လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ကစားသမား တစ်ဦးကိုတော့ သေချာပေါက် ရောင်းထုတ်မှာဖြစ်ကြောင်း သတင်းထောက် ဂျိမ်းပီရက်စ်က အတည်ပြုပါတယ်။

မကြာသေးခင်ကပဲ လိုဗရန်ကို ဆက်ထိန်းထားမှာဖြစ်ကာ သင့်လျှော်တဲ့ ပြောင်းရွှေ့ကြေး မရဘူးဆိုရင် ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ကို ၁၂ လ ဆက်ထိန်းဖို့ကိုပဲ လီဗာပူးက ရွေးချယ်မယ်လို့ ဂျိမ်းပီရက်စ်က သတင်းပေးထားတာပါ။ ဒါ့အပြင် လာမယ့်ရာသီမှာ လီဗာပူးအသင်းဟာ နီကိုး ဝီလီယမ်နဲ့ ကာတစ်ဂျုံးတို့ကိုလည်း လုံးဝ အငှားစေလွှတ်မှာ မဟုတ်ပါဘူး။

နွေမှာတော့ လယ်လာနာ၊ ကလိုင်၊ လိုနာဂန်တို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားကြမှာဖြစ်ပြီး သူတို့နေရာ တိုက်ရိုက်အစားထိုးမှုအဖြစ် ကားတစ်ဂျုံးနဲ့ နီကိုးတို့ကို အစားသွင်းမှာဖြစ်တယ်။ ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ကိုတော့ လျော့ဈေးနဲ့ အသဲအသန်ရောင်းဖို့ လီဗာပူးဘက်က အလျင်လိုခြင်းလည်း မရှိသေးပါဘူး။

သို့ပေမယ့် ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ရထားရတဲ့ ရှာကွီရီကိုတော့ လာမယ့် နှစ်တွေမှာလည်း နေရာပေးနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ရောင်းထုတ်ဖို့ကိုပဲ လီဗာပူးက စဉ်းစားမှာဖြစ်တယ်။ သူ့နေရာမှာ အစားဝင်ဖို့ကလည်း မီနာမီနိုကို ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။

ပီရက်စ်က ပြောရာမှာ ” ရှာကွီရီနဲ့ ပက်သက်လို့က ကစားသမားက ပုံမှန်ပွဲထွက်ခွင့်ကို ပိုလိုချင်နေပြီး ဒါကို လီဗာပူးဘက်က လက်ခံပါတယ်။ ရှာကွီရီနဲ့ ပက်သက်ပြီး မှန်ကန်တဲ့ ဈေးနှုန်း ကမ်းလှမ်းခံရမယ်ဆိုရင် သူ့ရဲ့ ထွက်ခွာခွင့်ကို ခွင့်ပြုပေးသွားမှာဖြစ်တယ်။ ရှာကွီရီက ဒီရာသီမှာ ဒဏ်ရာပြဿနာတွေလည်း များနေပါတယ် ” လို့ သတင်းပေပးခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဂျူလိုင်မှာတော့ လီဗာပူးဟာ စတုတ်အသင်းကနေ ရှာကွီရီကို ပေါင် ၁၃.၅ သန်းပေးပြီး ခေါ်ယူခဲ့တာပါ။ သူ့ဟာ ယူနိုက်တက်ကနေ မော်ရင်ညို ထွက်ခွာသွားမှုမှာ အခရာ ကစားသမားဖြစ်ခဲ့သလို ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ရမှုမှာလည်း အရေးပါသူတစ်ဦး ဖြစ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား တစ္ဦးကိုေတာ့ ေသခ်ာေပါက္ ေရာင္းထုတ္မွာျဖစ္ေၾကာင္း သတင္းေထာက္ ဂ်ိမ္းပီရက္စ္က အတည္ျပဳပါတယ္။

မၾကာေသးခင္ကပဲ လိုဗရန္ကို ဆက္ထိန္းထားမွာျဖစ္ကာ သင့္ေလွ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကး မရဘူးဆိုရင္ ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ကို ၁၂ လ ဆက္ထိန္းဖို႔ကိုပဲ လီဗာပူးက ေရြးခ်ယ္မယ္လို႔ ဂ်ိမ္းပီရက္စ္က သတင္းေပးထားတာပါ။ ဒါ့အျပင္ လာမယ့္ရာသီမွာ လီဗာပူးအသင္းဟာ နီကိုး ဝီလီယမ္နဲ႔ ကာတစ္ဂ်ံဳးတို႔ကိုလည္း လံုးဝ အငွားေစလႊတ္မွာ မဟုတ္ပါဘူး။

ေႏြမွာေတာ့ လယ္လာနာ၊ ကလိုင္၊ လိုနာဂန္တို႔ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာသြားၾကမွာျဖစ္ျပီး သူတို႔ေနရာ တိုက္ရိုက္အစားထိုးမႈအျဖစ္ ကားတစ္ဂ်ံဳးနဲ႔ နီကိုးတို႔ကို အစားသြင္းမွာျဖစ္တယ္။ ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ကိုေတာ့ ေလ်ာ့ေစ်းနဲ႔ အသဲအသန္ေရာင္းဖို႔ လီဗာပူးဘက္က အလ်င္လိုျခင္းလည္း မရွိေသးပါဘူး။

သို႔ေပမယ့္ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ရထားရတဲ့ ရွာကီြရီကိုေတာ့ လာမယ့္ ႏွစ္ေတြမွာလည္း ေနရာေပးႏုိင္ဖို႔ မျဖစ္ႏုိင္တာေၾကာင့္ ေရာင္းထုတ္ဖို႔ကိုပဲ လီဗာပူးက စဥ္းစားမွာျဖစ္တယ္။ သူ႔ေနရာမွာ အစားဝင္ဖို႔ကလည္း မီနာမီႏိုကို ေခၚယူထားခဲ့ျပီျဖစ္ပါတယ္။

ပီရက္စ္က ေျပာရာမွာ ” ရွာကီြရီနဲ႔ ပက္သက္လို႔က ကစားသမားက ပံုမွန္ပြဲထြက္ခြင့္ကို ပိုလိုခ်င္ေနျပီး ဒါကို လီဗာပူးဘက္က လက္ခံပါတယ္။ ရွာကီြရီနဲ႔ ပက္သက္ျပီး မွန္ကန္တဲ့ ေစ်းႏႈန္း ကမ္းလွမ္းခံရမယ္ဆိုရင္ သူ႔ရဲ႕ ထြက္ခြာခြင့္ကို ခြင့္ျပဳေပးသြားမွာျဖစ္တယ္။ ရွာကီြရီက ဒီရာသီမွာ ဒဏ္ရာျပႆနာေတြလည္း မ်ားေနပါတယ္ ” လို႔ သတင္းေပပးခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ဂ်ဴလိုင္မွာေတာ့ လီဗာပူးဟာ စတုတ္အသင္းကေန ရွာကီြရီကို ေပါင္ ၁၃.၅ သန္းေပးျပီး ေခၚယူခဲ့တာပါ။ သူ႔ဟာ ယူႏုိက္တက္ကေန ေမာ္ရင္ညိဳ ထြက္ခြာသြားမႈမွာ အခရာ ကစားသမားျဖစ္ခဲ့သလို ဘာစီလိုနာကို ၄-၀ နဲ႔ အႏုိင္ရမႈမွာလည္း အေရးပါသူတစ္ဦး ျဖစ္ခဲ့ပါတယ္။