ဆောက်သမ်တန်အသင်းက နွေတုန်းကမှ စတန်းဒက်လိဂ်ကနေ ခေါ်ယူထားတဲ့ တောင်ပံသမား ဒီဂျီနီပိုက သူဟာ အနာဂတ်မှာ ဆာဒီယို မာနေး လက်သစ်တစ်ဦး ဖြစ်လာစေရမယ်လို့ ကြွေးကြော်လိုက်ပါတယ်။
စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး သွင်းဂိုး ဆုရှင် ဒီဂျီနီပိုကို ဆောက်သမ်တန်က ပေါင် ၁၄ သန်းနဲ့ ခေါ်ယူထားတာပါ။ အာဖရိကကစားသမား ဒီဂျီနီပိုအတွက်တော့ မာနေးဟာ စံနမူနာ ကစားသမားဖြစ်သလို အတူယူဖို့ရာ သိပ်ကောင်းတဲ့ ကစားသမားဖြစ်ကြောင်း သူကိုယ်တိုင်က ဝန်ခံပါတယ်။
ဒီဂျီနီပိုက ” ဆာဒီယိုမာနေးက ကျနော်အပေါ် လွှမ်းမိုးမှု အရမ်းကြီးပါတယ်။ သူ့ကို အရမ်းကြိုက်တယ်၊ သူက ကစားသမားကောင်းကြီးပါ။ ဒါပေမယ့် ကျနော် ကြိုးစားမယ်ဆိုရင် သူ့ထက် ပိုကောင်းနိုင်တယ်လို့ ထင်တယ်။ ဆာဒီက ကစားသမားကောင်းကြီးဖြစ်ပြီး ကျနော်က ငယ်သေးတယ် ပိုပြီး သင်ယူနိုင်ပါတယ်။
အနာဂတ်မှာတော့ မြင်ကြရပါလိမ့်မယ်။ နောက်ထပ် ဆာဒီယို မာနေး ဖြစ်လာဖို့ ကျနော် အစွမ်းကုန် ကြိုးစားမှာပါ။
ဒန်နီအင့်ကလည်း ကျနော်ကို အရမ်းကို လုံ့ဆော်မှု ပေးနိုင်ပါတယ်။ ကျနော်လို လူငယ်ကစားသမား တစ်ဦးအတွက် ဒန်နီလို ကစားသမားကြီးက ကိုယ်ဘေးမှာ ရှိနေတာက အရမ်းကောင်းပါတယ်။ အဲ့တာက အရမ်းကို အဓိပ္ပာယ်ရှိပါတယ်။
ဒန်နီက အရမ်း အရမ်းကောင်းတဲ့ ကစားသမားပါ။ လေ့ကျင့်ရေးမှာ အကြံကောင်းတွေ အများကြီး ပေးသလို အတူတကွလည်း လေ့ကျင့်ကြတယ်။ ကျနော်က သူ့ကို ပြင်သစ်စကားပြောလည်း ကောင်းကောင်းသင်ပေးနိုင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။
မာနေးလမ်းစဉ်အတိုင်း တောက်ပလာဖို့ မျှော်လင့်ထားတဲ့ ဒီဂျီနီပိုက အနာဂတ်မှာ မာနေးလို့ လီဗာပူးကစားသမား ဖြစ်လာဖို့ မျှော်လင့်နေမလားဆိုတာက သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ZAWGYI
ေဆာက္သမ္တန္အသင္းက ေႏြတုန္းကမွ စတန္းဒက္လိဂ္ကေန ေခၚယူထားတဲ့ ေတာင္ပံသမား ဒီဂ်ီနီပိုက သူဟာ အနာဂတ္မွာ ဆာဒီယို မာေနး လက္သစ္တစ္ဦး ျဖစ္လာေစရမယ္လို႔ ေၾကြးေၾကာ္လိုက္ပါတယ္။
စက္တင္ဘာလရဲ႕ ပရီးမီးယားလိဂ္ အေကာင္းဆံုး သြင္းဂိုး ဆုရွင္ ဒီဂ်ီနီပိုကို ေဆာက္သမ္တန္က ေပါင္ ၁၄ သန္းနဲ႔ ေခၚယူထားတာပါ။ အာဖရိကကစားသမား ဒီဂ်ီနီပိုအတြက္ေတာ့ မာေနးဟာ စံနမူနာ ကစားသမားျဖစ္သလို အတူယူဖို႔ရာ သိပ္ေကာင္းတဲ့ ကစားသမားျဖစ္ေၾကာင္း သူကိုယ္တိုင္က ဝန္ခံပါတယ္။
ဒီဂ်ီနီပိုက ” ဆာဒီယိုမာေနးက က်ေနာ္အေပၚ လႊမ္းမိုးမႈ အရမ္းၾကီးပါတယ္။ သူ႔ကို အရမ္းၾကိဳက္တယ္၊ သူက ကစားသမားေကာင္းၾကီးပါ။ ဒါေပမယ့္ က်ေနာ္ ၾကိဳးစားမယ္ဆိုရင္ သူ႔ထက္ ပိုေကာင္းႏုိင္တယ္လို႔ ထင္တယ္။ ဆာဒီက ကစားသမားေကာင္းၾကီးျဖစ္ျပီး က်ေနာ္က ငယ္ေသးတယ္ ပိုျပီး သင္ယူႏုိင္ပါတယ္။
အနာဂတ္မွာေတာ့ ျမင္ၾကရပါလိမ့္မယ္။ ေနာက္ထပ္ ဆာဒီယို မာေနး ျဖစ္လာဖို႔ က်ေနာ္ အစြမ္းကုန္ ၾကိဳးစားမွာပါ။
ဒန္နီအင့္ကလည္း က်ေနာ္ကို အရမ္းကို လံု႔ေဆာ္မႈ ေပးႏုိင္ပါတယ္။ က်ေနာ္လို လူငယ္ကစားသမား တစ္ဦးအတြက္ ဒန္နီလို ကစားသမားၾကီးက ကိုယ္ေဘးမွာ ရွိေနတာက အရမ္းေကာင္းပါတယ္။ အဲ့တာက အရမ္းကို အဓိပၸာယ္ရွိပါတယ္။
ဒန္နီက အရမ္း အရမ္းေကာင္းတဲ့ ကစားသမားပါ။ ေလ့က်င့္ေရးမွာ အၾကံေကာင္းေတြ အမ်ားၾကီး ေပးသလို အတူတကြလည္း ေလ့က်င့္ၾကတယ္။ က်ေနာ္က သူ႔ကို ျပင္သစ္စကားေျပာလည္း ေကာင္းေကာင္းသင္ေပးႏုိုင္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။
မာေနးလမ္းစဥ္အတိုင္း ေတာက္ပလာဖို႔ ေမွ်ာ္လင့္ထားတဲ့ ဒီဂ်ီနီပိုက အနာဂတ္မွာ မာေနးလို႔ လီဗာပူးကစားသမား ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနမလားဆိုတာက သူကိုယ္တိုင္ပဲ သိပါလိမ့္မယ္။