လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ ဒီနွေမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပြီး ကလပ်တွေက ကမ်းလှမ်းမှုတွေ မလုပ်သေးပါဘူး။ ဒါပေမယ့် အချိန်တွေ အများကြီးတော့ မကျန်ပါဘူး။

လိုက်ဇစ်နဲ့ ဝါနာကြား စာချုပ်အရ ဂျာမနီတိုက်စစ်သမားကို ဇွန်လ ၁၅ ရက်မတိုင်ခင်မှာ ယူရို ၅၅ သန်း (ပေါင် ၄၉ သန်း) ဖြင့် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ စာချုပ် နောက်ဆုံး ရောက်ဖို့က ၁၂ ရက်ပဲ ကျန်ပါတယ်။ လီဗာပူးအနေနဲ့ ခေါ်မလား မခေါ်ဘူးလားဆိုတာကို စဉ်းစားရမှာပါ။

လွန်ခဲ့တဲ့ ၁၂ လတုန်းက ဝါနာကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က ယူရို သန်း ၃၀ နဲ့ ကြိုးစားခဲ့တယ်။ ဝါနာဟာ ပြည်တွင်း ပြိုင်ဘက်ကို မပြောင်းလိုခြင်းကြောင့် လိုက်ဇစ်နဲ့ ၂၀၂၃ ခုနှစ်ထိရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့သလို စာချုပ်မှာတော့ ပြောင်းရွှေ့ကြေး ကန့်သတ်ချက်တွေကိုပါ ထည့်သွင်း ချုပ်ဆိုခဲ့တာပါ။

အင်္ဂလန်မီဒီယာတွေဖြစ်တဲ့ Sky Sports နဲ့ The Athletic ရဲ့ ဖော်ထုတ်မှုအရ လိုက်ဇစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဝါနာကို ခေါ်ယူဖို့ကို အချိန်မဆွဲအောင်အပြင် ရာသီကြို ပြင်ဆင်မှုကို အနှောက်အယှက် မဖြစ်အောင်အတွက် ရည်ရွယ်ပြီး ဇွန်လ ၁၅ ရက်ထိပဲ ကမ်းလှမ်းခွင့် ပေးပါတယ်။ ဇွန် ၁၅ နောက်ပိုင်းမှာနဲ့ ဇန်နဝါရီဈေးကွက်မှာ ရောင်းမရောင်းက လိုက်ဇစ်ရဲ့ သဘောဖြစ်တယ်။

ဝါနာရဲ့ စာချုပ်အရ ၂၀၂၀ နွေမှာ ခေါ်ယူလိုရင် ပေါင် ၄၉ သန်း၊ ၂၀၂၁ ခုနှစ် နွေမှာဆိုရင် ပေါင် ၃၂ သန်း၊ ၂၀၂၂ ခုနှစ် နွေမှာဆိုရင် ပေါင် ၂၁ သန်းဖြင့် ခေါ်ယူခွင့်ရှိပါမယ်။ ဝါနာကို ခေါ်ယူခွင့်တွေ အားလုံးက ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားရမှာဖြစ်တယ်။ ဝါနာကို လိုချင်ရင် နွေတစ်ခုတည်းမှာ ခေါ်ယူခွင့်ရှိပြီး ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း မည်သည့်ကြေးဖြင့် ခေါ်ယူခွင့်ဆိုတာမျိုး မပါဝင်ပါဘူး။

ZAWGYI

လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာဟာ ဒီေႏြမွာ အသင္းေျပာင္းဖို႔ ဆံုးျဖတ္ထားျပီး ကလပ္ေတြက ကမ္းလွမ္းမႈေတြ မလုပ္ေသးပါဘူး။ ဒါေပမယ့္ အခ်ိန္ေတြ အမ်ားၾကီးေတာ့ မက်န္ပါဘူး။

လိုက္ဇစ္နဲ႔ ဝါနာၾကား စာခ်ဳပ္အရ ဂ်ာမနီတိုက္စစ္သမားကို ဇြန္လ ၁၅ ရက္မတုိင္ခင္မွာ ယူရို ၅၅ သန္း (ေပါင္ ၄၉ သန္း) ျဖင့္ ေခၚယူႏုိင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ စာခ်ဳပ္ ေနာက္ဆံုး ေရာက္ဖို႔က ၁၂ ရက္ပဲ က်န္ပါတယ္။ လီဗာပူးအေနနဲ႔ ေခၚမလား မေခၚဘူးလားဆိုတာကို စဥ္းစားရမွာပါ။

လြန္ခဲ့တဲ့ ၁၂ လတုန္းက ဝါနာကို ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္က ယူရို သန္း ၃၀ နဲ႔ ၾကိဳးစားခဲ့တယ္။ ဝါနာဟာ ျပည္တြင္း ျပိဳင္ဘက္ကို မေျပာင္းလိုျခင္းေၾကာင့္ လိုက္ဇစ္နဲ႔ ၂၀၂၃ ခုႏွစ္ထိရွိမယ့္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့သလို စာခ်ဳပ္မွာေတာ့ ေျပာင္းေရႊ႔ေၾကး ကန္႔သတ္ခ်က္ေတြကိုပါ ထည့္သြင္း ခ်ဳပ္ဆိုခဲ့တာပါ။

အဂၤလန္မီဒီယာေတြျဖစ္တဲ့ Sky Sports နဲ႔ The Athletic ရဲ႔ ေဖာ္ထုတ္မႈအရ လုိက္ဇစ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ ဝါနာကို ေခၚယူဖို႔ကို အခ်ိန္မဆြဲေအာင္အျပင္ ရာသီၾကိဳ ျပင္ဆင္မႈကို အေႏွာက္အယွက္ မျဖစ္ေအာင္အတြက္ ရည္ရြယ္ျပီး ဇြန္လ ၁၅ ရက္ထိပဲ ကမ္းလွမ္းခြင့္ ေပးပါတယ္။ ဇြန္ ၁၅ ေနာက္ပိုင္းမွာနဲ႔ ဇန္နဝါရီေစ်းကြက္မွာ ေရာင္းမေရာင္းက လိုက္ဇစ္ရဲ႕ သေဘာျဖစ္တယ္။

ဝါနာရဲ႕ စာခ်ဳပ္အရ ၂၀၂၀ ေႏြမွာ ေခၚယူလိုရင္ ေပါင္ ၄၉ သန္း၊ ၂၀၂၁ ခုႏွစ္ ေႏြမွာဆိုရင္ ေပါင္ ၃၂ သန္း၊ ၂၀၂၂ ခုႏွစ္ ေႏြမွာဆိုရင္ ေပါင္ ၂၁ သန္းျဖင့္ ေခၚယူခြင့္ရွိပါမယ္။ ဝါနာကို ေခၚယူခြင့္ေတြ အားလံုးက ဇြန္လ ၁၅ ရက္ေန႔ ေနာက္ဆံုးထားရမွာျဖစ္တယ္။ ဝါနာကို လိုခ်င္ရင္ ေႏြတစ္ခုတည္းမွာ ေခၚယူခြင့္ရွိျပီး ဇန္နဝါရီ အေျပာင္းအေရႊ႔အတြင္း မည္သည့္ေၾကးျဖင့္ ေခၚယူခြင့္ဆိုတာမ်ိဳး မပါဝင္ပါဘူး။