိဂ္မွာ အငွားကစားေနတဲ့ အာရိုယိုဟာ ဒီရာသီမွာ လိဂ္ပြဲ ၂ ပြဲပဲ ကစားထားရပါတယ္။
ဘြန္ဒက္လီဂါ-၂ မွာ အငွားကစားေနတဲ့ ေနးဖီးလစ္အျပင္ အျခား ကစားသမားေတြျဖစ္တဲ့ ဂါရာဘာရာ၊ ဟာဘီကိန္း၊ အယ္ဂ်ာရီယာတို႔ကိုလည္း အငွားခ်ေပးမွာ ျဖစ္ေပမယ့္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမား အယ္ဂ်ာရီယာကိုေတာ့ အျပီးသတ္ ေရာင္းထုတ္ဖို႔ စကားေျပာေနပါတယ္။ ေျပာင္းေရႊ႔ေၾကးအျဖစ္ ကနဦး ေပါင္ ၃ သန္းျဖစ္ျပီး အနာဂတ္မွာ စြမ္းေဆာင္ရည္အရ ေပါင္ ၅ သိန္း ယူဖို႔ ျဖစ္ပါတယ္။
အငွား ကစားသမားေတြထဲက ဂရုဂ်စ္၊ အို၈်ိဳ၊ ခရစၥတိုင္-ေဒးဗစ္၊ ဝီလီယမ္နဲ႔ အာသာတြန္တို႔ကေတာ့ မာေဆးဆိုဒ္ကို ျပန္ေရာက္ေနပါတယ္။ သူတို႔ကိုေတာ့ ျပန္လြတ္ဖြယ္ မရွိသလို လီဗာပူးအသင္းနဲ႔လည္း ပူးေပါင္းခြင့္ ေပးဖြယ္ မရွိပါဘူး။ အငွားခ်ထားတဲ့ လူငယ္ေလး ဘမ္ဝုဒ္ဘမ္း ကိစၥကေတာ့ ေသခ်ာမသိရေသးပဲ လိဂ္ဝမ္းကို ေရွ႔ဆက္မလားဆိုတဲ့ အေျခအေနကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။