လီဗာပူးအသင်း ပြန်ကစားမယ့် ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကတော့ ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ အမှတ်ပေးပွဲဖြစ်ကြောင်း ကလပ်ဘက်က တရားဝင် ကြေညာလိုက်ပါပြီ။

လီဗာပူးအသင်းဟာ မြန်မာစံတော်ချိန် ည(၁၂း၃၀) နာရီမှာတော့ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး ဘယ်ကွင်းမှာ ကစားစေမလဲတော့ မကြေညာသေးပါဘူး။ အဲဗာတန်ရဲ့ ဂူဒီဆင်ပါခ်မှာ ကစားရေး အဆင်မပြေရင်တော့ ကြားကွင်းကို ရွှေ့ဆိုင်း ကစားရမှာ ဖြစ်ပါတယ်။

ဇွန် ၂၄ ရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ပဲလေစ့်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ပွဲချိန်ကတော့ ည (၁း၄၅) နာရီမှာဖြစ်ပါတယ်။ နောက်ထပ် ပွဲကတော့ ဇွန်လိုင်လ ၂ ရက်နေ့မှာဖြစ်ပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ကွင်းကို မကြေညာနိုင်သေးပါဘူး။ ပွဲချိန်က ည (၁း၄၅) နာရီမှာဖြစ်ပါတယ်။

ပွဲစဉ်အားလုံးကိုတော့ Sky Sports ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ လာမယ့် ပွဲစဉ် သုံးပွဲအတွက် နေ့ရက်နဲ့ အချိန်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Everton v Liverpool – Sunday June 21, 7pm BST

Liverpool v Crystal Palace – Wednesday June 24, 8.15pm BST

Manchester City v Liverpool – Thursday July 2, 8.15pm BST

တစ်ခုသတိပြုကြရမှာက အဲဗာတန်နဲ့ မန်စီးတီး နှစ်ပွဲလုံးက အဝေးကွင်းတွေ ဖြစ်ပေမယ့် အခုချိန်ထိ ဘယ်ကွင်းမှာ ကစားရမလဲ မသိရသေးတာ ဖြစ်ပါတယ်။ အရင်အပတ်မှာ ဂျိမ်းပီရက်စ် ပြောထားတဲ့ သောကြာနေ့မှာ အရေးကြီးကိစ္စ ကလပ်က ကြေညာမယ်ဆိုတာက ယခု ထုတ်ပြန်တဲ့ ပွဲစဉ်ဇယား အတည်ပြုသတင်းပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း ျပန္ကစားမယ့္ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကေတာ့ ဇြန္လ ၂၁ ရက္ တနဂၤေႏြေန႔မွာ ကစားမယ့္ အဲဗာတန္အသင္းနဲ႔ အမွတ္ေပးပြဲျဖစ္ေၾကာင္း ကလပ္ဘက္က တရားဝင္ ေၾကညာလိုက္ပါျပီ။

လီဗာပူးအသင္းဟာ ျမန္မာစံေတာ္ခ်ိန္ ည(၁၂း၃၀) နာရီမွာေတာ့ အဲဗာတန္နဲ႔ ကစားရမွာျဖစ္ျပီး ဘယ္ကြင္းမွာ ကစားေစမလဲေတာ့ မေၾကညာေသးပါဘူး။ အဲဗာတန္ရဲ႕ ဂူဒီဆင္ပါခ္မွာ ကစားေရး အဆင္မေျပရင္ေတာ့ ၾကားကြင္းကို ေရႊ႔ဆိုင္း ကစားရမွာ ျဖစ္ပါတယ္။

ဇြန္ ၂၄ ရက္ျဖစ္တဲ့ ဗုဒၶဟူးေန႔မွာေတာ့ ပဲေလစ့္ကို အန္ဖီးကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ပြဲခ်ိန္ကေတာ့ ည (၁း၄၅) နာရီမွာျဖစ္ပါတယ္။ ေနာက္ထပ္ ပြဲကေတာ့ ဇြန္လိုင္လ ၂ ရက္ေန႔မွာျဖစ္ျပီး မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ကြင္းကို မေၾကညာႏုိင္ေသးပါဘူး။ ပြဲခ်ိန္က ည (၁း၄၅) နာရီမွာျဖစ္ပါတယ္။

ပြဲစဥ္အားလံုးကိုေတာ့ Sky Sports ကေန ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။ လီဗာပူးရဲ႕ လာမယ့္ ပြဲစဥ္ သံုးပြဲအတြက္ ေန႔ရက္နဲ႔ အခ်ိန္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Everton v Liverpool – Sunday June 21, 7pm BST

Liverpool v Crystal Palace – Wednesday June 24, 8.15pm BST

Manchester City v Liverpool – Thursday July 2, 8.15pm BST

တစ္ခုသတိျပဳၾကရမွာက အဲဗာတန္နဲ႔ မန္စီးတီး ႏွစ္ပြဲလံုးက အေဝးကြင္းေတြ ျဖစ္ေပမယ့္ အခုခ်ိန္ထိ ဘယ္ကြင္းမွာ ကစားရမလဲ မသိရေသးတာ ျဖစ္ပါတယ္။ အရင္အပတ္မွာ ဂ်ိမ္းပီရက္စ္ ေျပာထားတဲ့ ေသာၾကာေန႔မွာ အေရးၾကီးကိစၥ ကလပ္က ေၾကညာမယ္ဆိုတာက ယခု ထုတ္ျပန္တဲ့ ပြဲစဥ္ဇယား အတည္ျပဳသတင္းပဲ ျဖစ္ပါတယ္။