လီဗာပူးအသင်းဟာ ဒီနွေမှာ တီမိုဝါနာကို ခေါ်ယူနိုင်ခြင်း မရှိဘဲ လက်လွတ်လိုက်ရပြီဖြစ်သလို ကစားသမား ခေါ်ယူမှုကြီးတွေ မလုပ်ဖို့ကိုလည်း ဆုံးဖြတ်ခဲ့ပြီလို့ သိရပါတယ်။
လီဗာပူး တာဝန်ရှိသူတွေကတော့ လာမယ့် ၁၂ လဟာ ဘာဖြစ်လာမယ် ကြိုတင် ခန့်မှန်းလို့ မရသေးခြင်းကြောင့် ရာသီကုန် ချန်ပီယံဖြစ်ရေးကိုပဲ ဦးတည်သွားမှာဖြစ်တယ်။ နောက်ထပ် ခြေလှမ်းကတော့ အဓိက ကစားသမားတွေကို သက်တမ်းတိုးဖို့နဲ့ အငှားပြန်လာမယ့် ကစားသမားတွေကို နေရာပေးရေး၊ စီနီယာအသင်းသား အချို့ကို ရောင်းထုတ်ရေးတွေကို အာရုံစိုက်မှာဖြစ်တယ်။
ဒါ့အပြင် လာမယ့် ကာလတွေမှာတော့ မန်နေဂျာကလော့ပ် သဘောတွေ့ထားတဲ့ လူငယ်ကြယ်ပွင့်တွေကို ဆက်လက် စောင့်ကြည့်နေခြင်းကိုပဲ ပြုလုပ်မယ်လို့ သိရတယ်။ လီဗာပူးအသင်း စောင့်ကြည့်မယ့် ကစားသမားတွေထဲမှာ ဆန်ချို၊ ဟာဗက်နဲ့ အော်ရေးတို့လို ကစားသမားတွေလည်း ပါဝင်ထားပါတယ်။
ဆန်ချိုနဲ့ ဟာဗက်တို့ကို သက်ဆိုင်ရာ ကလပ်တွေက ယူရို သန်း ၁၀၀ စီ ဈေးခေါ်ထားပြီး အဆိုပါ ပြောင်းရွှေ့ကြေးတွေကို ဒီနွေမှာ ပေးပြီး ခေါ်ယူခြင်းကို လီဗာပူးအသင်း လုပ်ဆောင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်နှစ်မှာ သူတို့ နှစ်ဦးကို ခေါ်ယူခွင့်အတွက် အခွင့်အရေးရှိရင် ကြိုးစားဖို့ ဆက်လက် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။
The Independent မှ သတင်းထောက် Miguel Delaney ကတော့ လီဗာပူးဟာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ဝင်ရောက် ကမ်းလှမ်းခြင်း မရှိသေးတဲ့ ဆန်ချိုကို ဆက်လက် စောင့်ကြည့်မှု လုပ်ဆောင်လိမ့်မယ်၊ ဆန်ချိုကို ခေါ်ယူနိုင်ရေးမှာ ချန်ပီယံလိဂ်ဝင်ခွင့် ဆိုတဲ့ မက်လုံးပေးဖို့အပြင် ကလပ်ရဲ့ ထိပ်တန်း လုပ်ခမျိုး ပေးရမှာကို လီဗာပူးဘက်က ဝေဖန်စိစစ်ခြင်းတွေ လုပ်ဆောင်နေမယ်လို့ ဖော်ပြပါတယ်။
ပရီးမီးယားလိဂ်မှာ တတိယမြောက် လုပ်ခ အများဆုံး အသင်းအဖြစ် တစ်နှစ်ကို ပေါင် သန်း ၃၁၀ ထိ လုပ်ခပေးနေရတဲ့ လီဗာပူးရဲ့ ရည်ရွယ်ချက်က ကိန်းဂဏန်းတွေ ထပ်တက်လာဖို့ထက် တည်ငြိမ်တဲ့ အနေအထားကို ထိန်းထားဖို့ဖြစ်တယ်လို့ သိရပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဒီေႏြမွာ တီမိုဝါနာကို ေခၚယူႏုိင္ျခင္း မရွိဘဲ လက္လြတ္လိုက္ရျပီျဖစ္သလို ကစားသမား ေခၚယူမႈၾကီးေတြ မလုပ္ဖို႔ကိုလည္း ဆံုးျဖတ္ခဲ့ျပီလို႔ သိရပါတယ္။
