လီဗာပူးအသင်းဟာ ထိပ်တန်းအဆင့်ကို ပြန်ရောက်လာမှုမှာ မန်နေဂျာကလော့ပ်က အရေးပါခဲ့သလို သူခေါ်ယူလိုတဲ့ ကစားသမားတိုင်းကို ခေါ်နိုင်ဖို့ စီစဉ်ပေးတဲ့ အပြောင်းအရွှေ့ရေးရာ အဖွဲ့ကလည်း အဓိက ကျလှပါတယ်။
ကလော့ပ်ရဲ့ လက်ထက် လီဗာပူးအသင်းဟာ ၂၀၁၈ ခုနှစ်က အံ့အားသင့်ဖွယ် ခေါ်ယူခဲ့တဲ့ ဖာဘင်ညို အပြောင်းအရွှေ့ကလွဲရင် အချိန်ယူပြီး စိစစ်ရွေးချယ်မှုတွေ ပြုလုပ်လေ့ ရှိခဲ့တာဖြစ်တယ်။ လီဗာပူးဟာ မီနာမီနိုကို ပေါင် ၇.၅ သန်းနဲ့ ခေါ်ယူနိုင်ရေး၊ ရှာကွီရီကို စာချုပ်ပါကြေး ပေါင် ၁၃ သန်းနဲ့ ခေါ်ယူနိုင်ရေးတွေမှာ အခြားအသင်းတွေထက် လက်ဦးမှု ယူနိုင်ခြင်းက ကစားသမားတွေကို ကာလရှည် အချိန်ပေး လေ့လာခြင်းက အဓိက အချက်ဖြစ်တယ်။
လီဗာပူးက မင်ညိုလက်နေရာမှာ အစားထိုးဖို့ ကားရီးယက်စ်ကို ခေါ်ယူခဲ့ပေမယ့် အဲ့မတိုင်ခင်တည်းက အယ်လီဆန်ကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ လူသိပ်မသိတဲ့ ဒီအကြောင်းကိုတော့ Goal မှ လီဗာပူးသတင်းထောက်ဖြစ်တဲ့ Neil Jones က ရှင်းပြခဲ့တာဖြစ်ပါတယ်။
နေးဂျုံးက ” အယ်လီဆန်က လီဗာပူးရဲ့ စောင့်ကြည့်မှုမှာ ရှိခဲ့တာ ၅ နှစ်လောက် ကြာခဲ့ပါတယ်။ လီဗာပူးက အင်တာနေစီယွန်နယ် အသင်းမှာ အလက်စန္ဒာ ဒိုနီ (လီဗာပူး ဂိုးသမားဟောင်း) ကစားနေစဉ်တည်းက အယ်လီဆန်ကို စောင့်ကြည့်ခဲ့တယ်။ ကိဗ်မှာ ယှဉ်ပြိုင်တဲ့ ဗိုလ်လုပွဲအပြီးမှာတော့ အားကစားဒါရိုက်တာ အဒ်ဝတ်က အယ်လီဆန်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တို့ကို လီဗာပူးက ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ချယ်ဆီးတို့ထက် ပိုကောင်းတဲ့ အသင်းဖြစ်ကြောင်း စည်းရုံးနေတာ ၁၂ လ ကာလကို ရောက်ခဲ့ပြီဖြစ်ပါတယ် ” လို့ ရှင်းပြခဲ့တယ်။
ဇာတ်ကြောင်းကို ပြန်လှန်ရမယ်ဆိုရင် ၂၀၁၆ နွေမှာ ကားရီးယက် ရောက်လာခဲ့ပြီး ရာသီကြိုမှာ လက်ချောင်းကျိုး ဒဏ်ရာရခဲ့တယ်။ နောက်ပိုင်း ပြန်သက်သာလာချိန်မှာ သူဟာ ပထမဦးစားပေး ဂိုးသမား ဖြစ်လာဖို့ကို လီဗာပူးတာဝန်ရှိသူတွေက သံသယ ရှိခဲ့ကြတယ်။ ၁၂ လ အကြာ ၂၀၁၇ နွေမှာတော့ ဂိုးသမား အစားထိုးဖို့ အယ်လီဆန်နဲ့ မီဒီယာသတင်းတွေ စထွက်လာခဲ့ပြီး တကယ်တမ်းမှာ လီဗာပူးက အယ်လီဆန်ကို လေ့လာနေခဲ့တာ ၄ နှစ်ထိ ကြာခဲ့ပါပြီ။
