လီဗာပူးအသင်းပိုင်ရှင်နဲ့ မန်နေဂျာ ယာဂင်ကလော့ပ်တို့ဟာ တီမိုဝါနာ ခေါ်ယူရေး ဖြစ်နိုင်မှု ခဲယဉ်မှုကို လူကြီးလူကောင်းဆန်တဲ့ ဆက်သွယ် ပြောဆိုမှုတွေနဲ့ အသိပေးခဲ့တယ်လို့ The Athletic က ဖော်ပြသွားပါတယ်။
တီမိုဝါနာဟာ သူ့ရဲ့ ဦးစားပေးအသင်းအဖြစ် လီဗာပူးကို ပြောင်းလိုခဲ့ပြီး မန်နေဂျာ ယာဂင်ကလော့ပ်နဲ့လည်း WhatsApp chats ကနေ နှစ်ကြိမ်တိုင် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ လီဗာပူးဘက်က ဝါနာကို နွေမှာ ခေါ်ယူဖို့ ကြိုတင် စီစဉ်ထားမှုတွေကိုလည်း ကလော့ပ်ကနေ တစ်ဆင့် အကြောင်းပြန်မှုတွေ လုပ်ထားခဲ့တာဖြစ်တယ်။
ဝါနာအတွက် ပလန်-အေက လီဗာပူးအသင်းဖြစ်ပြီး ပလန်-ဘီက လိုက်ဇစ်အသင်းမှာ တစ်နှစ် ဆက်နေဖို့ပါ။ ဒါပေမယ့်လည်း သူ့ရဲ့ စာချုပ်ပါ ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားရမယ့် ပြောင်းရွှေ့ကြေးက အပြောင်းအလဲတွေ ဖြစ်လာစေခဲ့တာဖြစ်တယ်။
လီဗာပူးပိုင်ရှင်အဖွဲ့ FSG က နွေမှာ ဝါနာကို လက်မှတ်ထိုး ခေါ်ယူဖို့ မဖြစ်နိုင်တော့ကြောင်း ယာဂင်ကလော့ပ်ကို အတည်ပြုပေးခဲ့ပါတယ်။ အဲ့နောက် မန်နေဂျာကလော့ပ်က ဝါနာကို ဆက်သွယ်ခဲ့ပြီး ဒီနွေမှာ ဘဏ္ဍာရေး အခက်အခဲအရ လီဗာပူးက ကစားသမားသစ်ကို မြင့်မားတဲ့ အသုံးစရိတ်ပေးဖို့ ခက်ခဲခဲ့ပြီလို့ ရှင်းပြခဲ့တယ်။ လီဗာပူးဘက်က ရှင်းပြမှုကို ဝါနာက ကျေနပ် လက်ခံခဲ့ပါတယ်။
FSG ဟာ လီဗာပူးအသင်းထံက ငွေကြေး တစ်ပြားတစ်ချပ်မှ ထုတ်ယူခဲ့ခြင်း မရှိသလို ကိုရိုနာကပ်ဘေး ကာလမှာ အသင်း ပုံမှန် လည်ပတ်မှုတွေနဲ့ပဲ တောင့်ခံနိုင်ဖို့ ရည်ရွယ်တာကြောင့် ခေါ်ယူမှုကြီး တစ်ခုကိုမှ လုပ်ဆောင်ဖွယ် မရှိတော့ပါဘူး။ လီဗာပူးအသင်းဟာ တစ်နှစ်လုပ်ခ ပေါင် ၃၁၀ ပေးချေနေရပြီး လာမယ့် ၁၂ လကာလမှာ ဒီစိန်ခေါ်မှုကိုပဲ ရင်ဆိုင် ဖြေရှင်းဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
လီဗာပူးက ဝါနာကို ခေါ်ယူဖို့ ရပ်တန့်ခြင်းဟာ ပြောင်းရွှေ့ကြေးတစ်ခုတင် မဟုတ်ဘဲ ကစားသမားအတွက် မြင့်မားတဲ့လုပ်ခ ပေးချေပြီး ပုံမှန် ပွဲထွက်ခွင့် မပေးနိုင်ခြင်းက အသင်းကို ထိခိုက်စေမယ်လို့ ယုံကြည်ခြင်းကြောင့်လည်း ပါဝင်ခဲ့တယ်။ ဝါနာဟာ ချယ်ဆီးမှာ တစ်ပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ ရရှိမှာဖြစ်ပေမယ့် ဒီလုပ်ခဟာ လီဗာပူးမှာတော့ မာနေး၊ ဖာမင်နိုတို့တောင် မရတဲ့ လုပ်ခမျိုးလည်း ဖြစ်ပါတယ်။
လီဗာပူးက ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အာဖရိကကစားသမားတွေကို လက်လွတ်ရတဲ့အခါ ဝါနာကို ပွဲထွက် ၁၁ ဦးစာရင်းထဲ ထည့်သွင်းဖို့ ရည်ရွယ်ထားခဲ့တယ်။ သို့သော်လည်း ကိုရိုနာ ကပ်ဘေးကြောင့် အာဖရိက ဖလားကိုလည်း နောက်ဆုတ်ဖွယ် ရှိတာကြောင့် လာမယ့်ရာသီ တိုက်စစ်ပိုင်း အားပြိုင်ဖို့ ကစားသမားတစ်ဦး ခေါ်ယူရေးက ဦးစားပေး အနေအထားမှာ မရှိတော့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ZAWGYI
