လီဗာပူးဟာ ဂိုးသမား အယ်လီဆန်ကို ကင်းထောက် စောင့်ကြည့်ခြင်းကို ၅ နှစ်ထိ လုပ်ခဲ့ပြီး ညိနှိုင်းကာလမှာ ၁၂ လဖြစ်ကြောင်း Goal မှ လီဗာပူးသတင်းထောက်ဖြစ်တဲ့ Neil Jones က ဖော်ထုတ်လိုက်ပါတယ်။
ပြန်စတင်တဲ့ လေ့ကျင့်ရေးမှာတော့ မီနာမီနိုက အတော်လေး စွမ်းဆောင်ရည် ကောင်းမွန်နေတာကြောင့် မီလ်နာလို ပရော်ဖက်ရှင်နယ်ကြီးကတောင် သဘောကျရပြီး သူဟာ ဘောလုံးထိန်းမှု ရွှေ့လျားမှုလည်း ထူးချွန်နေတယ်လို့ သိရပါတယ်။
ဗြိတိန်ရဲ့ လူကြိုက်အများဆုံး ဘောလုံးအသင်းကို YouGov က ဦးဆောင်မှုဖြင့် ရွေးချယ်ရာမှာ လီဗာပူးအသင်းက ဒုတိယနေရာက ယူနိုက်တက်ကို အသာရပြီး ထိပ်ဆုံးမှာ မဲပေးမှု ၈.၃% ဖြင့် ရွေးချယ်ခံခဲ့ရပါတယ်။
လီဗာပူးဟာ အာဆင်နယ်၊ ယူနိုက်တက်နဲ့ အပြိုင် ပီတာဘရောက် ကြယ်ပွင့် တိုက်စစ်သမား ရစ်ကီ-ဂျိတ် ဂျုံးကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ စကိုင်းစပေါ့က ဖော်ပြလာပါတယ်။
ဆောက်သမ်တန်အသင်းက နွေတုန်းကမှ စတန်းဒက်လိဂ်ကနေ ခေါ်ယူထားတဲ့ တောင်ပံသမား ဒီဂျီနီပိုက သူဟာ မာနေးကို အရမ်း အထင်ကြီး အားကျရပြီး အနာဂတ်မှာ ဆာဒီယို မာနေး လက်သစ်တစ်ဦး ဖြစ်လာစေရမယ်လို့ ကြွေးကြော်လိုက်ပါတယ်။
လီဗာပူး ကစားသမားဟောင်း ဂျွန်ဘမ်းက နွေအပြောင်းအရွှေ့မှာ အသင်းက ပါဝင်ပက်သက်မှုတွေ နည်းလိမ့်မယ်ဆိုတာကို ဝန်ခံခဲ့ပေမယ့် လူသစ်မခေါ်တိုင်း လူငယ်တွေကို စီနီယာအသင်းထံ ရောက်အောင် အတင်း ဖိအားပေးဖို့ မလိုသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
လီဗာပူးဂန္တဝင်ကြီးဖြစ်တဲ့ ကာရေဂါဟာ ဘီဘာအိုအသင်းက နှစ်စဉ် ပေးအပ်တဲ့ ‘One Club Man’ ဆုကို ဒီနှစ်အတွက် ရရှိဖို့ နေရာကောင်းမှာ ရှိနေပါတယ်။
မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြမှုအရ နောက်ဆုံး လေ့ကျင့်ရေး အစီအစဉ်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေးမှာ အသင်းသားတွေ အကောင်းဆုံး လုပ်ဆောင်ထားနိုင်တယ်။ ဝိုက်နယ်ဒမ်ကို ပုံမှန်အတိုင်း ပြန်လေ့ကျင့်နေတာမျိုး မြင်ထားရပြီး သူရထားတဲ့ အသေးစား ဒဏ်ရာအတွက်တော့ ကလပ်ဘက်က ဂရုစိုက်ပေးဖွယ်ရှိပါတယ်။
ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီ နဗီးက ဒီရာသီမှာ လီဗာပူးက မန်စီးတီးကို ရမှတ်တွေ အများကြီး ဖြတ်ထားနိုင်ပေမယ့် နှစ်သင်းဟာ လာမယ့်ရာသီမှာတော့ အမှတ်ပေးဖလားကို အပြိုင် ပြန်ဖြစ်လာမယ်လို့ ပြောဆိုပါတယ်။