ဒါပေမယ့်လည်း ၂၀၁၇ နွေမှာ ကားရီးယက်ကော မင်ညိုလက်ပါ ကြံ့ခိုင်မှု ကောင်းနေခြင်းအပြင် ကော်တင်ညိုကို ဆက်ထိန်းဖို့နဲ့ ဆာလက်ကို ခေါ်ယူရေးတွေ လုံးပန်းနေရတာကြောင့် လီဗာပူးက ဂိုးသမားနေရာကို အာရုံမစိုက်ခဲ့ဘူး။ ၂၀၁၈ ဇန်နဝါရီမှာတော့ ဗန်ဒိုက်အဝင် ကော်တင်ညိုအထွက် ကာလတွေဖြစ်လာခဲ့တယ်။
၂၀၁၈ နွေမှာတော့ လီဗာပူးဟာ ကားရီးယက်ရဲ့ လက်စွမ်းက ယုံကြည်လို့ မရနိုင်တော့ဘူးဆိုတာ သေချာခဲ့ပြီဖြစ်လို့ အယ်လီဆန်ကို မရရအောင် ခေါ်ယူဖို့ စိုင်းပြင်းခဲ့တာဖြစ်တယ်။ လီဗာပူးနဲ့ အယ်လီဆန်ကြား တရားဝင် ကိစ္စတွေက နှစ်လ ဝန်းကျင်နဲ့တင် ပြီးပြတ်ခဲ့တာကြောင့် ဘရာဇီး ဂိုးသမားကို ခေါ်ယူဖို့ လီဗာပူးက ၅ နှစ်ကြာ စောင့်ကြည့်ခဲ့ပါတယ်ဆိုတဲ့ လျှို့ဝှက်ချက်ဟာ လူသိနည်းတဲ့ ကိစ္စတစ်ခုအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လီဗာပူးဟာ ဝါနာ၊ အော်ရေး၊ ဟာဗက်တို့လို ကစားသမားတွေနဲ့ သတင်းထွက်နေပါပြီ။ အသင်း တာဝန်ရှိသူတွေက သူတို့ကို လေ့လာနေခဲ့တာ လွန်ခဲ့တဲ့ ၁၂ လတည်းကလို့ သိထားရပြီး ဒီနွေမှာ ဘယ်သူ့ကို ခေါ်ယူနိုင်မလဲဆိုတာက ဆက်လက် အချိန်ပေး စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ထိပ္တန္းအဆင့္ကို ျပန္ေရာက္လာမႈမွာ မန္ေနဂ်ာကေလာ့ပ္က အေရးပါခဲ့သလို သူေခၚယူလိုတဲ့ ကစားသမားတိုင္းကို ေခၚႏုိုင္ဖို႔ စီစဥ္ေပးတ့ဲ အေျပာင္းအေရႊ႔ေရးရာ အဖြဲ႔ကလည္း အဓိက က်လွပါတယ္။
ကေလာ့ပ္ရဲ႕ လက္ထက္ လီဗာပူးအသင္းဟာ ၂၀၁၈ ခုႏွစ္က အံ့အားသင့္ဖြယ္ ေခၚယူခဲ့တဲ့ ဖာဘင္ညိဳ အေျပာင္းအေရႊ႔ကလြဲရင္ အခ်ိန္ယူျပီး စိစစ္ေရြးခ်ယ္မႈေတြ ျပဳလုပ္ေလ့ ရွိခဲ့တာျဖစ္တယ္။ လီဗာပူးဟာ မီနာမီႏိုကို ေပါင္ ၇.၅ သန္းနဲ႔ ေခၚယူႏုိင္ေရး၊ ရွာကီြရီကို စာခ်ဳပ္ပါေၾကး ေပါင္ ၁၃ သန္းနဲ႔ ေခၚယူႏုိင္ေရးေတြမွာ အျခားအသင္းေတြထက္ လက္ဦးမႈ ယူႏုိင္ျခင္းက ကစားသမားေတြကို ကာလရွည္ အခ်ိန္ေပး ေလ့လာျခင္းက အဓိက အခ်က္ျဖစ္တယ္။
လီဗာပူးက မင္ညိဳလက္ေနရာမွာ အစားထိုးဖို႔ ကားရီးယက္စ္ကို ေခၚယူခဲ့ေပမယ့္ အဲ့မတိုင္ခင္တည္းက အယ္လီဆန္ကို ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ လူသိပ္မသိတဲ့ ဒီအေၾကာင္းကိုေတာ့ Goal မွ လီဗာပူးသတင္းေထာက္ျဖစ္တဲ့ Neil Jones က ရွင္းျပခဲ့တာျဖစ္ပါတယ္။
