မဲဝုဒ်မှာ လေ့ကျင့်ရေး ပြန်ဝင်နေတဲ့ ကစားသမားတွေရဲ့ အခြေအနေ ဘယ်လိုရှိမလဲ? ဒီမေးခွန်းက လီဗာပူးပရိသတ်တိုင်း သိလိုနေတဲ့ မေးခွန်းဖြစ်ပြီး အဲ့အတွက် အဖြေတစ်ခု ရလာပါပြီ။

မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြမှုအရ နောက်ဆုံး လေ့ကျင့်ရေး အစီအစဉ်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေးမှာ အသင်းသားတွေ အကောင်းဆုံး လုပ်ဆောင်ထားနိုင်တယ်။ ဝိုက်နယ်ဒမ်ကို ပုံမှန်အတိုင်း ပြန်လေ့ကျင့်နေတာမျိုး မြင်ထားရပြီး သူရထားတဲ့ အသေးစား ဒဏ်ရာအတွက်တော့ ကလပ်ဘက်က ဂရုစိုက်ပေးဖွယ်ရှိပါတယ်။

LFCTV ကနေ မြင်တွေ့ထားရမှုတွေမှာတော့ လီဗာပူးအသင်းရဲ့ Rondo (ခွေးရူး) လေ့ကျင့်ရေးက အင်တိုက်အားတိုက် ပြန်ကစားနိုင်သလို ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ အနေအထားဖြစ်တယ်။ နောက်ထပ်လည်း အားတက်စရာ သတင်းနှစ်ခု ရှိထားပါတယ်။

မီနာမီနို အခြေအနေ ပိုကောင်းလာတယ်

လီဗာပူးကစားသမားဘဝ အစကို ကျော်ဖြတ်နေရတဲ့ မီနာမီနိုက ခြားနားတဲ့ ယဉ်ကျေးမှုအသစ် အစဉ်အလာသစ်တွေရှိတဲ့ အသင်းသစ်မှာ အထိုင်ကျဖို့ အတော်လေး ကြိုးစားနေရတယ်ဆိုတာ မျှမျှတတ တွေးပေးလို့ရတဲ့ ကိစ္စဖြစ်တယ်။ ဂျပန်လက်ရွေးစင်ဟာ ဇန်နဝါရီကမှ ပေါင် ၇.၂၅ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး အာရှပရိသတ်တွေက သူ့ကို အများကြီး မျှော်လင့်ထားကြပါတယ်။

ပြန်စတင်တဲ့ လေ့ကျင့်ရေးမှာတော့ ဟန်ဒါဆန်၊ မီလ်နာ ဦးဆောင်တဲ့ ခွေရူး လေ့ကျင့်ရေးတွေမှာ မီနာမီနိုက အတော်လေး ကောင်းပါတယ်။ တောင်းဆိုမှု များလွန်းတဲ့ မီလ်နာလို ပရော်ဖက်ရှင်နယ်ကြီးကတောင် သဘောကျရတယ်ဆိုတော့ အသက် ၂၅ နှစ်အရွယ် မီနာမီနိုက လေ့ကျင့်ရေးမှာ ဘယ်လောက် ကြိုးစားနေလဲ ခန့်မှန်းာကည့်လို့ ရပါတယ်။ သူဟာ ဘောလုံးထိန်းမှု ရွှေ့လျားမှုလည်း ကောင်းပြီး မာနေးနဲ့ ချိန်ဘာလိန်တို့ကိုတောင် သူတင် ကိုယ်တင် ကစားနေပါတယ်။

အာရှသားလေးဟာ လီဗာပူးမှာ ဘယ်လောက်ထိ အောင်မြင်နိုင်မလဲ? တကယ်ကို စိတ်လှုပ်ရှားရပါတယ်။

ခံစစ်ပိုင်း ပြိုင်ဆိုင်မှု

လီဗာပူးအသင်းရဲ့ အဓိက ပြဿနာတစ်ခုက ဗန်ဒိုက်ရဲ့ တွဲဘက်ကို အခုချိန်ထိ မသိရသေးတာပါ။ မနှစ်က ရာသီစမှာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်က အတွဲညီခဲ့တယ် ရာသီဝက်မှာ ဂိုးမက်စ် ဒဏ်ရာရတော့ ဗန်ဒိုက်နဲ့ မာတစ် အတွဲက ထိပ်တန်းပါပဲ။ ဒီရာသီမှာတော့ ဗန်ဒိုက်နဲ့ မာတစ် အတွဲကို အဓိက ထုတ်သုံးခဲ့ပြီး မာတစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကောင်းဆုံး ခံစစ်မှူးလို့ ညွှန်းဆို ခံခဲ့ရတယ်။

