လီဗာပူးဟာ တိုက်စစ်မှူး ခေါ်ယူမှုအတွက် တီမိုဝါနာကို ချိန်ရွယ်ခဲ့ပေမယ့် စောင့်ဆိုင်းဖို့ လိုအပ်နေတဲ့ အနေအထားကြောင့် လက်လွတ်သွားရတော့မှာ ဖြစ်ပါတယ်။
ဘောလုံးရာသီ တစ်ခု မပြီးသေးသ၍ ကိုရိုနာကပ်ဘေးက ကလပ်တွေကို ဘယ်လောက်ထိ ထိခိုက်စေမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ယူနိုက်တက်ဟာ ပေါင် ၁၄၀ သန်းကို ထုတ်ချေးထားပြီဖြစ်သလို စပါးကလည်း ပေါင် ၁၇၅ သန်းအား အင်္ဂလန်ဘဏ်ကနေ ချေးယူခဲ့ပါပြီ။ အာဆင်နယ်ကလည်း လုပ်ခ ဖြတ်တောက်မှုတွေ စတင်ထားပြီဖြစ်တယ်။
လီဗာပူးဟာ ဝါနာကို ခေါ်ယူလိုခဲ့ပါတယ်။ ခေါ်ယူလိုတာကြောင့်လည်း ကစားသမားကို မန်နေဂျာကလော့ပ် ကိုယ်တိုင်က ဖုန်းဆက် စကားပြောမှုတွေ လုပ်ထားခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် လီဗာပူးက ဝါနာအတွက် ယူရို ၅၅ သန်း လိုသလို သူ့ရဲ့ လုပ်ခ တစ်ပတ် ပေါင် ၂ သိန်းဆိုတာမျိုးက လီဗာပူးဘက်က လုံးဝပေးမှာ မဟုတ်တဲ့ စာချုပ်ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ထိပ်တန်းအဆင့်ကို မြှင့်တင်ဖို့ နှစ်တိုင်းမှာ တည်ဆောက်မှု လုပ်နေခဲ့ရတယ်။ ဒီနှစ်အတွက် လေ့ကျင့်ရေး စင်တာ တည်ဆောက်ထားသလို လာမယ့်နှစ်မှာတော့ အန်ဖီးကွင်းကို တိုးချဲ့ ဦးမှာဖြစ်တယ်။ လီဗာပူးပိုင်ရှင်တွေရဲ့ ပိုက်ဆံအိတ်ဟာ အေဘရာမိုဗစ်နဲ့ ရှိတ်မန်ဆောတို့လောက် ခပ်နက်နက်မရှိလှတာကလည်း ပြောစရာမလိုတဲ့ ကိစ္စဖြစ်တယ်။
လီဗာပူးဟာ အနာဂတ်အတွက် ရည်ရွယ်တဲ့ ကစားသမားတိုင်းကို ပလန်-အေ တစ်ခုတည်းတင် မဟုတ်ဘဲ ပလန်-ဘီ၊ ပလန်-စီထိ စောင့်ကြည့်လေ့ ရှိပါတယ်။
၂၀၁၆ မှာ ဂေါ်ဇီနဲ့ မီခီတာရန်တို့ကို ဦးစားပေးအဖြစ် ခေါ်ယူလိုခဲ့ပေမယ့် မအောင်မြင်ချိန်မှာ လီဗာပူးက ပလန်-ဘီအဖြစ် မာနေးကို ခေါ်ယူခဲ့ပါတယ်။ ဒရက်စလာကို ခေါ်ယူဖို့ ကမ်းလှမ်းပေမယ့် ငြင်းဆန်ခံခဲ့ရတာကြောင့် နွေမှာ ပလန်-ဘီဖြစ်တဲ့ ရိုးမားက ဆာလက်ကို ခေါ်ယူခဲ့တယ်။ ရော်ဘတ်ဆန်ဟာ ပလန်-ဘီ အဖြစ် လီဗာပူးကို ရောက်လာခြင်းဖြစ်ပြီး ထရန့်တောင်မှ ကလိုင်း ဒဏ်ရာရလို့ စီနီယာအဆင့်ကို ရောက်လာခဲ့ပါတယ်။
မန်နေဂျာကလော့ပ်နဲ့ လီဗာပူးကစားသမား ခေါ်ယူရေးအဖွဲ့က အသင်းကို ဝန်မပိစေပဲ အကျိုးဖြစ်မယ့် ကစားသမားတွေကို ခေါ်ယူဖို့ အချိန်ယူသလို သေချာရွေးချယ်နိုင်စွမ်းရှိတယ်။ ဝါနာကို လက်လွတ်ရခြင်းက ဘယ်လို တိုက်စစ်သမားကို လီဗာပူးအသင်း ခေါ်ယူမလဲ ဆိုတာအတွက် စိတ်ဝင်စားစရာ ဖြစ်လာစေပါတယ်။
