လီဗာပူးဂန္တဝင်ကြီးဖြစ်တဲ့ ကာရေဂါဟာ ဘီဘာအိုအသင်းက နှစ်စဉ် ပေးအပ်တဲ့ ‘One Club Man’ ဆုကို ဒီနှစ်အတွက် ရရှိဖို့ နေရာကောင်းမှာ ရှိနေပါတယ်။
ဘီဘာအိုဟာ ကလပ်အသင်း တစ်သင်းတည်းမှာပဲ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ပြီး အဆိုပါ အသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးတဲ့ ကစားသမားတွေကို ‘One Club Man’ ဆု ပေးလေ့ရှိတာပါ။ ဒီအစဉ်အလာကိုတော့ ဘီဘာအိုဟာ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဘီဘာအိုအသင်းဟာ ၎င်းတို့အသင်းရဲ့ အစဉ်အလာအရ သူတို့ ဒေသက ကစားသမားတွေကိုပဲ ခေါ်ယူလေ့ရှိသလို လေ့ကျင့်ပေးခြင်းဖြင့် လာလီဂါမှာ ဝင်ရောက် ပြိုင်ဆိုင်လေ့ရှိတယ်။ ဒါကြောင့် ကလပ်တစ်ခုတည်းမှာ ကစားခဲ့တဲ့ သူတို့ရဲ့ ကစားသမားဟောင်းတွေကို ဂုဏ်ပြုလိုခြင်းကနေ ဒီဆုကို ပေးဖို့ ဖြစ်လာခဲ့တာဖြစ်တယ်။
၂၀၁၅ ခုနှစ်မှာ ဒီဆုကို စတင်ပေးခဲ့စဉ်က ဆောက်သမ်တန်အတွက် ၁၇ ရာသီ ကစားပေးခဲ့တဲ့ Matthew Le Tissier က ရရှိခဲ့ပါတယ်။ ဆက်ပြီးလည်း မာဒီနီ၊ ပူယိုးတို့ကလည်း ဒီဆုကို ရရှိခဲ့ပြီး ၂၀၂၀ မှာတော့ ရွိုင်ယန်ဂစ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆုရဖူးသူတိုင်းက အနည်းဆုံး ဆယ်စုနှစ်တစ်ခုကြာ ကလပ်အသင်းမှာ မြုပ်နှံ ကစားခဲ့သူတွေဖြစ်တယ်။
ကာရေဂါဟာ ကစားသမားဘဝကို လီဗာပူးမှာ စခဲ့ပြီး လီဗာပူးမှာပဲ အဆုံးသတ်ခဲ့ကာ ၁၇ ရာသီအတွင်း ၇၃၇ ပွဲ ကစားခဲ့ပါတယ်။ သူဟာ လီဗာပူးသမိုင်းမှာ ပွဲထွက်အများဆုံးဖြစ်သူ အိုင်ရန် ကာလေဂန် ရဲ့ ၈၅၇ ပွဲနောက် ဒုတိယအများဆုံး ဖြစ်သလို စတီဗင်ဂျရတ်တောင်မှ တတိယအများဆုံးအဖြစ် ၇၁၀ ပွဲ ကစားထားနိုင်တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးဂႏၱဝင္ၾကီးျဖစ္တဲ့ ကာေရဂါဟာ ဘီဘာအိုအသင္းက ႏွစ္စဥ္ ေပးအပ္တဲ့ ‘One Club Man’ ဆုကို ဒီႏွစ္အတြက္ ရရွိဖို႔ ေနရာေကာင္းမွာ ရွိေနပါတယ္။
ဘီဘာအိုဟာ ကလပ္အသင္း တစ္သင္းတည္းမွာပဲ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ စတင္ျပီး အဆိုပါ အသင္းမွာပဲ ကစားသမားဘဝ ကုန္ဆံုးတဲ့ ကစားသမားေတြကို ‘One Club Man’ ဆု ေပးေလ့ရွိတာပါ။ ဒီအစဥ္အလာကိုေတာ့ ဘီဘာအိုဟာ ၂၀၁၅ ခုႏွစ္မွာ စတင္ခဲ့တာ ျဖစ္ပါတယ္။
ဘီဘာအိုအသင္းဟာ ၄င္းတို႔အသင္းရဲ႕ အစဥ္အလာအရ သူတို႔ ေဒသက ကစားသမားေတြကိုပဲ ေခၚယူေလ့ရွိသလို ေလ့က်င့္ေပးျခင္းျဖင့္ လာလီဂါမွာ ဝင္ေရာက္ ျပိဳင္ဆိုင္ေလ့ရွိတယ္။ ဒါေၾကာင့္ ကလပ္တစ္ခုတည္းမွာ ကစားခဲ့တဲ့ သူတို႔ရဲ႕ ကစားသမားေဟာင္းေတြကို ဂုဏ္ျပဳလိုျခင္းကေန ဒီဆုကို ေပးဖို႔ ျဖစ္လာခဲ့တာျဖစ္တယ္။
၂၀၁၅ ခုႏွစ္မွာ ဒီဆုကို စတင္ေပးခဲ့စဥ္က ေဆာက္သမ္တန္အတြက္ ၁၇ ရာသီ ကစားေပးခဲ့တဲ့ Matthew Le Tissier က ရရွိခဲ့ပါတယ္။ ဆက္ျပီးလည္း မာဒီနီ၊ ပူယိုးတို႔ကလည္း ဒီဆုကို ရရွိခဲ့ျပီး ၂၀၂၀ မွာေတာ့ ရိြဳင္ယန္ဂစ္က အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။ ဆုရဖူးသူတိုင္းက အနည္းဆံုး ဆယ္စုႏွစ္တစ္ခုၾကာ ကလပ္အသင္းမွာ ျမဳပ္ႏွံ ကစားခဲ့သူေတြျဖစ္တယ္။
ကာေရဂါဟာ ကစားသမားဘဝကို လီဗာပူးမွာ စခဲ့ျပီး လီဗာပူးမွာပဲ အဆံုးသတ္ခဲ့ကာ ၁၇ ရာသီအတြင္း ၇၃၇ ပြဲ ကစားခဲ့ပါတယ္။ သူဟာ လီဗာပူးသမိုင္းမွာ ပြဲထြက္အမ်ားဆံုးျဖစ္သူ အိုင္ရန္ ကာေလဂန္ ရဲ႕ ၈၅၇ ပြဲေနာက္ ဒုတိယအမ်ားဆံုး ျဖစ္သလို စတီဗင္ဂ်ရတ္ေတာင္မွ တတိယအမ်ားဆံုးအျဖစ္ ၇၁၀ ပြဲ ကစားထားႏုိင္တာ ျဖစ္ပါတယ္။