မာတစ် ဒဏ်ရာရသွားတဲ့ နောက်ပိုင်းမှာ ဂိုးမက်စ် ပြန်ပြီး နေရာရလာကာ လီဗာပူးခံစစ်ကလည်း ပေးဂိုးတွေ မရှိသလောက် နည်းရလောက်အောင် တည်ငြိမ်သွားပါတယ်။ မန်နေဂျာရဲ့ ဦးစားပေးက ဗန်ဒိုက်နဲ့ ဂိုးမက်စ်အတွဲ ဖြစ်လာခဲ့ရပြန်တယ်။

လက်ရှိ လေ့ကျင့်ရေးမှာတော့ ဗန်ဒိုက်အပြင် ဂိုးမက်စ်၊ မာတစ်နဲ့ လိုဗရန်တို့ သုံးဦးလုံး ကြံ့ခိုင်မှု ကောင်းနေပါတယ်။ မန်နေဂျာက လိုဗရန်ကို နွေမှာ ရောင်းမထုတ်ဖို့လည်း ဆုံးဖြတ်ထားတယ်။ လက်ကျန် ရာသီပွဲတွေအတွက် ဗဟိုခံစစ်ပိုင်း အားပြိုင်မှုတွေက လေ့ကျင့်ရေးမှာ သိပ်ကောင်းတဲ့ အနေအထားကို ဦးတည်နေတာ ဖြစ်ပါတယ်။

ZAWGYI

မဲဝုဒ္မွာ ေလ့က်င့္ေရး ျပန္ဝင္ေနတဲ့ ကစားသမားေတြရဲ႕ အေျခအေန ဘယ္လိုရွိမလဲ? ဒီေမးခြန္းက လီဗာပူးပရိသတ္တိုင္း သိလိုေနတဲ့ ေမးခြန္းျဖစ္ျပီး အဲ့အတြက္ အေျဖတစ္ခု ရလာပါျပီ။

မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပမႈအရ ေနာက္ဆံုး ေလ့က်င့္ေရး အစီအစဥ္ျဖစ္တဲ့ ဗုဒၶဟူးေန႔ ေလ့က်င့္ေရးမွာ အသင္းသားေတြ အေကာင္းဆံုး လုပ္ေဆာင္ထားႏုိင္တယ္။ ဝိုက္နယ္ဒမ္ကို ပံုမွန္အတိုင္း ျပန္ေလ့က်င့္ေနတာမ်ိဳး ျမင္ထားရျပီး သူရထားတဲ့ အေသးစား ဒဏ္ရာအတြက္ေတာ့ ကလပ္ဘက္က ဂရုစိုက္ေပးဖြယ္ရွိပါတယ္။

LFCTV ကေန ျမင္ေတြ႔ထားရမႈေတြမွာေတာ့ လီဗာပူးအသင္းရဲ႕ Rondo (ေခြးရူး) ေလ့က်င့္ေရးက အင္တိုက္အားတိုက္ ျပန္ကစားႏုိင္သလို ျပိဳင္ဆိုင္မႈ ျပင္းထန္လာတဲ့ အေနအထားျဖစ္တယ္။ ေနာက္ထပ္လည္း အားတက္စရာ သတင္းႏွစ္ခု ရွိထားပါတယ္။

မီနာမီႏို အေျခအေန ပိုေကာင္းလာတယ္

လီဗာပူးကစားသမားဘဝ အစကို ေက်ာ္ျဖတ္ေနရတဲ့ မီနာမီႏိုက ျခားနားတဲ့ ယဥ္ေက်းမႈအသစ္ အစဥ္အလာသစ္ေတြရွိတဲ့ အသင္းသစ္မွာ အထိုင္က်ဖို႔ အေတာ္ေလး ၾကိဳးစားေနရတယ္ဆိုတာ မွ်မွ်တတ ေတြးေပးလို႔ရတဲ့ ကိစၥျဖစ္တယ္။ ဂ်ပန္လက္ေရြးစင္ဟာ ဇန္နဝါရီကမွ ေပါင္ ၇.၂၅ သန္းနဲ႔ ေျပာင္းေရႊ႔လာတာျဖစ္ျပီး အာရွပရိသတ္ေတြက သူ႔ကို အမ်ားၾကီး ေမွ်ာ္လင့္ထားၾကပါတယ္။

