ပရီးမီးယားလိဂ်နဲ့ ရုပ်သံလွှင့် ကုမ္ပဏီတို့ ဒီကာလတွေအတွင်း ညိနှိုင်းနေတဲ့ ကိစ္စတွေမှာ ပရီးမီးယားလိဂ်ဘက်က အောင်မြင်ခဲ့ပြီး ကမ်းလှမ်းမှုတွေကို ပယ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။
လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေကို ပြန်လည်စတင်ဖို့ရာ အင်္ဂလန် ရုပ်သံဌာနကြီး နှစ်ခုဖြစ်တဲ့ Sky Sports, BT Sport တို့က ဆွေးနွေးမှုတွေ လုပ်နေပြီး အဆိုပါ ညိနှိုင်းမှုမှာတော့ မြင်တွေ့နေကျ မဟုတ်တဲ့ တင်ဆက်ပုံတွေ ပါဝင်နေခဲ့တာပါ။
ကစားကွင်းထဲကို ပရိသတ်တွေ ဝင်ကြည့်ခွင့်ရမှာ မဟုတ်ခြင်းကြောင့် ပရီးမီးယားလိဂ်ကို ဆွဲဆောင်နိုင်စွမ်း မြင့်မားနေစေဖို့ အင်္ဂလန်ရုပ်သံတွေဘက်က အကြံထုတ်နေတာပါ။ အဆိုပါ အကြံအသစ်ကတော့ နည်းစနစ်ဧရိယာမှာ မန်နေဂျာတွေ ဘာပြောနေသလဲ၊ အဝတ်လဲခန်းထဲက အခြေအနေနဲ့ ဥမင်လှိုင်းခေါင်းတွေမှာ အသံဖမ်းစက်တွေ တပ်ဆင်ဖို့ ဖြစ်ပါတယ်။
မန်နေဂျာနဲ့ ကစားသမားတွေရဲ့ လျှို့ဝှက်ချက်အဖြစ် ထားရှိရာ နေရာတွေမှာ အသံဖမ်းစက် တပ်ခွင့်ပြုဖို့အပြင် ပွဲချိန် ဒုတိယပိုင်းမှာတင် မန်နေဂျာတွေကို အင်တာဗျူးခွင့်လို ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်အားလုံးက ရုပ်သံဌာနတွေရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အသင်း ၂၀ နဲ့ လိဂ်တာဝန်ရှိသူတွေ ညိနှိုင်းနေတဲ့ နောက်ထပ် ကိစ္စ တစ်ခုကတော့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်မစခင် ကလပ်အသင်းတွေကြား ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားဖို့ကိုတော့ ခွင့်ပြုပေးထားပြီဖြစ်တယ်။ ပွဲတွေပြန်စတင်လို့ ပြင်းထန်တဲ့ ပွဲတွေ မကစားခင် ကြံ့ခိုင်မှု စစ်ဆေးတဲ့ပွဲ ဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပြီး ကလပ်တွေက မကစားလိုရင်လည်း မကစားခွင့်ရှိမှာ ဖြစ်ပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္နဲ႔ ရုပ္သံလႊင့္ ကုမၸဏီတို႔ ဒီကာလေတြအတြင္း ညိႏိႈင္းေနတဲ့ ကိစၥေတြမွာ ပရီးမီးယားလိဂ္ဘက္က ေအာင္ျမင္ခဲ့ျပီး ကမ္းလွမ္းမႈေတြကို ပယ္ခ်ႏုိင္ခဲ့ျပီျဖစ္ပါတယ္။
လက္က်န္ ပရီးမီးယားလိဂ္ပြဲေတြကို ျပန္လည္စတင္ဖို႔ရာ အဂၤလန္ ရုပ္သံဌာနၾကီး ႏွစ္ခုျဖစ္တဲ့ Sky Sports, BT Sport တို႔က ေဆြးေႏြးမႈေတြ လုပ္ေနျပီး အဆိုပါ ညိနိႈင္းမႈမွာေတာ့ ျမင္ေတြ႔ေနက် မဟုတ္တဲ့ တင္ဆက္ပံုေတြ ပါဝင္ေနခဲ့တာပါ။
ကစားကြင္းထဲကို ပရိသတ္ေတြ ဝင္ၾကည့္ခြင့္ရမွာ မဟုတ္ျခင္းေၾကာင့္ ပရီးမီးယားလိဂ္ကို ဆြဲေဆာင္ႏုိင္စြမ္း ျမင့္မားေနေစဖို႔ အဂၤလန္ရုပ္သံေတြဘက္က အၾကံထုတ္ေနတာပါ။ အဆိုပါ အၾကံအသစ္ကေတာ့ နည္းစနစ္ဧရိယာမွာ မန္ေနဂ်ာေတြ ဘာေျပာေနသလဲ၊ အဝတ္လဲခန္းထဲက အေျခအေနနဲ႔ ဥမင္လိႈင္းေခါင္းေတြမွာ အသံဖမ္းစက္ေတြ တပ္ဆင္ဖို႔ ျဖစ္ပါတယ္။
မန္ေနဂ်ာနဲ႔ ကစားသမားေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္အျဖစ္ ထားရွိရာ ေနရာေတြမွာ အသံဖမ္းစက္ တပ္ခြင့္ျပဳဖို႔အျပင္ ပြဲခ်ိန္ ဒုတိယပိုင္းမွာတင္ မန္ေနဂ်ာေတြကို အင္တာဗ်ဴးခြင့္လို ကိစၥေတြလည္း ပါဝင္ပါတယ္။ ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ ကလပ္အားလံုးက ရုပ္သံဌာနေတြရဲ႕ ေတာင္းဆိုမႈကို ပယ္ခ်ခဲ့ျပီ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ အသင္း ၂၀ နဲ႔ လိဂ္တာဝန္ရွိသူေတြ ညိႏိႈင္းေနတဲ့ ေနာက္ထပ္ ကိစၥ တစ္ခုကေတာ့ ပရီးမီးယားလိဂ္ပြဲေတြ ျပန္မစခင္ ကလပ္အသင္းေတြၾကား ခ်စ္ၾကည္ေရးပြဲ တစ္ပြဲ ကစားဖို႔ကိုေတာ့ ခြင့္ျပဳေပးထားျပီျဖစ္တယ္။ ပြဲေတြျပန္စတင္လို႔ ျပင္းထန္တဲ့ ပြဲေတြ မကစားခင္ ၾကံ႕ခိုင္မႈ စစ္ေဆးတဲ့ပြဲ ျဖစ္ေစဖို႔ ရည္ရြယ္တာျဖစ္ျပီး ကလပ္ေတြက မကစားလိုရင္လည္း မကစားခြင့္ရွိမွာ ျဖစ္ပါတယ္။