လီဗာပူးမန်နေဂျာ ကလော့ပ် လက်အောက်မှာသာ ကစားသမားရမယ်ဆိုရင် အမ်ဘတ်ပီဟာ ဘုရင်တစ်ဆူလို တောက်ပသွားလိမ့်မယ်လို့ ပြင်သစ် ကစားသမားဟောင်းကြီး ဝီလီ ဆက်ညောက ပြောဆိုလိုက်ပါတယ်။

လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ ဒီနွေမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပြီး ကလပ်တွေက ကမ်းလှမ်းမှုတွေ မလုပ်သေးပါဘူး။ လိုက်ဇစ်နဲ့ ဝါနာကြား စာချုပ်အရ ဇွန်လ ၁၅ ရက်မတိုင်ခင်မှာ ယူရို ၅၅ သန်း (ပေါင် ၄၉ သန်း) ဖြင့် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ရထားရတဲ့ ရှာကွီရီကို သေချာပေါက် ရောင်းထုတ်မှာဖြစ်ကြောင်း သတင်းထောက် ဂျိမ်းပီရက်စ်က အတည်ပြုပါတယ်။

လီဗာပူးက ၂၂ နှစ်အရွယ် တိုက်စစ်သမား အယ်ဂျာရီယာကို အပြီးသတ် ရောင်းထုတ်ဖို့ စကားပြောနေပြီး ပြောင်းရွှေ့ကြေးအဖြစ် ကနဦး ပေါင် ၃ သန်းဖြစ်ပြီး အနာဂတ်မှာ စွမ်းဆောင်ရည်အရ ပေါင် ၅ သိန်း ယူဖို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီလအကုန်မှာ အငှားစာချုပ်တွေကုန်မယ့် ကစားသမား ၉ ဦးအတွက် ကလပ် ၉ သင်းနဲ့ ညိနှိုင်းစကားပြောမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့အခါ စွမ်းဆောင်ရည် အကောင်းဆုံးအသင်းအဖြစ် ပေါင် ၂၄.၅ သန်းထိ ရုပ်သံကြေး ပြန်သွင်းရမှာဖြစ်ပြီး ဒါက ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ အမြင့်ဆုံး ဖြစ်ပါတယ်။

မန်နေဂျာ ကလော့ပ်က ပုံမှန် လူနေမှု ဘဝတွေအဖြစ် အသင်းသားတိုင်းဟာ အစားအစာလို ကိစ္စတွေ ဓါတ်ဆီဆိုင်သွားရတာတွေ အသုံးအဆောင် ဝယ်ရတာတွေလို လူအများနဲ့ ထိတွေ့ရမယ် ကိစ္စတွေ ရှိတာကို နားလည်ထားပြီး အဲ့လို လုပ်ငန်းစဉ်တွေမှာ လီဗာပူးအသင်း ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေတိုင်း mask တပ်ကို တပ်ရမယ်လို့ တားမြစ်ထားပါတယ်။

ဘောလုံးပွဲတွေ ပြန်လည် စတင်တဲ့အခါ VAR ကို မသုံးဖို့ ရွေးချယ်ခွင့် ရှိပေမယ့် ပရီးမီးယားလိဂ်ကတော့ တစ်ရာသီလုံး အနေအထားမှာ သုံးလိုက် မသုံးလိုက်လုပ်ခြင်းက မမျှတဘူးလို့ ယုံကြည်တာကြောင့် လက်ကျန် ရာသီမှာလည်း ဆက်သုံးသွားပါမယ်။

ကာရေဂါက လက်ရှိ အာဆင်နယ်အသင်းဟာ အတိတ်တုန်းက မအောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ အနေအထားလိုပါပဲဖြစ်ကာ ဆွာရက်စ်ကို လီဗာပူး လက်လွတ်ရသလို အနေအထားမဖြစ်ဖို့ အူဘာမီယန်ကို ဆက်ထိန်းရေးအား သေချာ စဉ်းစားသင့်တယ်လို့ သုံးသပ်မှုတစ်ခု လုပ်သွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္ လက္ေအာက္မွာသာ ကစားသမားရမယ္ဆိုရင္ အမ္ဘတ္ပီဟာ ဘုရင္တစ္ဆူလို ေတာက္ပသြားလိမ့္မယ္လို႔ ျပင္သစ္ ကစားသမားေဟာင္းၾကီး ဝီလီ ဆက္ေညာက ေျပာဆိုလိုက္ပါတယ္။

လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာဟာ ဒီေႏြမွာ အသင္းေျပာင္းဖို႔ ဆံုးျဖတ္ထားျပီး ကလပ္ေတြက ကမ္းလွမ္းမႈေတြ မလုပ္ေသးပါဘူး။ လိုက္ဇစ္နဲ႔ ဝါနာၾကား စာခ်ဳပ္အရ ဇြန္လ ၁၅ ရက္မတုိင္ခင္မွာ ယူရို ၅၅ သန္း (ေပါင္ ၄၉ သန္း) ျဖင့္ ေခၚယူႏုိင္မွာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ရထားရတဲ့ ရွာကီြရီကို ေသခ်ာေပါက္ ေရာင္းထုတ္မွာျဖစ္ေၾကာင္း သတင္းေထာက္ ဂ်ိမ္းပီရက္စ္က အတည္ျပဳပါတယ္။

လီဗာပူးက ၂၂ ႏွစ္အရြယ္ တိုက္စစ္သမား အယ္ဂ်ာရီယာကို အျပီးသတ္ ေရာင္းထုတ္ဖို႔ စကားေျပာေနျပီး ေျပာင္းေရႊ႔ေၾကးအျဖစ္ ကနဦး ေပါင္ ၃ သန္းျဖစ္ျပီး အနာဂတ္မွာ စြမ္းေဆာင္ရည္အရ ေပါင္ ၅ သိန္း ယူဖို႔ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒီလအကုန္မွာ အငွားစာခ်ဳပ္ေတြကုန္မယ့္ ကစားသမား ၉ ဦးအတြက္ ကလပ္ ၉ သင္းနဲ႔ ညိႏိႈင္းစကားေျပာမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့အခါ စြမ္းေဆာင္ရည္ အေကာင္းဆံုးအသင္းအျဖစ္ ေပါင္ ၂၄.၅ သန္းထိ ရုပ္သံေၾကး ျပန္သြင္းရမွာျဖစ္ျပီး ဒါက ပရီးမီးယားလိဂ္ အသင္း ၂၀ ထဲမွာ အျမင့္ဆံုး ျဖစ္ပါတယ္။

မန္ေနဂ်ာ ကေလာ့ပ္က ပံုမွန္ လူေနမႈ ဘဝေတြအျဖစ္ အသင္းသားတိုင္းဟာ အစားအစာလို ကိစၥေတြ ဓါတ္ဆီဆိုင္သြားရတာေတြ အသံုးအေဆာင္ ဝယ္ရတာေတြလို လူအမ်ားနဲ႔ ထိေတြ႔ရမယ္ ကိစၥေတြ ရွိတာကို နားလည္ထားျပီး အဲ့လို လုပ္ငန္းစဥ္ေတြမွာ လီဗာပူးအသင္း ကစားသမားနဲ႔ နည္းျပအဖြဲ႔ဝင္ေတြတိုင္း mask တပ္ကို တပ္ရမယ္လို႔ တားျမစ္ထားပါတယ္။

ေဘာလံုးပြဲေတြ ျပန္လည္ စတင္တဲ့အခါ VAR ကို မသံုးဖို႔ ေရြးခ်ယ္ခြင့္ ရွိေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ တစ္ရာသီလံုး အေနအထားမွာ သံုးလိုက္ မသံုးလိုက္လုပ္ျခင္းက မမွ်တဘူးလို႔ ယံုၾကည္တာေၾကာင့္ လက္က်န္ ရာသီမွာလည္း ဆက္သံုးသြားပါမယ္။

ကာေရဂါက လက္ရွိ အာဆင္နယ္အသင္းဟာ အတိတ္တုန္းက မေအာင္ျမင္ခဲ့တဲ့ လီဗာပူးအသင္းရဲ႕ အေနအထားလိုပါပဲျဖစ္ကာ ဆြာရက္စ္ကို လီဗာပူး လက္လြတ္ရသလို အေနအထားမျဖစ္ဖို႔ အူဘာမီယန္ကို ဆက္ထိန္းေရးအား ေသခ်ာ စဥ္းစားသင့္တယ္လို႔ သံုးသပ္မႈတစ္ခု လုပ္သြားခဲ့ပါတယ္။