ZAWGYI
လီဗာပူးဟာ တိုက္စစ္မွဴး ေခၚယူမႈအတြက္ တီမိုဝါနာကို ခ်ိန္ရြယ္ခ့ဲေပမယ့္ ေစာင့္ဆိုင္းဖို႔ လိုအပ္ေနတဲ့ အေနအထားေၾကာင့္ လက္လြတ္သြားရေတာ့မွာ ျဖစ္ပါတယ္။
ေဘာလံုးရာသီ တစ္ခု မျပီးေသးသ၍ ကိုရိုနာကပ္ေဘးက ကလပ္ေတြကို ဘယ္ေလာက္ထိ ထိခိုက္ေစမလဲဆိုတာ ဘယ္သူမွ မေျပာႏုိင္ပါဘူး။ ယူႏုိက္တက္ဟာ ေပါင္ ၁၄၀ သန္းကို ထုတ္ေခ်းထားျပီျဖစ္သလို စပါးကလည္း ေပါင္ ၁၇၅ သန္းအား အဂၤလန္ဘဏ္ကေန ေခ်းယူခဲ့ပါျပီ။ အာဆင္နယ္ကလည္း လုပ္ခ ျဖတ္ေတာက္မႈေတြ စတင္ထားျပီျဖစ္တယ္။
လီဗာပူးဟာ ဝါနာကို ေခၚယူလိုခဲ့ပါတယ္။ ေခၚယူလိုတာေၾကာင့္လည္း ကစားသမားကို မန္ေနဂ်ာကေလာ့ပ္ ကိုယ္တိုင္က ဖုန္းဆက္ စကားေျပာမႈေတြ လုပ္ထားခဲ့ျပီးျဖစ္တယ္။ ဒါေပမယ့္ လီဗာပူးက ဝါနာအတြက္ ယူရို ၅၅ သန္း လိုသလို သူ႔ရဲ႕ လုပ္ခ တစ္ပတ္ ေပါင္ ၂ သိန္းဆိုတာမ်ိဳးက လီဗာပူးဘက္က လံုးဝေပးမွာ မဟုတ္တဲ့ စာခ်ဳပ္ျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ထိပ္တန္းအဆင့္ကို ျမွင့္တင္ဖို႔ ႏွစ္တိုင္းမွာ တည္ေဆာက္မႈ လုပ္ေနခဲ့ရတယ္။ ဒီႏွစ္အတြက္ ေလ့က်င့္ေရး စင္တာ တည္ေဆာက္ထားသလို လာမယ့္ႏွစ္မွာေတာ့ အန္ဖီးကြင္းကို တိုးခ်ဲ႔ ဦးမွာျဖစ္တယ္။ လီဗာပူးပိုင္ရွင္ေတြရဲ႕ ပိုက္ဆံအိတ္ဟာ ေအဘရာမိုဗစ္နဲ႔ ရွိတ္မန္ေဆာတို႔ေလာက္ ခပ္နက္နက္မရွိလွတာကလည္း ေျပာစရာမလိုတဲ့ ကိစၥျဖစ္တယ္။
လီဗာပူးဟာ အနာဂတ္အတြက္ ရည္ရြယ္တဲ့ ကစားသမားတိုင္းကို ပလန္-ေအ တစ္ခုတည္းတင္ မဟုတ္ဘဲ ပလန္-ဘီ၊ ပလန္-စီထိ ေစာင့္ၾကည့္ေလ့ ရွိပါတယ္။
၂၀၁၆ မွာ ေဂၚဇီနဲ႔ မီခီတာရန္တို႔ကို ဦးစားေပးအျဖစ္ ေခၚယူလိုခဲ့ေပမယ့္ မေအာင္ျမင္ခ်ိန္မွာ လီဗာပူးက ပလန္-ဘီအျဖစ္ မာေနးကို ေခၚယူခဲ့ပါတယ္။ ဒရက္စလာကို ေခၚယူဖို႔ ကမ္းလွမ္းေပမယ့္ ျငင္းဆန္ခံခဲ့ရတာေၾကာင့္ ေႏြမွာ ပလန္-ဘီျဖစ္တဲ့ ရိုးမားက ဆာလက္ကို ေခၚယူခဲ့တယ္။ ေရာ္ဘတ္ဆန္ဟာ ပလန္-ဘီ အျဖစ္ လီဗာပူးကို ေရာက္လာျခင္းျဖစ္ျပီး ထရန္႔ေတာင္မွ ကလိုင္း ဒဏ္ရာရလို႔ စီနီယာအဆင့္ကို ေရာက္လာခဲ့ပါတယ္။
မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးကစားသမား ေခၚယူေရးအဖြဲ႔က အသင္းကို ဝန္မပိေစပဲ အက်ိဳးျဖစ္မယ့္ ကစားသမားေတြကို ေခၚယူဖို႔ အခ်ိန္ယူသလို ေသခ်ာေရြးခ်ယ္ႏုိင္စြမ္းရွိတယ္။ ဝါနာကို လက္လြတ္ရျခင္းက ဘယ္လို တိုက္စစ္သမားကို လီဗာပူးအသင္း ေခၚယူမလဲ ဆိုတာအတြက္ စိတ္ဝင္စားစရာ ျဖစ္လာေစပါတယ္။