လီဗာပူးမန်နေဂျာ ကလော့ပ် လက်အောက်မှာသာ ကစားသမားရမယ်ဆိုရင် အမ်ဘတ်ပီဟာ ဘုရင်တစ်ဆူလို တောက်ပသွားလိမ့်မယ်လို့ ပြင်သစ် ကစားသမားဟောင်းကြီး ဝီလီ ဆက်ညောက ပြောဆိုလိုက်ပါတယ်။

ပီအက်ဂျီတိုက်စစ်မှူးဟာ ပြင်သစ်ချန်ပီယံအသင်းမှာ အဓိက ကစားသမားအဖြစ် တောက်ပနေပေမယ့် လူငယ်တိုက်စစ်မှူးဟာ ကလော့ပ်နဲ့ဆိုရင် ပိုမို တောက်ပလိမ့်မယ်လို့ ဆက်ညောက သုံးသပ်လိုက်တာပါ။ ဘိုင်ယန်မြူးနစ်ကို ယာယီမန်နေဂျာအဖြစ်ပါ ကိုင်တွယ်ဖူးတဲ့ ဂန္တဝင် ကစားသမားက ကလော့ပ် လက်ထက်မှာဆိုရင် အခြားသော နည်းစနစ်ပိုင်းတွေ သင်ယူဖို့တော့ လိုမယ်လို့ ဆိုပါသေးတယ်။

ဆက်ညောက အမ်ဘတ်ပီဟာ အထောင်တိုက်စစ်သမားအဖြစ် ကစားသူဖြစ်ပေမယ့် ကလော့ပ်ရဲ့ နည်းစနစ်မျိုးမှာ အံဝင်ဖို့ဆိုရင် တိုက်စစ်စွမ်းရည်ထက် ခံစစ်ပိုင်း ကာကွယ်ပေးရတဲ့ အနေအထားတွေကို ပိုမို အာရုံစိုက်မယ်လို့ မြင်ပါတယ်။

ဆက်ညောက ” လီဗာပူးက တကယ်ကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရနေပါတယ်။ ကလော့ပ်လို မန်နေဂ၈ျာက ကမ္ဘာပေါ်က ကစားသမားတိုင်း အလုပ်တွဲလုပ်လိုတဲ့ မန်နေဂျာပါ။ အမ်ဘတ်ပီကလည်း ကလော့ပ် လက်အောက်မှာ ကစားလိုမှာပါ။ ကလော့ပ်က သူ့ရဲ့ တိုက်စစ်သမားတိုင်းကို ခံစစ်ပိုင်း တာဝန်တွေ ရယူခိုင်ထားပြီး အမ်ဘတ်ပီက အဲ့သည် ခံစစ်ပိုင်းတွေမှာ တိုးတက်ဖို့ လိုပါတယ်။

ခံစစ်ပိုင်တွေမှာ အမ်ဘတ်ပီက သင်ယူနိုင်ပါတယ်။ အထူးသဖြင့် ကလော့ပ်လို မန်နေဂျာရဲ့ လက်အောက်မှာပေါ့။ လီဗာပူးမှာ ကလော့ပ်နဲ့အတူ လက်တွဲရရင် အမ်ဘတ်ပီက ဘုရင်တစ်ဆူ ဖြစ်လာပါလိမ့်မယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်နဲ့ ဂိုးသမား အယ်လီဆန်တို့ဟာ အရည်အချင်း ရှိပေမယ့် ကလော့ပ် လက်အောက်မှာ ကမ္ဘာအဆင့်တွေ ရောက်လာခဲ့သူပါ။ အမ်ဘတ်ပီက လီဗာပူးမှာ ကလော့ပ်နဲ့ လက်တွဲခွင့်ရမယ်ဆိုရင်တော့ ဘလွန်းဒီအော့ဆုက သူ့အတွက် မခက်ခဲတဲ့ အောင်မြင်မှုများ ဖြစ်သွားမလား။ ဘယ်သူ သိနိုင်မှာတဲ့လဲ။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္ လက္ေအာက္မွာသာ ကစားသမားရမယ္ဆိုရင္ အမ္ဘတ္ပီဟာ ဘုရင္တစ္ဆူလို ေတာက္ပသြားလိမ့္မယ္လို႔ ျပင္သစ္ ကစားသမားေဟာင္းၾကီး ဝီလီ ဆက္ေညာက ေျပာဆိုလိုက္ပါတယ္။

