တီမိုဝါနာကို မခေါ်ယူနိုင်ခဲ့ခြင်းကြောင့် လီဗာပူးအသင်းကို စိတ်ပျက်နေကြတဲ့ ပရိသတ်တွေက စိတ်ပျက်စရာပါပဲလို့ ဘီဘီစီ သတင်းထောက် Emma Sanders က မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဒီနှစ်တွေအတွင်း လီဗာပူးအသင်းရဲ့ အပြောင်အရွှေ့ စံပုံစံဟာ ကလပ်တိုင်း စံပြုရတဲ့ အနေအထားကို ရောက်လာခဲ့တာပါ။ အထူးသဖြင့် ထိပ်တန်းတွေနောက်ကို မလိုက်ပဲ ကလပ်အသင်းအတွက် အံဝင်မယ့် ကစားသမားတွေကိုပဲ ရွေးချယ်ခေါ်ယူတဲ့ လီဗာပူး ကစားသမား ခေါ်ယူရေးအဖွဲ့ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးလို့ နာမည်ကောင်းရထားခဲ့တယ်။
ဒီမနက်က ချယ်ဆီးဟာ ဝါနာကို ခေါ်ယူရေး သဘောတူညီချက်ရပြီးလို့ သတင်းထွက်လာပြီးနောက် ကလပ် တာဝန်ရှိသူတွေကို စိတ်ပျက်ခြင်းကြီးစွာ တုန့်ပြန်နေကြတဲ့ လီဗာပူးပရိသတ်တွေရဲ့ ကိုယ်ကလပ်အပေါ် ယုံကြည်ချက် အားနည်းခြင်းကို စတင် ဝေဖန်လာကြတာဖြစ်ပါတယ်။
ဘီဘီစီ သတင်းထောက် Emma Sanders က ” လီဗာပူးပရိသတ်တွေက တကယ်ကို ထူးဆန်းတဲ့ သူတွေပဲ။ လီဗာပူးက ချန်ပီယံလိဂ်ဖလား အနိုင်ရထားတယ်၊ မကြာခင် ပရီးမီးယားလိဂ်ဖလားလည်း အနိုင်ရတော့မယ်၊ သူတို့အသင်းက ကုန်ခဲ့တဲ့ ၅ နှစ်မှာ သိပ်ကောင်းတဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေကိုလည်း လုပ်ထားကြတဲ့ အသင်းဖြစ်ပါတယ်။
အဲ့တာကို အခုမှ တီမိုဝါနာကို မခေါ်နိုင်တဲ့ ကိစ္စကို မပြီးစီးနိုင်အောင် စောဒကတွေ တက်နေကြတယ်။ ဒါပေမယ့်လည်း လီဗာပူးရဲ့ လုပ်ဆောင်ချက်တွေက ကောင်းမွန်နေဆဲပါ။ ကစားသမား တစ်ဦးတည်းနဲ့ သူတို့ လုပ်ထားတဲ့ အကောင်းဆုံး ကိစ္စတွေကို မလုပ်နိုသလို ချိုးလည်း မချိုးဖျက်နိုင်ပါဘူး ” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။
လီဗာပူးအသိုင်းအဝိုင်းကတော့ နွေဈေးကွက်တစ်ခုတည်းထက် လာမယ့် ၁၂ လအတွင်း ဖြစ်လာနိုင်တဲ့ အနေအထား တစ်ခုလုံးကို လီဗာပူးအသင်း တောင့်ခံထားနိုင်ဖို့ အသင်းတာဝန်ရှိသူတွေရဲ့ စီစဉ်မှုအပေါ် မှတ်ချက်ပေးတာမျိုး မရှိသေးဘဲ ရာသီသိမ်းတဲ့ထိ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကိုပဲ အာရုံစိုက်စေလိုတဲ့ သဘောတွေ ပြသထားပါတယ်။
