လီဗာပူးအသင်းဟာ ဒီနွေမှာ တီမိုဝါနာကို ခေါ်ယူနိုင်ခြင်း မရှိဘဲ လက်လွတ်လိုက်ရပြီဖြစ်သလို အခြားသော ခေါ်ယူမှုကြီးတွေ မလုပ်ဖို့ကိုလည်း ဆုံးဖြတ်ခဲ့ပြီလို့ သိရပါတယ်။

လာမယ့် ကာလတွေမှာတော့ လီဗာပူးအသင်းဘက်က မန်နေဂျာကလော့ပ် သဘောတွေ့ထားတဲ့ လူငယ်ကြယ်ပွင့်တွေကို ဆက်လက် စောင့်ကြည့်နေမှာဖြစ်ပြီး အဆိုပါ ကစားသမားတွေထဲမှာ ဆန်ချို၊ ဟာဗက်နဲ့ အော်ရေးတို့လို ကစားသမားတွေလည်း ပါဝင်ထားပါတယ်။

လီဗာပူးအသင်းက တီမိုဝါနာကို မခေါ်ယူနိုင်ခဲ့ခြင်းကြောင့် စိတ်ပျက်နေကြတဲ့ ပရိသတ်တွေက ကုန်ခဲ့တဲ့ ၅ နှစ်မှာ သိပ်ကောင်းတဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေကို သံသယဝင်နေခြင်းလည်းဖြစ်ကာ ဒါက စိတ်ပျက်စရာပါပဲလို့ ဘီဘီစီ သတင်းထောက် Emma Sanders က မှတ်ချက်ပေးသွားခဲ့ပါတယ်။

လီဗာပူးအသင်း ပြန်ကစားမယ့် ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကတော့ ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ အမှတ်ပေးပွဲဖြစ်ကြောင်း ကလပ်ဘက်က တရားဝင် ကြေညာလိုက်ပါပြီ။

ဇွန် ၂၄ ရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ပဲလေစ့်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ ဒါကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ဖို့ သေချာတဲ့ ပွဲတစ်ပွဲကို အိမ်ကွင်းမှာ ကစားခွင့် ရသွားပြီဖြစ်ပါတယ်။

လီဗာပူးအသင်းပိုင်ရှင်နဲ့ မန်နေဂျာ ယာဂင်ကလော့ပ်တို့ဟာ တီမိုဝါနာ ခေါ်ယူရေး ဖြစ်နိုင်မှု ခဲယဉ်မှုကို လူကြီးလူကောင်းဆန်တဲ့ ဆက်သွယ် ပြောဆိုမှုတွေနဲ့ အသိပေးခဲ့တယ်လို့ The Athletic က ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ နွေအဓိကပစ်မှတ် ခေါ်ယူရေးအား လက်လျော့ရပြီဖြစ်လို့ ထိပ်တန်း ကစားသမား ခေါ်ယူရေး ကိစ္စထက် ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကို ကာလရှည် သက်တမ်းတိုးရေးကိုပဲ အာရုံစိုက်လာနေပြီ ဖြစ်ပါတယ်။

ဗလန်စီယာအသင်းမှ စပိန်သား တိုက်စစ်သမား ဖာရန် တောရက်စ်က ပရီးမီးယားလိဂ်ကလပ် လီဗာပူး၊ မန်စီးတီးတို့နဲ့ သတင်းတွေ ရှိပေမယ့် အနာဂတ်ကိစ္စ မစဉ်းစားလိုသေးတဲ့သဘော ပြောဆိုလာပါတယ်။

ပရီးမီးယားလိဂ်နဲ့ ရုပ်သံလွှင့် ကုမ္ပဏီတို့ ဒီကာလတွေအတွင်း ညိနှိုင်းနေတဲ့ နည်းစနစ်ဧရိယာမှာ မန်နေဂျာတွေ ဘာပြောနေသလဲ၊ အဝတ်လဲခန်းထဲက အခြေအနေနဲ့ ဥမင်လှိုင်းခေါင်းတွေမှာ အသံဖမ်းစက်တွေ တပ်ဆင်ဖို့ ကိစ္စတွေမှာ ပရီးမီးယားလိဂ်ဘက်က အောင်မြင်ခဲ့ပြီး ကမ်းလှမ်းမှုတွေကို ပယ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ တီမိုဝါနာကို ေခၚယူႏုိင္ျခင္း မရွိဘဲ လက္လြတ္လိုက္ရျပီျဖစ္သလို အျခားေသာ ေခၚယူမႈၾကီးေတြ မလုပ္ဖို႔ကိုလည္း ဆံုးျဖတ္ခဲ့ျပီလို႔ သိရပါတယ္။

