ဗလန်စီယာအသင်းမှ စပိန်သား တိုက်စစ်သမား ဖာရန် တောရက်စ်က ပရီးမီးယားလိဂ်ကလပ် လီဗာပူး၊ မန်စီးတီးတို့နဲ့ သတင်းတွေ ရှိပေမယ့် အနာဂတ်ကိစ္စ မစဉ်းစားလိုသေးတဲ့သဘော ပြောဆိုလာပါတယ်။
ဖာရန် တောရက်စ်ဟာ လာလီဂါရဲ့ အတောက်ပဆုံး အနာဂတ်ရှိသူလို့ နာမည်ကောင်းရလာသူဖြစ်တယ်။ သူကတော့ နယ်ပယ်သစ်တွေကို ကူးပြောင်းဖို့ အချိန် မတန်သေးဘဲ လာလီဂါမှာပဲ ဆက်လက် ကစားလိုကြောင်း ပြောလာခဲ့တာဖြစ်တယ်။ ဗလန်စီယာဟာ စာချုပ်ကုန်တော့မယ့် တောရက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၉၀ သန်းပါမယ့် စာချုပ်သစ် ပေးလိုနေတာဖြစ်တယ်။
ဖာရန် တောရက်စ်က ပြောရာမှာ ” လူငယ်ကစားသမားအတွက်က လာလီဂါက အကောင်းဆုံးပါပဲ။ ဒီလိဂ်ကပဲ ကျနော်ကို အများကြီး ကူညီပေးသလို အချိန်တိုင်း သင်ယူနေရတယ်။ ဗလန်စီယာမှာကော လာလီဂါမှာပါ ကျနော် အကောင်းဆုံး အသားကျနိုင်တယ်လို့ ထင်ပါတယ်။
ဗလန်စီယာက လက်တလော ပုံစံကောင်းတွေမှာ မရှိပေမယ့်လည်း ဒီမှာ နေနေရတာ ကျနော်အတွက် အဆင်ပြေတယ်လို့ ထင်ပါတယ်။ နောက်ပြီး အခြေအနေတွေကို ပြောင်းလဲအောင် ကျနေ်ာတို့ လုပ်နိုင်မယ်လို့ ထင်ပါတယ် ” လို့ ဖြစ်ပါတယ်။
ဗလန်စီယာဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားကာ လာလီဂါမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ ကစားသမားနဲ့ ဗလန်စီယာကြား စာချုပ်ဟာ လာမယ့်ရာသီမှာ နောက်ဆုံးနှစ်ထဲ စဝင်တော့မှာဖြစ်ပြီး စာချုပ်သစ်ကိစ္စ တိုးတက်မှု ရှိမလာရင်တော့ ပရီးမီးယားလိဂ်ကလပ်တွေ ဝင်ရောက် ချိတ်ဆက်မယ်လို့ သိထားရတာ ဖြစ်ပါတယ်။
ZAWGYI
ဗလန္စီယာအသင္းမွ စပိန္သား တိုက္စစ္သမား ဖာရန္ ေတာရက္စ္က ပရီးမီးယားလိဂ္ကလပ္ လီဗာပူး၊ မန္စီးတီးတို႔နဲ႔ သတင္းေတြ ရွိေပမယ့္ အနာဂတ္ကိစၥ မစဥ္းစားလိုေသးတဲ့သေဘာ ေျပာဆိုလာပါတယ္။
ဖာရန္ ေတာရက္စ္ဟာ လာလီဂါရဲ႕ အေတာက္ပဆံုး အနာဂတ္ရွိသူလို႔ နာမည္ေကာင္းရလာသူျဖစ္တယ္။ သူကေတာ့ နယ္ပယ္သစ္ေတြကို ကူးေျပာင္းဖို႔ အခ်ိန္ မတန္ေသးဘဲ လာလီဂါမွာပဲ ဆက္လက္ ကစားလိုေၾကာင္း ေျပာလာခဲ့တာျဖစ္တယ္။ ဗလန္စီယာဟာ စာခ်ဳပ္ကုန္ေတာ့မယ့္ ေတာရက္စ္ကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၉၀ သန္းပါမယ့္ စာခ်ဳပ္သစ္ ေပးလိုေနတာျဖစ္တယ္။
ဖာရန္ ေတာရက္စ္က ေျပာရာမွာ ” လူငယ္ကစားသမားအတြက္က လာလီဂါက အေကာင္းဆံုးပါပဲ။ ဒီလိဂ္ကပဲ က်ေနာ္ကို အမ်ားၾကီး ကူညီေပးသလို အခ်ိန္တိုင္း သင္ယူေနရတယ္။ ဗလန္စီယာမွာေကာ လာလီဂါမွာပါ က်ေနာ္ အေကာင္းဆံုး အသားက်ႏုိင္တယ္လို႔ ထင္ပါတယ္။
ဗလန္စီယာက လက္တေလာ ပံုစံေကာင္းေတြမွာ မရွိေပမယ့္လည္း ဒီမွာ ေနေနရတာ က်ေနာ္အတြက္ အဆင္ေျပတယ္လို႔ ထင္ပါတယ္။ ေနာက္ျပီး အေျခအေနေတြကို ေျပာင္းလဲေအာင္ က်ေန္ာတို႔ လုပ္ႏုိင္မယ္လို႔ ထင္ပါတယ္ ” လို႔ ျဖစ္ပါတယ္။
ဗလန္စီယာဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ၇ ပြဲမွာ ၁ ပြဲပဲ အႏုိင္ရထားကာ လာလီဂါမွာ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနပါတယ္။ ကစားသမားနဲ႔ ဗလန္စီယာၾကား စာခ်ဳပ္ဟာ လာမယ့္ရာသီမွာ ေနာက္ဆံုးႏွစ္ထဲ စဝင္ေတာ့မွာျဖစ္ျပီး စာခ်ဳပ္သစ္ကိစၥ တိုးတက္မႈ ရွိမလာရင္ေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြ ဝင္ေရာက္ ခ်ိတ္ဆက္မယ္လို႔ သိထားရတာ ျဖစ္ပါတယ္။