ဗြိတိန်ရဲ့ လူကြိုက်အများဆုံး ဘောလုံးအသင်းကို YouGov က ဦးဆောင်မှုဖြင့် ရွေးချယ်ရာမှာ လီဗာပူးအသင်းက ထိပ်ဆုံးမှာ ၈.၃% ဖြင့် ရွေးချယ်ခံခဲ့ရပါတယ်။
အင်္ဂလန် ထိပ်တန်းအသင်းတွေကြား အထွေထွေ အချက်အလက်တွေကို မတူညီတဲ့ နည်းလမ်း ၁၆ ခုနဲ့ ရွေးထုတ်ခြင်းဖြစ်ပြီး တစ်သင်းတည်းကို အမာခံ အားပေးတဲ့ ပရိသတ်တွေရဲ့ ရွေးချယ်မှုတွေလည်း ပါဝင်ပါတယ်။ ဘောလုံးပရိသတ်တွေ အကြိုက်ဆုံးအသင်းက လီဗာပူးအသင်း ဖြစ်လာခဲ့ပြီး ဒုတိယနေရာမှာ ယူနိုက်တက်က ရပ်တည်ခဲ့ပါတယ်။
YouGov က ကလပ်တစ်သင်းရဲ့ အုပ်ချုပ်မှု၊ ကစားသမား၊ ပရိသတ်တွေရဲ့ တန်ဖိုးထားမှု၊ အစဉ်အလာ၊ ကစားဟန်တွေကိုပါ ထည့်တွက်ခြင်းလို့ သိရတယ်။ ဘောလုံးပရိသတ်တွေတိုင်းကို တီဗီကနေ ဘယ်အသင်းကို ကြည့်လိုသလဲဆိုတဲ့ မေးခွန်း အပါအဝင် မတူညီတဲ့ အသက်အရွယ်၊ ကျား/မ၊ ဒေသတွေကို ခွဲပြီး အခု စစ်တမ်းကို လေ့လာ ဆုံးဖြတ်ပါတယ်။
ရလဒ်အရ ပရီးမီးယားလိဂ်ကို ရမှတ် ၂၅ မှတ် ဖြတ်ထားတဲ့ လီဗာပူးကို အားပေးတဲ့ ဘောလုံးပရိသတ်တွေ ပိုများခဲ့တယ်။ သူတို့တွေကိုတော့ မန်နေဂျာယာဂင်ကလေ့ာပ်ရဲ့ လွှမ်းမိုးမှုက ကြီးမားခဲ့ပြီး ကလပ်ရဲ့ ထိပ်တန်း ကစားသမားတွေကို နှစ်သက်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ၎င်းတို့ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးထက် အားပေးမှု အပြတ်အသတ် ပိုသာခဲ့ကာ တတိယနေရာမှာ ချယ်းဆီး၊ စတုတ္ထနေရာမှာ မန်စီးတီးတို့ အသီးသီး ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။
ZAWGYI
ျဗိတိန္ရဲ႕ လူၾကိဳက္အမ်ားဆံုး ေဘာလံုးအသင္းကို YouGov က ဦးေဆာင္မႈျဖင့္ ေရြးခ်ယ္ရာမွာ လီဗာပူးအသင္းက ထိပ္ဆံုးမွာ ၈.၃% ျဖင့္ ေရြးခ်ယ္ခံခဲ့ရပါတယ္။
အဂၤလန္ ထိပ္တန္းအသင္းေတြၾကား အေထြေထြ အခ်က္အလက္ေတြကို မတူညီတဲ့ နည္းလမ္း ၁၆ ခုနဲ႔ ေရြးထုတ္ျခင္းျဖစ္ျပီး တစ္သင္းတည္းကို အမာခံ အားေပးတဲ့ ပရိသတ္ေတြရဲ႕ ေရြးခ်ယ္မႈေတြလည္း ပါဝင္ပါတယ္။ ေဘာလံုးပရိသတ္ေတြ အၾကိဳက္ဆံုးအသင္းက လီဗာပူးအသင္း ျဖစ္လာခဲ့ျပီး ဒုတိယေနရာမွာ ယူႏုိက္တက္က ရပ္တည္ခဲ့ပါတယ္။
YouGov က ကလပ္တစ္သင္းရဲ႕ အုပ္ခ်ဳပ္မႈ၊ ကစားသမား၊ ပရိသတ္ေတြရဲ႕ တန္ဖိုးထားမႈ၊ အစဥ္အလာ၊ ကစားဟန္ေတြကိုပါ ထည့္တြက္ျခင္းလို႔ သိရတယ္။ ေဘာလံုးပရိသတ္ေတြတိုင္းကို တီဗီကေန ဘယ္အသင္းကို ၾကည့္လိုသလဲဆိုတဲ့ ေမးခြန္း အပါအဝင္ မတူညီတဲ့ အသက္အရြယ္၊ က်ား/မ၊ ေဒသေတြကို ခြဲျပီး အခု စစ္တမ္းကို ေလ့လာ ဆံုးျဖတ္ပါတယ္။
ရလဒ္အရ ပရီးမီးယားလိဂ္ကို ရမွတ္ ၂၅ မွတ္ ျဖတ္ထားတဲ့ လီဗာပူးကို အားေပးတဲ့ ေဘာလံုးပရိသတ္ေတြ ပိုမ်ားခဲ့တယ္။ သူတို႔ေတြကိုေတာ့ မန္ေနဂ်ာယာဂင္ကေလ့ာပ္ရဲ႕ လႊမ္းမိုးမႈက ၾကီးမားခဲ့ျပီး ကလပ္ရဲ႕ ထိပ္တန္း ကစားသမားေတြကို ႏွစ္သက္မႈေတြလည္း ပါဝင္ခဲ့ပါတယ္။
ယူႏုိက္တက္ကေတာ့ ၄င္းတို႔ရဲ႕ ျမိဳ႔ခံျပိဳင္ဘက္ မန္စီးတီးထက္ အားေပးမႈ အျပတ္အသတ္ ပိုသာခဲ့ကာ တတိယေနရာမွာ ခ်ယ္းဆီး၊ စတုတၳေနရာမွာ မန္စီးတီးတို႔ အသီးသီး ရပ္တည္ခဲ့ၾကတာ ျဖစ္ပါတယ္။