ဒီရာသီကုန်ရင် ချဲလ်ဆီးအသင်းက ထွက်ခွာတော့မယ့် ဂယ်ရီ ကာဟေးလ်ကို အသင်းဖော်ဟောင်းဖြစ်တဲ့ မိုရာတာက ဆုတောင်းပေးခဲ့ရာမှာတော့ ကစားသမားဘ၀က အနားယူပြီးအမှတ်နဲ့ ဆုတောင်းပေးခဲ့လို့ ရယ်စရာ ဖြစ်ခဲ့ရပါတယ်။

ချယ်ဆီးအသင်းမှ အသက် ၃၂ နှစ်အရွယ် ပြင်သစ်သား တိုက်စစ်မှူး ဂျီရူးကို မွေးရပ်မြေသို့ ပြန်လာနိုင်ဖို့ ဘောဒိုးကလပ်က လိုက်လ့ချိတ်ဆက် နေပါတယ်။ စတန်းဖို့ ဘရစ်ခ်ျမှာ ကစားခွင့်နည်းနေတာကြောင့် စိတ်ပျက်နေတဲ့ ဂျီရူးက အသင်းပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ဖို့အတွက် ကလပ်အသင်းထံ ပြောင်းရွှေ့ခွင့် စာ တင်ဖို့ အသင့် ပြင်နေပါတယ်။ ဘယ်လ်ဂျီယံသားကို ရီးရဲလ်က အသေအချာ ချိတ်ဆက်ထားပြီး လာမယ့်နွေမှာ ပြောင်းရွှေ့ နိုင်ဖို့ သေချာအောင် ကြိုးစားနေတာပါ။

ဟာဇက်အတွက် ရီးရဲလ်ရဲ့ စတင်ကမ်းလှမ်းမှုများကို ချယ်ဆီးက ပယ်ချထားပြီး ကစားသမားဘက်ကလည်း အသင်းထံ ပြောင်းေ်ရွှ့ခွင့်တင်ဖို့ ပြင်ဆင်နေပါတယ်။

အေဂျက် တိုက်စစ်သမား ဒေးဗစ်နီရက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ချယ်ဆီး အပြင် လီဗာပူးလည်း ပါဝင်လာပါတယ်။ ထူးချွန်တဲ့ တောင်ပံတိုက်စစ်သမားကို ခေါ်ဖို့ အာဆင်နယ်၊ ရီးရဲလ်တို့ကလည်း စိတ်ဝင်စားနေဆဲပါ။

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေက ၄င်းဒဏ်ရာ အတွက် ဆာရီကို အပြစ်တင်ရမှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ၄င်းဟာ ချယ်ဆီး ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်ရင်တော့ ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။

ချယ်ဆီးနည်းပြဟောင်း ကွန်တီဟာ အဓိကဆုဖလားတွေစိန်ခေါ်နိုင်တဲ့ ပိုကောင်းတဲ့အသင်းကို ရှာဖွေဖို့ ရိုးမားရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီးနောက် စီးရီးအေကလပ်က လက်ရှိ ချယ်ဆီးနည်းပြ ဆာရီကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။