ျပန္စတင္တဲ့ ေလ့က်င့္ေရးမွာေတာ့ ဟန္ဒါဆန္၊ မီလ္နာ ဦးေဆာင္တဲ့ ေခြရူး ေလ့က်င့္ေရးေတြမွာ မီနာမီႏိုက အေတာ္ေလး ေကာင္းပါတယ္။ ေတာင္းဆိုမႈ မ်ားလြန္းတဲ့ မီလ္နာလို ပေရာ္ဖက္ရွင္နယ္ၾကီးကေတာင္ သေဘာက်ရတယ္ဆိုေတာ့ အသက္ ၂၅ ႏွစ္အရြယ္ မီနာမီႏိုက ေလ့က်င့္ေရးမွာ ဘယ္ေလာက္ ၾကိဳးစားေနလဲ ခန္႔မွန္းာကည့္လို႔ ရပါတယ္။ သူဟာ ေဘာလံုးထိန္းမႈ ေရႊ႔လ်ားမႈလည္း ေကာင္းျပီး မာေနးနဲ႔ ခ်ိန္ဘာလိန္တို႔ကိုေတာင္ သူတင္ ကိုယ္တင္ ကစားေနပါတယ္။

အာရွသားေလးဟာ လီဗာပူးမွာ ဘယ္ေလာက္ထိ ေအာင္ျမင္ႏုိင္မလဲ? တကယ္ကို စိတ္လႈပ္ရွားရပါတယ္။

ခံစစ္ပိုင္း ျပိဳင္ဆိုင္မႈ

လီဗာပူးအသင္းရဲ႕ အဓိက ျပႆနာတစ္ခုက ဗန္ဒိုက္ရဲ႕ တြဲဘက္ကို အခုခ်ိန္ထိ မသိရေသးတာပါ။ မႏွစ္က ရာသီစမွာ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္က အတြဲညီခဲ့တယ္ ရာသီဝက္မွာ ဂိုးမက္စ္ ဒဏ္ရာရေတာ့ ဗန္ဒိုက္နဲ႔ မာတစ္ အတြဲက ထိပ္တန္းပါပဲ။ ဒီရာသီမွာေတာ့ ဗန္ဒိုက္နဲ႔ မာတစ္ အတြဲကို အဓိက ထုတ္သံုးခဲ့ျပီး မာတစ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယအေကာင္းဆံုး ခံစစ္မွဴးလို႔ ညႊန္းဆို ခံခဲ့ရတယ္။

မာတစ္ ဒဏ္ရာရသြားတဲ့ ေနာက္ပိုင္းမွာ ဂိုးမက္စ္ ျပန္ျပီး ေနရာရလာကာ လီဗာပူးခံစစ္ကလည္း ေပးဂိုးေတြ မရွိသေလာက္ နည္းရေလာက္ေအာင္ တည္ျငိမ္သြားပါတယ္။ မန္ေနဂ်ာရဲ႕ ဦးစားေပးက ဗန္ဒိုက္နဲ႔ ဂိုးမက္စ္အတြဲ ျဖစ္လာခဲ့ရျပန္တယ္။

လက္ရွိ ေလ့က်င့္ေရးမွာေတာ့ ဗန္ဒိုက္အျပင္ ဂိုးမက္စ္၊ မာတစ္နဲ႔ လိုဗရန္တို႔ သံုးဦးလံုး ၾကံ႕ခိုင္မႈ ေကာင္းေနပါတယ္။ မန္ေနဂ်ာက လိုဗရန္ကို ေႏြမွာ ေရာင္းမထုတ္ဖို႔လည္း ဆံုးျဖတ္ထားတယ္။ လက္က်န္ ရာသီပြဲေတြအတြက္ ဗဟိုခံစစ္ပိုင္း အားျပိဳင္မႈေတြက ေလ့က်င့္ေရးမွာ သိပ္ေကာင္းတဲ့ အေနအထားကို ဦးတည္ေနတာ ျဖစ္ပါတယ္။