ကာရေဂါက လက်ရှိ အာဆင်နယ်အသင်းဟာ အတိတ်တုန်းက မအောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ အနေအထားလိုပါပဲလို့ သုံးသပ်မှုတစ်ခု လုပ်သွားခဲ့ပါတယ်။

ကာရေဂါက ” အာဆင်နယ်က စိတ်ဝင်စားဖို့ ကောင်းတဲ့အသင်းပါ။ ကျနော် လီဗာပူးအသင်းမှာ ကစားတဲ့ နောက်ဆုံးနှစ်တွေ ချန်ပီယံလိဂ်ဝင်ခွင့် ဆက်တိုက် ဆုံးရံှူးသလိုပဲ လက်ရှိ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ကို နှစ်တိုင်း လွဲနေပါတယ်။

ဘယ်ကစားသမားကိုမှ အလွတ်နဲ့ ထွက်ခွင့်မပေးဘူးဆိုတဲ့ စည်းမျဉ်းကို ချဖို့ သူတို့ လုပ်နေတာက ကောင်းပါတယ်။ နောက်ရာသီမှာ အလွတ်နဲ့ ထွက်ခွင့်ပေးရမယ်ဆိုရင်တောင် အူဘာမီယန်ကို ဆက်ထိန်းတာက သူတို့အသင်းကို ချန်ပီယံလိဂ်ခွင့်အတွက် အခွင့်အရေး ပိုရစေမလားဆိုတာက စဉ်းစားပေါ့။

အာဆင်နယ်အတွက် ကစားပေးဖို့ဆိုရင် အူဘာမီယန်က ကောင်းလွန်းနေတာပါတယ်။ လီဗာပူးကလည်း ဆွာရက်စ်တုန်းက အဲ့လို အနေအထား ဖြစ်ခဲ့ပါတယ်။ ဆွာရက်စ်နဲ့အတူ အသင်းကို တည်ဆောက်လိုခဲ့ပေမယ့် သူထွက်သွားတော့ အားလုံး အစကနေ ပြန်လည် တည်ဆောက်ခဲ့ရတာပါပဲ။

ရွှေဖိနပ်ဆုတွေကို စိန်ခေါ်နိုင်စွမ်းရှိတ့ တိုက်စစ်သမားတွေကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သူတို့ကို ချန်ပီယံလိဂ်ဝင်ခွင့် အမြဲတမ်း ရနေဖို့ ကလပ်တွေက အခွင့်အရေး ပေးနိုင်ဖို့ လိုကို လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၃ နွေမှာတုန်းက ချန်ပီယံလိဂ်မဝင်တဲ့ လီဗာပူးအသင်းမှ တိုက်စစ်မှူး ဆွာရက်စ်ကို အာဆင်နယ်က ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ လီဗာပူးဘက်က စာချုပ်ပါ ပေါင် သန်း ၄၀ ထက် ပိုပေးမှ ခေါ်ယူခွင့်ပေးမယ်လို့ အကြောင်းပြန်ခဲ့ရာမှာ ကပ်စေးနဲတဲ့ အာဆင်ဝင်းဂါးက ပေါင် သန်း ၄၀ နဲ့ နောက်ထပ် ၁ ပေါင်ကို ကမ်းလှမ်းမှု လုပ်ခဲ့တာဖြစ်တယ်။

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ဒေါသထွက်ခဲ့တဲ့ လီဗာပူးက ဆွာရက်စ်ကို ဆက်ထိန်းဖို့ အစွမ်းကုန် ကြိုးစားခဲ့သလို နောက်ပိုင်း ဖာမင်နိုကို ခေါ်ယူပြီး စာချုပ်တွေ ချုပ်စဉ်မှာလည်း အာဆင်နယ်က လွဲရင် ကြိုက်တဲ့အသင်းကို ယူရို ၉၈ သန်းနဲ့ ပြောင်းခွင့်ရှိကြောင်း သဘောတူညီချက်ပါ ထည့်သွင်း ချုပ်ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ကာေရဂါက လက္ရွိ အာဆင္နယ္အသင္းဟာ အတိတ္တုန္းက မေအာင္ျမင္ခဲ့တဲ့ လီဗာပူးအသင္းရဲ႕ အေနအထားလိုပါပဲလို႔ သံုးသပ္မႈတစ္ခု လုပ္သြားခဲ့ပါတယ္။