လီဗာပူးအသင္းပိုင္ရွင္နဲ႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္တို႔ဟာ တီမိုဝါနာ ေခၚယူေရး ျဖစ္ႏုိင္မႈ ခဲယဥ္မႈကို လူၾကီးလူေကာင္းဆန္တဲ့ ဆက္သြယ္ ေျပာဆိုမႈေတြနဲ႔ အသိေပးခဲ့တယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။
တီမိုဝါနာဟာ သူ႔ရဲ႕ ဦးစားေပးအသင္းအျဖစ္ လီဗာပူးကို ေျပာင္းလိုခဲ့ျပီး မန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔လည္း WhatsApp chats ကေန ႏွစ္ၾကိမ္တိုင္ အစည္းအေဝး ျပဳလုပ္ခဲ့ပါတယ္။ လီဗာပူးဘက္က ဝါနာကို ေႏြမွာ ေခၚယူဖို႔ ၾကိဳတင္ စီစဥ္ထားမႈေတြကိုလည္း ကေလာ့ပ္ကေန တစ္ဆင့္ အေၾကာင္းျပန္မႈေတြ လုပ္ထားခဲ့တာျဖစ္တယ္။
ဝါနာအတြက္ ပလန္-ေအက လီဗာပူးအသင္းျဖစ္ျပီး ပလန္-ဘီက လိုက္ဇစ္အသင္းမွာ တစ္ႏွစ္ ဆက္ေနဖို႔ပါ။ ဒါေပမယ့္လည္း သူ႔ရဲ႕ စာခ်ဳပ္ပါ ဇြန္ ၁၅ ရက္ေန႔ ေနာက္ဆံုးထားရမယ့္ ေျပာင္းေရႊ႔ေၾကးက အေျပာင္းအလဲေတြ ျဖစ္လာေစခဲ့တာျဖစ္တယ္။
လီဗာပူးပိုင္ရွင္အဖြဲ႔ FSG က ေႏြမွာ ဝါနာကို လက္မွတ္ထိုး ေခၚယူဖို႔ မျဖစ္ႏုိင္ေတာ့ေၾကာင္း ယာဂင္ကေလာ့ပ္ကို အတည္ျပဳေပးခဲ့ပါတယ္။ အဲ့ေနာက္ မန္ေနဂ်ာကေလာ့ပ္က ဝါနာကို ဆက္သြယ္ခဲ့ျပီး ဒီေႏြမွာ ဘ႑ာေရး အခက္အခဲအရ လီဗာပူးက ကစားသမားသစ္ကို ျမင့္မားတဲ့ အသံုးစရိတ္ေပးဖို႔ ခက္ခဲခဲ့ျပီလို႔ ရွင္းျပခဲ့တယ္။ လီဗာပူးဘက္က ရွင္းျပမႈကို ဝါနာက ေက်နပ္ လက္ခံခဲ့ပါတယ္။
FSG ဟာ လီဗာပူးအသင္းထံက ေငြေၾကး တစ္ျပားတစ္ခ်ပ္မွ ထုတ္ယူခဲ့ျခင္း မရွိသလို ကိုရိုနာကပ္ေဘး ကာလမွာ အသင္း ပံုမွန္ လည္ပတ္မႈေတြနဲ႔ပဲ ေတာင့္ခံႏုိင္ဖို႔ ရည္ရြယ္တာေၾကာင့္ ေခၚယူမႈၾကီး တစ္ခုကိုမွ လုပ္ေဆာင္ဖြယ္ မရွိေတာ့ပါဘူး။ လီဗာပူးအသင္းဟာ တစ္ႏွစ္လုပ္ခ ေပါင္ ၃၁၀ ေပးေခ်ေနရျပီး လာမယ့္ ၁၂ လကာလမွာ ဒီစိန္ေခၚမႈကိုပဲ ရင္ဆိုင္ ေျဖရွင္းဖို႔ ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။
လီဗာပူးက ဝါနာကို ေခၚယူဖို႔ ရပ္တန္႔ျခင္းဟာ ေျပာင္းေရႊ႔ေၾကးတစ္ခုတင္ မဟုတ္ဘဲ ကစားသမားအတြက္ ျမင့္မားတဲ့လုပ္ခ ေပးေခ်ျပီး ပံုမွန္ ပြဲထြက္ခြင့္ မေပးႏုိင္ျခင္းက အသင္းကို ထိခိုက္ေစမယ္လို႔ ယံုၾကည္ျခင္းေၾကာင့္လည္း ပါဝင္ခဲ့တယ္။ ဝါနာဟာ ခ်ယ္ဆီးမွာ တစ္ပတ္လုပ္ခ ေပါင္ ၁၇၀၀၀၀ ရရွိမွာျဖစ္ေပမယ့္ ဒီလုပ္ခဟာ လီဗာပူးမွာေတာ့ မာေနး၊ ဖာမင္ႏိုတို႔ေတာင္ မရတဲ့ လုပ္ခမ်ိဳးလည္း ျဖစ္ပါတယ္။
လီဗာပူးက ၂၀၂၁ ခုႏွစ္ ဇန္နဝါရီမွာ အာဖရိကကစားသမားေတြကို လက္လြတ္ရတ့ဲအခါ ဝါနာကို ပြဲထြက္ ၁၁ ဦးစာရင္းထဲ ထည့္သြင္းဖို႔ ရည္ရြယ္ထားခဲ့တယ္။ သို႔ေသာ္လည္း ကိုရိုနာ ကပ္ေဘးေၾကာင့္ အာဖရိက ဖလားကိုလည္း ေနာက္ဆုတ္ဖြယ္ ရွိတာေၾကာင့္ လာမယ့္ရာသီ တိုက္စစ္ပိုင္း အားျပိဳင္ဖို႔ ကစားသမားတစ္ဦး ေခၚယူေရးက ဦးစားေပး အေနအထားမွာ မရွိေတာ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။