လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူရေးမှာ ချယ်ဆီးအသင်းဟာ လက်ဦးမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှုကိုပါ ရရှိခဲ့ပြီဖြစ်ပါတယ်။
လိုက်ဇစ်နဲ့ ဝါနာကြားမှာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၂ သန်းထိ ရှိထားတာဖြစ်တယ်။ ဒါပေမယ့်လို့ အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးဖို့က လီဗာပူးအတွက် ခက်ခဲမှာဖြစ်ကာ ဝါနာအတွက် ဈေးချပေးမှုအဖြစ် ပေါင် သန်း ၃၀ ထက်နည်းတဲ့ ပမာဏကိုပဲ လက်ခံဖို့ လီဗာပူးဘက်က တောင်းဆိုလိုနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ တိုက်စစ်မှူးရှာနေတဲ့ ချယ်ဆီးဟာ ဝါနာကို ခေါ်ယူဖို့ ဝင်ရောက်လာတာဖြစ်ပြီး မန်နေဂျာလမ်းပတ်က တီမိုဝါနာကို ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ကစားသမားကို စတင် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးဘက်က ဝါနာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၅၃ သန်း ဝန်းကျင် ပေးမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း နီးပါး ပေးမယ်လို့ သိရတယ်။ ဒီပြောင်းရွှေ့မှု ခပ်မြန်မြန် အောင်မြင်သွားတာက ချယ်ဆီးဒါရိုက်တာ Marina Granovskaia ကြောင့် ပါဝင်ပါတယ်။
လီဗာပူးသတင်းထောက် ဂျိမ်းပီယာစ့်က နွေမှာ တီမိုဝါနာကို ခေါ်ယူဖို့ကိစ္စဟာ ရပ်ဆိုင်းထားတာ ဖြစ်သွားနိုင်ကြောင်း သတင်းပေးမှု ကြိုတင် လုပ်ထားခဲ့ပါသေးတယ်။
ဂျိမ်းပီယာ့စ့်က ပြောရာမှာ ” ကျနော် ပြောခဲ့သလိုပဲ လီဗာပူးရဲ့ ကစားသမားသစ် ခေါ်ယူမှုဆိုင်ရာ အစီအစဉ်တွေက ရပ်ဆိုင်းထားပါတယ်။ တိုးတက်မှုတွေ ရှိမလာပဲနဲ့ ဆက်လက် လုပ်ဆောင်ဖို့ဆိုတာ ခက်ခဲတဲ့ အနေအထားပါ။ လီဗာပူးဟာ ဘောလုံးပွဲတွေ ပြန်စလာပြီး ဈေးကွက်ဖွင့်မှု ကိစ္စတွေ သေသေချာချာ မဖြစ်လာသေးသ၍ ကစားသမား ခေါ်ယူမှု တစ်ခုကိုမှ ဆက်လုပ်ဖွယ် မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။
ZAWGYI
လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာကို ေခၚယူေရးမွာ ခ်ယ္ဆီးအသင္းဟာ လက္ဦးမႈ ရယူႏုိင္ခဲ့ျပီျဖစ္ျပီး ေခၚယူဖို႔ ပုဂၢိဳလ္ေရးရာ သေဘာတူညီမႈကိုပါ ရရွိခဲ့ျပီျဖစ္ပါတယ္။
လိုက္ဇစ္နဲ႔ ဝါနာၾကားမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၅၂ သန္းထိ ရွိထားတာျဖစ္တယ္။ ဒါေပမယ့္လို႔ အဆိုပါ ေျပာင္းေရႊ႔ေၾကးကို ေပးဖို႔က လီဗာပူးအတြက္ ခက္ခဲမွာျဖစ္ကာ ဝါနာအတြက္ ေစ်းခ်ေပးမႈအျဖစ္ ေပါင္ သန္း ၃၀ ထက္နည္းတဲ့ ပမာဏကိုပဲ လက္ခံဖို႔ လီဗာပူးဘက္က ေတာင္းဆိုလိုေနတာ ျဖစ္ပါတယ္။
ဒီအေျခအေနမွာ တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ တိုက္စစ္မွဴးရွာေနတဲ့ ခ်ယ္ဆီးဟာ ဝါနာကို ေခၚယူဖို႔ ဝင္ေရာက္လာတာျဖစ္ျပီး မန္ေနဂ်ာလမ္းပတ္က တီမိုဝါနာကို ပြဲထြက္ခြင့္ေပးမယ္ဆိုတဲ့ မက္လံုးနဲ႔ ကစားသမားကို စတင္ ၾကိဳးစားေနခဲ့တာျဖစ္ပါတယ္။
ခ်ယ္ဆီးဘက္က ဝါနာအတြက္ ေျပာင္းေရႊ႔ေၾကးအျဖစ္ ေပါင္ ၅၃ သန္း ဝန္းက်င္ ေပးမွာျဖစ္ျပီး တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္း နီးပါး ေပးမယ္လို႔ သိရတယ္။ ဒီေျပာင္းေရႊ႔မႈ ခပ္ျမန္ျမန္ ေအာင္ျမင္သြားတာက ခ်ယ္ဆီးဒါရိုက္တာ Marina Granovskaia ေၾကာင့္ ပါဝင္ပါတယ္။
လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာစ့္က ေႏြမွာ တီမိုဝါနာကို ေခၚယူဖို႔ကိစၥဟာ ရပ္ဆုိင္းထားတာ ျဖစ္သြားႏုိင္ေၾကာင္း သတင္းေပးမႈ ၾကိဳတင္ လုပ္ထားခဲ့ပါေသးတယ္။
ဂ်ိမ္းပီယာ့စ့္က ေျပာရာမွာ ” က်ေနာ္ ေျပာခဲ့သလိုပဲ လီဗာပူးရဲ႕ ကစားသမားသစ္ ေခၚယူမႈဆိုင္ရာ အစီအစဥ္ေတြက ရပ္ဆုိင္းထားပါတယ္။ တိုးတက္မႈေတြ ရွိမလာပဲနဲ႔ ဆက္လက္ လုပ္ေဆာင္ဖို႔ဆိုတာ ခက္ခဲတဲ့ အေနအထားပါ။ လီဗာပူးဟာ ေဘာလံုးပြဲေတြ ျပန္စလာျပီး ေစ်းကြက္ဖြင့္မႈ ကိစၥေတြ ေသေသခ်ာခ်ာ မျဖစ္လာေသးသ၍ ကစားသမား ေခၚယူမႈ တစ္ခုကိုမွ ဆက္လုပ္ဖြယ္ မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။