ZAWGYI
တီမိုဝါနာကို မေခၚယူႏုိင္ခဲ့ျခင္းေၾကာင့္ လီဗာပူးအသင္းကို စိတ္ပ်က္ေနၾကတဲ့ ပရိသတ္ေတြက စိတ္ပ်က္စရာပါပဲလို႔ ဘီဘီစီ သတင္းေထာက္ Emma Sanders က မွတ္ခ်က္ေပးသြားခဲ့ပါတယ္။
ဒီႏွစ္ေတြအတြင္း လီဗာပူးအသင္းရဲ႕ အေျပာင္အေရႊ႔ စံပံုစံဟာ ကလပ္တိုင္း စံျပဳရတဲ့ အေနအထားကို ေရာက္လာခဲ့တာပါ။ အထူးသျဖင့္ ထိပ္တန္းေတြေနာက္ကို မလိုက္ပဲ ကလပ္အသင္းအတြက္ အံဝင္မယ့္ ကစားသမားေတြကိုပဲ ေရြးခ်ယ္ေခၚယူတဲ့ လီဗာပူး ကစားသမား ေခၚယူေရးအဖြဲ႔ဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးလို႔ နာမည္ေကာင္းရထားခဲ့တယ္။
ဒီမနက္က ခ်ယ္ဆီးဟာ ဝါနာကို ေခၚယူေရး သေဘာတူညီခ်က္ရျပီးလို႔ သတင္းထြက္လာျပီးေနာက္ ကလပ္ တာဝန္ရွိသူေတြကို စိတ္ပ်က္ျခင္းၾကီးစြာ တုန္႔ျပန္ေနၾကတဲ့ လီဗာပူးပရိသတ္ေတြရဲ႕ ကိုယ္ကလပ္အေပၚ ယံုၾကည္ခ်က္ အားနည္းျခင္းကို စတင္ ေဝဖန္လာၾကတာျဖစ္ပါတယ္။
ဘီဘီစီ သတင္းေထာက္ Emma Sanders က ” လီဗာပူးပရိသတ္ေတြက တကယ္ကို ထူးဆန္းတဲ့ သူေတြပဲ။ လီဗာပူးက ခ်န္ပီယံလိဂ္ဖလား အႏုိင္ရထားတယ္၊ မၾကာခင္ ပရီးမီးယားလိဂ္ဖလားလည္း အႏုိင္ရေတာ့မယ္၊ သူတို႔အသင္းက ကုန္ခဲ့တဲ့ ၅ ႏွစ္မွာ သိပ္ေကာင္းတဲ့ အေျပာင္းအေရႊ႔ လုပ္ငန္းစဥ္ေတြကိုလည္း လုပ္ထားၾကတဲ့ အသင္းျဖစ္ပါတယ္။
အဲ့တာကို အခုမွ တီမိုဝါနာကို မေခၚႏုိင္တဲ့ ကိစၥကို မျပီးစီးႏုိင္ေအာင္ ေစာဒကေတြ တက္ေနၾကတယ္။ ဒါေပမယ့္လည္း လီဗာပူးရဲ႕ လုပ္ေဆာင္ခ်က္ေတြက ေကာင္းမြန္ေနဆဲပါ။ ကစားသမား တစ္ဦးတည္းနဲ႔ သူတို႔ လုပ္ထားတဲ့ အေကာင္းဆံုး ကိစၥေတြကို မလုပ္ႏုိ္သလို ခ်ိဳးလည္း မခ်ိဳးဖ်က္နုိင္ပါဘူး ” လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။
လီဗာပူးအသိုင္းအဝိုင္းကေတာ့ ေႏြေစ်းကြက္တစ္ခုတည္းထက္ လာမယ့္ ၁၂ လအတြင္း ျဖစ္လာႏုိင္တဲ့ အေနအထား တစ္ခုလံုးကို လီဗာပူးအသင္း ေတာင့္ခံထားႏုိင္ဖို႔ အသင္းတာဝန္ရွိသူေတြရဲ႕ စီစဥ္မႈအေပၚ မွတ္ခ်က္ေပးတာမ်ိဳး မရွိေသးဘဲ ရာသီသိမ္းတဲ့ထိ အေကာင္းဆံုး လုပ္ေဆာင္ႏုိင္ဖို႔ကိုပဲ အာရံုစိုက္ေစလိုတဲ့ သေဘာေတြ ျပသထားပါတယ္။