ေနးဂ်ံဳးက ” အယ္လီဆန္က လီဗာပူးရဲ႕ ေစာင့္ၾကည့္မႈမွာ ရွိခဲ့တာ ၅ ႏွစ္ေလာက္ ၾကာခဲ့ပါတယ္။ လီဗာပူးက အင္တာေနစီယြန္နယ္ အသင္းမွာ အလက္စႏၵာ ဒိုနီ (လီဗာပူး ဂိုးသမားေဟာင္း) ကစားေနစဥ္တည္းက အယ္လီဆန္ကို ေစာင့္ၾကည့္ခဲ့တယ္။ ကိဗ္မွာ ယွဥ္ျပိဳင္တဲ့ ဗိုလ္လုပြဲအျပီးမွာေတာ့ အားကစားဒါရိုက္တာ အဒ္ဝတ္က အယ္လီဆန္နဲ႔ သူ႔ရဲ႕ ကိုယ္စားလွယ္တို႔ကို လီဗာပူးက ရီးရဲလ္မက္ဒရစ္၊ နာပိုလီ၊ ခ်ယ္ဆီးတို႔ထက္ ပိုေကာင္းတဲ့ အသင္းျဖစ္ေၾကာင္း စည္းရံုးေနတာ ၁၂ လ ကာလကို ေရာက္ခဲ့ျပီျဖစ္ပါတယ္ ” လို႔ ရွင္းျပခဲ့တယ္။
ဇာတ္ေၾကာင္းကို ျပန္လွန္ရမယ္ဆိုရင္ ၂၀၁၆ ေႏြမွာ ကားရီးယက္ ေရာက္လာခဲ့ျပီး ရာသီၾကိဳမွာ လက္ေခ်ာင္းက်ိဳး ဒဏ္ရာရခဲ့တယ္။ ေနာက္ပိုင္း ျပန္သက္သာလာခ်ိန္မွာ သူဟာ ပထမဦးစားေပး ဂိုးသမား ျဖစ္လာဖို႔ကို လီဗာပူးတာဝန္ရွိသူေတြက သံသယ ရွိခဲ့ၾကတယ္။ ၁၂ လ အၾကာ ၂၀၁၇ ေႏြမွာေတာ့ ဂိုးသမား အစားထိုးဖို႔ အယ္လီဆန္နဲ႔ မီဒီယာသတင္းေတြ စထြက္လာခဲ့ျပီး တကယ္တမ္းမွာ လီဗာပူးက အယ္လီဆန္ကို ေလ့လာေနခဲ့တာ ၄ ႏွစ္ထိ ၾကာခဲ့ပါျပီ။
ဒါေပမယ့္လည္း ၂၀၁၇ ေႏြမွာ ကားရီးယက္ေကာ မင္ညိဳလက္ပါ ၾကံ႕ခိုင္မႈ ေကာင္းေနျခင္းအျပင္ ေကာ္တင္ညိဳကို ဆက္ထိန္းဖို႔နဲ႔ ဆာလက္ကို ေခၚယူေရးေတြ လံုးပန္းေနရတာေၾကာင့္ လီဗာပူးက ဂိုးသမားေနရာကို အာရံုမစိုက္ခဲ့ဘူး။ ၂၀၁၈ ဇန္နဝါရီမွာေတာ့ ဗန္ဒိုက္အဝင္ ေကာ္တင္ညိဳအထြက္ ကာလေတြျဖစ္လာခဲ့တယ္။
၂၀၁၈ ေႏြမွာေတာ့ လီဗာပူးဟာ ကားရီးယက္ရဲ႕ လက္စြမ္းက ယံုၾကည္လို႔ မရႏုိင္ေတာ့ဘူးဆိုတာ ေသခ်ာခဲ့ျပီျဖစ္လို႔ အယ္လီဆန္ကို မရရေအာင္ ေခၚယူဖို႔ စိုင္းျပင္းခဲ့တာျဖစ္တယ္။ လီဗာပူးနဲ႔ အယ္လီဆန္ၾကား တရားဝင္ ကိစၥေတြက ႏွစ္လ ဝန္းက်င္နဲ႔တင္ ျပီးျပတ္ခဲ့တာေၾကာင့္ ဘရာဇီး ဂိုးသမားကို ေခၚယူဖို႔ လီဗာပူးက ၅ ႏွစ္ၾကာ ေစာင့့္ၾကည့္ခဲ့ပါတယ္ဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္ဟာ လူသိနည္းတဲ့ ကိစၥတစ္ခုအျဖစ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ လီဗာပူးဟာ ဝါနာ၊ ေအာ္ေရး၊ ဟာဗက္တို႔လို ကစားသမားေတြနဲ႔ သတင္းထြက္ေနပါျပီ။ အသင္း တာဝန္ရွိသူေတြက သူတို႔ကို ေလ့လာေနခဲ့တာ လြန္ခဲ့တဲ့ ၁၂ လတည္းကလို႔ သိထားရျပီး ဒီေႏြမွာ ဘယ္သူ႔ကို ေခၚယူႏုိင္မလဲဆိုတာက ဆက္လက္ အခ်ိန္ေပး ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။