လာမယ့္ ကာလေတြမွာေတာ့ လီဗာပူးအသင္းဘက္က မန္ေနဂ်ာကေလာ့ပ္ သေဘာေတြ႔ထားတဲ့ လူငယ္ၾကယ္ပြင့္ေတြကို ဆက္လက္ ေစာင့္ၾကည့္ေနမွာျဖစ္ျပီး အဆိုပါ ကစားသမားေတြထဲမွာ ဆန္ခ်ိဳ၊ ဟာဗက္နဲ႔ ေအာ္ေရးတို႔လို ကစားသမားေတြလည္း ပါဝင္ထားပါတယ္။

လီဗာပူးအသင္းက တီမိုဝါနာကို မေခၚယူႏုိင္ခဲ့ျခင္းေၾကာင့္ စိတ္ပ်က္ေနၾကတဲ့ ပရိသတ္ေတြက ကုန္ခဲ့တဲ့ ၅ ႏွစ္မွာ သိပ္ေကာင္းတဲ့ အေျပာင္းအေရႊ႔ လုပ္ငန္းစဥ္ေတြကို သံသယဝင္ေနျခင္းလည္းျဖစ္ကာ ဒါက စိတ္ပ်က္စရာပါပဲလို႔ ဘီဘီစီ သတင္းေထာက္ Emma Sanders က မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

လီဗာပူးအသင္း ျပန္ကစားမယ့္ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကေတာ့ ဇြန္လ ၂၁ ရက္ တနဂၤေႏြေန႔မွာ ကစားမယ့္ အဲဗာတန္အသင္းနဲ႔ အမွတ္ေပးပြဲျဖစ္ေၾကာင္း ကလပ္ဘက္က တရားဝင္ ေၾကညာလိုက္ပါျပီ။

ဇြန္ ၂၄ ရက္ျဖစ္တဲ့ ဗုဒၶဟူးေန႔မွာေတာ့ ပဲေလစ့္ကို အန္ဖီးကြင္းမွာ ဧည့္ခံရမွာျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါျပီ။ ဒါေၾကာင့္ လီဗာပူးအသင္းဟာ ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာတဲ့ ပြဲတစ္ပြဲကို အိမ္ကြင္းမွာ ကစားခြင့္ ရသြားျပီျဖစ္ပါတယ္။

လီဗာပူးအသင္းပိုင္ရွင္နဲ႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္တို႔ဟာ တီမိုဝါနာ ေခၚယူေရး ျဖစ္ႏုိင္မႈ ခဲယဥ္မႈကို လူၾကီးလူေကာင္းဆန္တဲ့ ဆက္သြယ္ ေျပာဆိုမႈေတြနဲ႔ အသိေပးခဲ့တယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။

လီဗာပူးအသင္းဟာ ေႏြအဓိကပစ္မွတ္ ေခၚယူေရးအား လက္ေလ်ာ့ရျပီျဖစ္လို႔ ထိပ္တန္း ကစားသမား ေခၚယူေရး ကိစၥထက္ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကို ကာလရွည္ သက္တမ္းတိုးေရးကိုပဲ အာရံုစိုက္လာေနျပီ ျဖစ္ပါတယ္။

ဗလန္စီယာအသင္းမွ စပိန္သား တိုက္စစ္သမား ဖာရန္ ေတာရက္စ္က ပရီးမီးယားလိဂ္ကလပ္ လီဗာပူး၊ မန္စီးတီးတို႔နဲ႔ သတင္းေတြ ရွိေပမယ့္ အနာဂတ္ကိစၥ မစဥ္းစားလိုေသးတဲ့သေဘာ ေျပာဆိုလာပါတယ္။

ပရီးမီးယားလိဂ္နဲ႔ ရုပ္သံလႊင့္ ကုမၸဏီတို႔ ဒီကာလေတြအတြင္း ညိႏိႈင္းေနတဲ့ နည္းစနစ္ဧရိယာမွာ မန္ေနဂ်ာေတြ ဘာေျပာေနသလဲ၊ အဝတ္လဲခန္းထဲက အေျခအေနနဲ႔ ဥမင္လိႈင္းေခါင္းေတြမွာ အသံဖမ္းစက္ေတြ တပ္ဆင္ဖို႔ ကိစၥေတြမွာ ပရီးမီးယားလိဂ္ဘက္က ေအာင္ျမင္ခဲ့ျပီး ကမ္းလွမ္းမႈေတြကို ပယ္ခ်ႏုိင္ခဲ့ျပီျဖစ္ပါတယ္။