ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီ နဗီးက ဒီရာသီမှာ လီဗာပူးက မန်စီးတီးကို ရမှတ်တွေ အများကြီး ဖြတ်ထားနိုင်ပေမယ့် နှစ်သင်းဟာ လာမယ့်ရာသီမှာတော့ အမှတ်ပေးဖလားကို အပြိုင် ပြန်ဖြစ်လာမယ်လို့ ပြောဆိုပါတယ်။

မနှစ်တုန်းကတော့ လီဗာပူးနဲ့ မန်စီးတီးတို့က စွမ်းဆောင်ရည် ညီခဲ့ပြီး မန်စီးတီးက တစ်မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ ဒီရာသီမှာတော့ လီဗာပူးက မန်စီးတီးကို ပြတ်ပြတ်သားသား ကျော်တက်နိုင်ခဲ့တာဖြစ်တယ်။ လာမယ့် ရာသီ အမှတ်ပေးဖလားကိုလည်း ဒီနှစ်သင်းကပဲ အဓိက စိန်ခေါ်မယ်လို့ နဗီး မြင်ပါတယ်။

ဂယ်ရီနဗီးက ” နှစ်သင်းက အမှတ်ပေးဇယားမှာ ခြားနားမှု သိပ်ကြီးနေတာကို ကျနေ်ာတို့ သိကြတယ်။ ဒါပေမယ့် နှစ်သင်းက အမြဲတမ်း အဲ့လို ခြားနားနေလိမ့်မယ်လို့တော့ မထင်မိပါဘူး။

အရင် ဘောလုံးရာသီ နှစ်ခုတုန်းက မန်စီးတီးအသင်း ဘယ်လောက်ထိ ကောင်းလဲဆိုတာ လူတိုင်း သိပါတယ်။ သူတို့က ထူးချွန်လွန်းခဲ့တယ်။ လီဗာပူးက မန်စီးတီးကို အမှီလိုက်ဖို့ ကြိုးစားခဲ့သလို နီးစပ်လာခဲ့တယ်။ လက်ရှိ ရာသီမှာတော့ လီဗာပူးက သိပ်ကောင်းတဲ့ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်လာခဲ့ပါတယ်။

အကြောင်းရင်းတွေ အမျိုးမျိုးကြောင့်ပဲ မန်စီးတီးရဲ့ ထိပ်တန်းအဆင့်တွေက ကျဆင်းသွားခဲ့တယ်။ သူတို့ ကွန်ပနီကို ထွက်ခွာခွင့်ပေးရပြီး လာပေါ်တေး ဒဏ်ရာရခဲ့တာတွေကြောင့် ရှိရမယ့် အနေအထားကို မထိန်းသိမ်းနိုင်ခဲ့တာလည်း ဖြစ်တယ်။ ဒါတွေဟာ အချက်အလက်တွေပဲဖြစ်ကာ ဒီရာသီမှာတော့ လီဗာပူးက မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ထားပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကိုတော့ လီဗာပူးကို မန်စီးတီးက ပိုပြီး စိန်ခေါ်လာနိုင်မှာပါ။ ဒီရာသီမှာ မယုံနိုင်စရာကောင်းအောင်ကို လီဗာပူးက ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားပြီး ဘောလုံးရာသိကောင်း တစ်ခုကိုလည်း ရယူထားနိုင်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ယူႏုိက္တက္ ခံစစ္မွဴးေဟာင္း ဂယ္ရီ နဗီးက ဒီရာသီမွာ လီဗာပူးက မန္စီးတီးကို ရမွတ္ေတြ အမ်ားၾကီး ျဖတ္ထားႏုိင္ေပမယ့္ ႏွစ္သင္းဟာ လာမယ့္ရာသီမွာေတာ့ အမွတ္ေပးဖလားကို အျပိဳင္ ျပန္ျဖစ္လာမယ္လို႔ ေျပာဆိုပါတယ္။

မႏွစ္တုန္းကေတာ့ လီဗာပူးနဲ႔ မန္စီးတီးတို႔က စြမ္းေဆာင္ရည္ ညီခဲ့ျပီး မန္စီးတီးက တစ္မွတ္အသာနဲ႔ ခ်န္ပီယံျဖစ္ခဲ့တာပါ။ ဒီရာသီမွာေတာ့ လီဗာပူးက မန္စီးတီးကို ျပတ္ျပတ္သားသား ေက်ာ္တက္ႏုိင္ခဲ့တာျဖစ္တယ္။ လာမယ့္ ရာသီ အမွတ္ေပးဖလားကိုလည္း ဒီႏွစ္သင္းကပဲ အဓိက စိန္ေခၚမယ္လို႔ နဗီး ျမင္ပါတယ္။

ဂယ္ရီနဗီးက ” ႏွစ္သင္းက အမွတ္ေပးဇယားမွာ ျခားနားမႈ သိပ္ၾကီးေနတာကို က်ေန္ာတို႔ သိၾကတယ္။ ဒါေပမယ့္ ႏွစ္သင္းက အျမဲတမ္း အဲ့လို ျခားနားေနလိမ့္မယ္လို႔ေတာ့ မထင္မိပါဘူး။

အရင္ ေဘာလံုးရာသီ ႏွစ္ခုတုန္းက မန္စီးတီးအသင္း ဘယ္ေလာက္ထိ ေကာင္းလဲဆိုတာ လူတိုင္း သိပါတယ္။ သူတို႔က ထူးခၽြန္လြန္းခဲ့တယ္။ လီဗာပူးက မန္စီးတီးကို အမွီလိုက္ဖို႔ ၾကိဳးစားခဲ့သလို နီးစပ္လာခဲ့တယ္။ လက္ရွိ ရာသီမွာေတာ့ လီဗာပူးက သိပ္ေကာင္းတဲ့ ရာသီေကာင္းတစ္ခုကို ပိုင္ဆုိင္လာခဲ့ပါတယ္။

အေၾကာင္းရင္းေတြ အမ်ိဳးမ်ိဳးေၾကာင့္ပဲ မန္စီးတီးရဲ႕ ထိပ္တန္းအဆင့္ေတြက က်ဆင္းသြားခဲ့တယ္။ သူတို႔ ကြန္ပနီကို ထြက္ခြာခြင့္ေပးရျပီး လာေပၚေတး ဒဏ္ရာရခဲ့တာေတြေၾကာင့္ ရွိရမယ့္ အေနအထားကို မထိန္းသိမ္းႏုိင္ခဲ့တာလည္း ျဖစ္တယ္။ ဒါေတြဟာ အခ်က္အလက္ေတြပဲျဖစ္ကာ ဒီရာသီမွာေတာ့ လီဗာပူးက မယံုႏုိင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ေဘာလံုးရာသီ ပိုင္ဆုိင္ထားပါတယ္။

လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားကိုေတာ့ လီဗာပူးကို မန္စီးတီးက ပိုျပီး စိန္ေခၚလာႏုိင္မွာပါ။ ဒီရာသီမွာ မယံုႏုိင္စရာေကာင္းေအာင္ကို လီဗာပူးက ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားျပီး ေဘာလံုးရာသိေကာင္း တစ္ခုကိုလည္း ရယူထားႏုိင္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။