ပီအက္ဂ်ီတိုက္စစ္မွဴးဟာ ျပင္သစ္ခ်န္ပီယံအသင္းမွာ အဓိက ကစားသမားအျဖစ္ ေတာက္ပေနေပမယ့္ လူငယ္တိုက္စစ္မွဴးဟာ ကေလာ့ပ္နဲ႔ဆိုရင္ ပိုမို ေတာက္ပလိမ့္မယ္လို႔ ဆက္ေညာက သံုးသပ္လိုက္တာပါ။ ဘိုင္ယန္ျမဴးနစ္ကို ယာယီမန္ေနဂ်ာအျဖစ္ပါ ကိုင္တြယ္ဖူးတဲ့ ဂႏၱဝင္ ကစားသမားက ကေလာ့ပ္ လက္ထက္မွာဆိုရင္ အျခားေသာ နညး္စနစ္ပိုင္းေတြ သင္ယူဖို႔ေတာ့ လိုမယ္လို႔ ဆိုပါေသးတယ္။

ဆက္ေညာက အမ္ဘတ္ပီဟာ အေထာင္တိုက္စစ္သမားအျဖစ္ ကစားသူျဖစ္ေပမယ့္ ကေလာ့ပ္ရဲ႕ နည္းစနစ္မ်ိဳးမွာ အံဝင္ဖို႔ဆိုရင္ တိုက္စစ္စြမ္းရည္ထက္ ခံစစ္ပိုင္း ကာကြယ္ေပးရတဲ့ အေနအထားေတြကို ပိုမို အာရံုစိုက္မယ္လို႔ ျမင္ပါတယ္။

ဆက္ေညာက ” လီဗာပူးက တကယ္ကို ၾကီးမားတဲ့ အက်ိဳးေက်းဇူးေတြ ရေနပါတယ္။ ကေလာ့ပ္လို မန္ေနဂ၈်ာက ကမၻာေပၚက ကစားသမားတိုင္း အလုပ္တြဲလုပ္လိုတဲ့ မန္ေနဂ်ာပါ။ အမ္ဘတ္ပီကလည္း ကေလာ့ပ္ လက္ေအာက္မွာ ကစားလိုမွာပါ။ ကေလာ့ပ္က သူ႔ရဲ႕ တိုက္စစ္သမားတိုင္းကို ခံစစ္ပိုင္း တာဝန္ေတြ ရယူခိုင္ထားျပီး အမ္ဘတ္ပီက အဲ့သည္ ခံစစ္ပိုင္းေတြမွာ တိုးတက္ဖို႔ လိုပါတယ္။

ခံစစ္ပိုင္ေတြမွာ အမ္ဘတ္ပီက သင္ယူႏုိင္ပါတယ္။ အထူးသျဖင့္ ကေလာ့ပ္လို မန္ေနဂ်ာရဲ႕ လက္ေအာက္မွာေပါ့။ လီဗာပူးမွာ ကေလာ့ပ္နဲ႔အတူ လက္တြဲရရင္ အမ္ဘတ္ပီက ဘုရင္တစ္ဆူ ျဖစ္လာပါလိမ့္မယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္နဲ႔ ဂိုးသမား အယ္လီဆန္တို႔ဟာ အရည္အခ်င္း ရွိေပမယ့္ ကေလာ့ပ္ လက္ေအာက္မွာ ကမၻာအဆင့္ေတြ ေရာက္လာခဲ့သူပါ။ အမ္ဘတ္ပီက လီဗာပူးမွာ ကေလာ့ပ္နဲ႔ လက္တြဲခြင့္ရမယ္ဆိုရင္ေတာ့ ဘလြန္းဒီေအာ့ဆုက သူ႔အတြက္ မခက္ခဲတဲ့ ေအာင္ျမင္မႈမ်ား ျဖစ္သြားမလား။ ဘယ္သူ သိႏုိင္မွာတဲ့လဲ။