ZAWGYI
လီဗာပူးဟာ ဂိုးသမား အယ္လီဆန္ကို ကင္းေထာက္ ေစာင့္ၾကည့္ျခင္းကို ၅ ႏွစ္ထိ လုပ္ခဲ့ျပီး ညိႏိႈင္းကာလမွာ ၁၂ လျဖစ္ေၾကာင္း Goal မွ လီဗာပူးသတင္းေထာက္ျဖစ္တဲ့ Neil Jones က ေဖာ္ထုတ္လိုက္ပါတယ္။
ျပန္စတင္တဲ့ ေလ့က်င့္ေရးမွာေတာ့ မီနာမီႏိုက အေတာ္ေလး စြမ္းေဆာင္ရည္ ေကာင္းမြန္ေနတာေၾကာင့္ မီလ္နာလို ပေရာ္ဖက္ရွင္နယ္ၾကီးကေတာင္ သေဘာက်ရျပီး သူဟာ ေဘာလံုးထိန္းမႈ ေရႊ႔လ်ားမႈလည္း ထူးခၽြန္ေနတယ္လို႔ သိရပါတယ္။
ျဗိတိန္ရဲ႕ လူၾကိဳက္အမ်ားဆံုး ေဘာလံုးအသင္းကို YouGov က ဦးေဆာင္မႈျဖင့္ ေရြးခ်ယ္ရာမွာ လီဗာပူးအသင္းက ဒုတိယေနရာက ယူႏုိက္တက္ကို အသာရျပီး ထိပ္ဆံုးမွာ မဲေပးမႈ ၈.၃% ျဖင့္ ေရြးခ်ယ္ခံခဲ့ရပါတယ္။
လီဗာပူးဟာ အာဆင္နယ္၊ ယူႏုိက္တက္နဲ႔ အျပိဳင္ ပီတာဘေရာက္ ၾကယ္ပြင့္ တိုက္စစ္သမား ရစ္ကီ-ဂ်ိတ္ ဂ်ံဳးကို ေခၚယူဖို႔ ၾကိဳးစားေနတယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပလာပါတယ္။
ေဆာက္သမ္တန္အသင္းက ေႏြတုန္းကမွ စတန္းဒက္လိဂ္ကေန ေခၚယူထားတဲ့ ေတာင္ပံသမား ဒီဂ်ီနီပိုက သူဟာ မာေနးကို အရမ္း အထင္ၾကီး အားက်ရျပီး အနာဂတ္မွာ ဆာဒီယို မာေနး လက္သစ္တစ္ဦး ျဖစ္လာေစရမယ္လို႔ ေၾကြးေၾကာ္လိုက္ပါတယ္။
လီဗာပူး ကစားသမားေဟာင္း ဂၽြန္ဘမ္းက ေႏြအေျပာင္းအေရႊ႔မွာ အသင္းက ပါဝင္ပက္သက္မႈေတြ နည္းလိမ့္မယ္ဆိုတာကို ဝန္ခံခဲ့ေပမယ့္ လူသစ္မေခၚတိုင္း လူငယ္ေတြကို စီနီယာအသင္းထံ ေရာက္ေအာင္ အတင္း ဖိအားေပးဖို႔ မလိုေသးဘူးလို႔ ေျပာဆိုလိုက္ပါတယ္။
လီဗာပူးဂႏၱဝင္ၾကီးျဖစ္တဲ့ ကာေရဂါဟာ ဘီဘာအိုအသင္းက ႏွစ္စဥ္ ေပးအပ္တဲ့ ‘One Club Man’ ဆုကို ဒီႏွစ္အတြက္ ရရွိဖို႔ ေနရာေကာင္းမွာ ရွိေနပါတယ္။
မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပမႈအရ ေနာက္ဆံုး ေလ့က်င့္ေရး အစီအစဥ္ျဖစ္တဲ့ ဗုဒၶဟူးေန႔ ေလ့က်င့္ေရးမွာ အသင္းသားေတြ အေကာင္းဆံုး လုပ္ေဆာင္ထားႏုိင္တယ္။ ဝိုက္နယ္ဒမ္ကို ပံုမွန္အတိုင္း ျပန္ေလ့က်င့္ေနတာမ်ိဳး ျမင္ထားရျပီး သူရထားတဲ့ အေသးစား ဒဏ္ရာအတြက္ေတာ့ ကလပ္ဘက္က ဂရုစိုက္ေပးဖြယ္ရွိပါတယ္။
ယူႏုိက္တက္ ခံစစ္မွဴးေဟာင္း ဂယ္ရီ နဗီးက ဒီရာသီမွာ လီဗာပူးက မန္စီးတီးကို ရမွတ္ေတြ အမ်ားၾကီး ျဖတ္ထားႏုိင္ေပမယ့္ ႏွစ္သင္းဟာ လာမယ့္ရာသီမွာေတာ့ အမွတ္ေပးဖလားကို အျပိဳင္ ျပန္ျဖစ္လာမယ္လို႔ ေျပာဆိုပါတယ္။