အာဆင်နယ်အသင်းက ယူရိုပါလိဂ်ဖလားရမှသာ နောက်ရာသီချန်ပီယံလိဂ်ဖလား ဝင်ခွင့်ရတော့မှာပါ။ ဒါကြောင့် ဗလင်စီယာနဲ့ ယူရိုပါ ဒုတိယအကျော့ ပွဲစဉ်က အရေးပါနေပြီး ပထမအကျော့ ၃-၁ နဲ့ နိုင်ထားသော်လည်း ဖိဖိစီးစီး ကစားဖို့ လိုနေပါတယ်။

ဗလန်စီယာ အသင်း တိုက်စစ်မှူး ဂါမဲရိုး ကတော့ အာဆင်နယ် အသင်းရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး ဗိုလ်လုပွဲ တက်လှမ်းဖို့ ကြိုးစား သွားမယ်လို့ ဆိုပါတယ် ။

အသင်းကနေ ထွက်ခွာတော့မယ့် အာဆင်နယ်ကြယ်ပွင့် ရမ်ဆေးက ဖာဘရီဂတ်စ်၊ ရိုဆစ်စကီး၊ နာဆရီတို့ ကူညီလမ်းပြပေးခဲ့မှုတွေကြောင့် ဒီနေ့လို ကစားသမား ဖြစ်လာခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားရင်း ကျေးဇူးတင်မှု ပြသခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ဟောင်း Edu ကို အသင်း နည်းစနစ် ဒါရိုက်တာ အဖြစ် အာဆင်နယ်အသင်းက ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ၄င်းက ဘရာဇီးနိုင်ငံလက်ရွေးစင်အသင်းမှာ ပါဝင်နေတာကြောင့် လာမယ့်နွေ ကိုပါအမေရိကဖလား ပြီးဆုံးချိန်မှ အာဆင်နယ်သို့ လာရောက် ပူးပေါင်းမှာပါ။

ဘုန်းမောက် တောင်ပံတိုက်စစ်သမား အတွက် ကမ်းလှမ်းမှုများကို လက်ခံဖို့ ကလပ်အသင်းရော ကစားသမားကပါ လမ်းဖွင့်ပေးထားပြီး အာဆင်နယ်၊ စပါးနဲ့ နယူးကာဆယ်တို့က အသက် ၂၅ နှစ်အရွယ် တိုက်စစ်သမားကို ခေါ်ယူလိုနေပါတယ်။

ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး U20 ကစားသမား စာရင်းများ ထွက်ပေါ်လာရာ နံပါတ် တစ်နေရာကတော့ ဒေါ့မွန်မှ နာမည်ကျော် ကြယ်ပွင့် ဆန်ချို ရှိနေပြီး ဒုတိယနေရာက အံ့အားသင့်ဖွယ်အဖြစ် အာဆင်နယ်အသင်းမှာ ပရိသတ်တွေ ငြိုငြင်မှုခံ အပယ်ခံ ဖြစ်နေတဲ့ လူငယ် ကစားသမား ဂွမ်ဒေါင်ဇီ ဖြစ်နေခဲ့ပါတယ်။

အေဂျက် တိုက်စစ်သမား ဒေးဗစ်နီရက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ အာဆင်နယ် အပြင် လီဗာပူးလည်း ပါဝင်လာပါတယ်။ ထူးချွန်တဲ့ တောင်ပံတိုက်စစ်သမားကို ခေါ်ဖို့ ချယ်ဆီး၊ ရီးရဲလ်တို့ကလည်း စိတ်ဝင်စားနေဆဲပါ။

အာဆင်နယ်ကွင်းလယ် ကစားသမား အိုဇေးလ်ဟာ ရီးရဲလ်မက်ဒရစ်သို့သာ ရောက်ခဲ့ရင် လူကာမိုဒရစ်နေရာ ကွင်းလယ်ဖန်တီးရှင် နေရာအတွက် အံဝင်စွာ တိုးတက်လာမှာ ဖြစ်တယ်လို့ အာဆင်နယ် ခံစစ်မှူးဟောင်း မာတီဆက်ကာက မှတ်ချက်ပြုလိုက်ပါတယ်။