လီဗာပူး တာဝန္ရွိသူေတြကေတာ့ လာမယ့္ ၁၂ လဟာ ဘာျဖစ္လာမယ္ ၾကိဳတင္ ခန္႔မွန္းလို႔ မရေသးျခင္းေၾကာင့္ ရာသီကုန္ ခ်န္ပီယံျဖစ္ေရးကိုပဲ ဦးတည္သြားမွာျဖစ္တယ္။ ေနာက္ထပ္ ေျခလွမ္းကေတာ့ အဓိက ကစားသမားေတြကို သက္တမ္းတိုးဖို႔နဲ႔ အငွားျပန္လာမယ့္ ကစားသမားေတြကို ေနရာေပးေရး၊ စီနီယာအသင္းသား အခ်ိဳ႔ကို ေရာင္းထုတ္ေရးေတြကို အာရံုစိုက္မွာျဖစ္တယ္။
ဒါ့အျပင္ လာမယ့္ ကာလေတြမွာေတာ့ မန္ေနဂ်ာကေလာ့ပ္ သေဘာေတြ႔ထားတဲ့ လူငယ္ၾကယ္ပြင့္ေတြကို ဆက္လက္ ေစာင့္ၾကည့္ေနျခင္းကိုပဲ ျပဳလုပ္မယ္လို႔ သိရတယ္။ လီဗာပူးအသင္း ေစာင့္ၾကည့္မယ့္ ကစားသမားေတြထဲမွာ ဆန္ခ်ိဳ၊ ဟာဗက္နဲ႔ ေအာ္ေရးတို႔လို ကစားသမားေတြလည္း ပါဝင္ထားပါတယ္။
ဆန္ခ်ိဳနဲ႔ ဟာဗက္တို႔ကို သက္ဆိုင္ရာ ကလပ္ေတြက ယူရို သန္း ၁၀၀ စီ ေစ်းေခၚထားျပီး အဆိုပါ ေျပာင္းေရႊ႔ေၾကးေတြကို ဒီေႏြမွာ ေပးျပီး ေခၚယူျခင္းကို လီဗာပူးအသင္း လုပ္ေဆာင္မွာ မဟုတ္ဘူး။ ဒါေပမယ့္ ေနာက္ႏွစ္မွာ သူတုိ႔ ႏွစ္ဦးကို ေခၚယူခြင့္အတြက္ အခြင့္အေရးရွိရင္ ၾကိဳးစားဖို႔ ဆက္လက္ ေစာင့္ၾကည့္ေနမွာ ျဖစ္ပါတယ္။
The Independent မွ သတင္းေထာက္ Miguel Delaney ကေတာ့ လီဗာပူးဟာ ယူႏုိက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ ဝင္ေရာက္ ကမ္းလွမ္းျခင္း မရွိေသးတဲ့ ဆန္ခ်ိဳကို ဆက္လက္ ေစာင့္ၾကည့္မႈ လုပ္ေဆာင္လိမ့္မယ္၊ ဆန္ခ်ိဳကို ေခၚယူႏုိင္ေရးမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆိုတဲ့ မက္လံုးေပးဖို႔အျပင္ ကလပ္ရဲ႕ ထိပ္တန္း လုပ္ခမ်ိဳး ေပးရမွာကို လီဗာပူးဘက္က ေဝဖန္စိစစ္ျခင္းေတြ လုပ္ေဆာင္ေနမယ္လို႔ ေဖာ္ျပပါတယ္။
ပရီးမီးယားလိဂ္မွာ တတိယေျမာက္ လုပ္ခ အမ်ားဆံုး အသင္းအျဖစ္ တစ္ႏွစ္ကို ေပါင္ သန္း ၃၁၀ ထိ လုပ္ခေပးေနရတဲ့ လီဗာပူးရဲ႕ ရည္ရြယ္ခ်က္က ကိန္းဂဏန္းေတြ ထပ္တက္လာဖို႔ထက္ တည္ျငိမ္တဲ့ အေနအထားကို ထိန္းထားဖို႔ျဖစ္တယ္လို႔ သိရပါတယ္။