ကာေရဂါက ” အာဆင္နယ္က စိတ္ဝင္စားဖို႔ ေကာင္းတဲ့အသင္းပါ။ က်ေနာ္ လီဗာပူးအသင္းမွာ ကစားတဲ့ ေနာက္ဆံုးႏွစ္ေတြ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆက္တိုက္ ဆံုးရံွဴးသလိုပဲ လက္ရွိ အာဆင္နယ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ႏွစ္တုိင္း လြဲေနပါတယ္။

ဘယ္ကစားသမားကိုမွ အလြတ္နဲ႔ ထြက္ခြင့္မေပးဘူးဆိုတဲ့ စည္းမ်ဥ္းကို ခ်ဖို႔ သူတို႔ လုပ္ေနတာက ေကာင္းပါတယ္။ ေနာက္ရာသီမွာ အလြတ္နဲ႔ ထြက္ခြင့္ေပးရမယ္ဆိုရင္ေတာင္ အူဘာမီယန္ကို ဆက္ထိန္းတာက သူတို႔အသင္းကို ခ်န္ပီယံလိဂ္ခြင့္အတြက္ အခြင့္အေရး ပိုရေစမလားဆိုတာက စဥ္းစားေပါ့။

အာဆင္နယ္အတြက္ ကစားေပးဖို႔ဆိုရင္ အူဘာမီယန္က ေကာင္းလြန္းေနတာပါတယ္။ လီဗာပူးကလည္း ဆြာရက္စ္တုန္းက အဲ့လို အေနအထား ျဖစ္ခဲ့ပါတယ္။ ဆြာရက္စ္နဲ႔အတူ အသင္းကို တည္ေဆာက္လိုခဲ့ေပမယ့္ သူထြက္သြားေတာ့ အားလံုး အစကေန ျပန္လည္ တည္ေဆာက္ခဲ့ရတာပါပဲ။

ေရႊဖိနပ္ဆုေတြကို စိန္ေခၚႏုိင္စြမ္းရွိတ့ တိုက္စစ္သမားေတြကို ပိုင္ဆိုင္ထားျပီဆိုရင္ေတာ့ သူတို႔ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ အျမဲတမ္း ရေနဖို႔ ကလပ္ေတြက အခြင့္အေရး ေပးႏုိင္ဖို႔ လိုကို လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

၂၀၁၃ ေႏြမွာတုန္းက ခ်န္ပီယံလိဂ္မဝင္တဲ့ လီဗာပူးအသင္းမွ တိုက္စစ္မွဴး ဆြာရက္စ္ကို အာဆင္နယ္က ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။ လီဗာပူးဘက္က စာခ်ဳပ္ပါ ေပါင္ သန္း ၄၀ ထက္ ပိုေပးမွ ေခၚယူခြင့္ေပးမယ္လို႔ အေၾကာင္းျပန္ခဲ့ရာမွာ ကပ္ေစးနဲတဲ့ အာဆင္ဝင္းဂါးက ေပါင္ သန္း ၄၀ နဲ႔ ေနာက္ထပ္ ၁ ေပါင္ကို ကမ္းလွမ္းမႈ လုပ္ခဲ့တာျဖစ္တယ္။

အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈကို ေဒါသထြက္ခဲ့တဲ့ လီဗာပူးက ဆြာရက္စ္ကို ဆက္ထိန္းဖို႔ အစြမ္းကုန္ ၾကိဳးစားခဲ့သလို ေနာက္ပိုင္း ဖာမင္ႏိုကို ေခၚယူျပီး စာခ်ဳပ္ေတြ ခ်ဳပ္စဥ္မွာလည္း အာဆင္နယ္က လြဲရင္ ၾကိဳက္တဲ့အသင္းကို ယူရို ၉၈ သန္းနဲ႔ ေျပာင္းခြင့္ရွိေၾကာင္း သေဘာတူညီခ်က္ပါ ထည့္သြင္း ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္။