လီဗာပူးမန်နေဂျာဟောင်း ဂျရတ် ဟူးလီယာက အသင်း ဆုဖလားတွေ ပြန်လည် ကိုင်မြောက်နေတာကို ကျေနပ်နေပြီး လီဗာပူးရဲ့ အသွေးအသားမှာ အရိုးစွဲနေတဲ့ ကိစ္စကိုက ဆုဖလား ကိုင်မြောက်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဟေးဘရော့နောက်ပိုင်း ကျဆုံးမှုတွေ ဆက်တိုက် ရင်ဆိုင်ရတဲ့ လီဗာပူးဟာ ဟူးလီယာရဲ့ တစ်ရာသီ ဖလားသုံးလုံး အောင်မြင်မှုမှာ လမ်းကြောင်းတစ်ခုကို ပြန်ပြီး ရှာဖွေနိုင်ခဲ့တယ်။ အင်္ဂလန်ရဲ့ powerhouse အသင်းကြီးဟာ နိမ့်တစ်လှည့် မြင့်တစ်လှည့် ကာလတွေကို ကျော်ဖြတ်လာခဲ့ပြီး အခုချိန်မှာတော့ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းအဆင့်ကို ပြန်ပြီး တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။

၁၉၉၈-၂၀၀၄ ခုနှစ်ကြားမှာ လီဗာပူးကို ကိုင်တွယ်ခဲ့ပြီး ဆုဖလား ၆ လုံး ရယူပေးနိုင်ခဲ့တဲ့ ဟူးလီယာက လီဗာပူးရဲ့ တိုးတက်လာမှုတွေအကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

“ လီဗာပူးရဲ့ DNA ကိုက ဆုဖလားတွေဖြစ်ပါတယ်။ ဆုဖလားရဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးကိစ္စပါ။ နှစ်ပေါင်း ၃၀ ကြာ စောင့်လာခဲ့ရတယ်။ အမှတ်ပေးဖလားဟာ အသင်းကို သစ္စာရှိစွာ အားပေးနေကြသူတွေ အချိန်အကြာကြီး မျှော်လင့်ခဲ့ရတဲ့ ဆုဖလားပဲ ဖြစ်ပါတယ်။

ဒါက ကမ္ဘာအနှံ့က လီဗာပူး ပရိသတ်တွေအတွက် ချီးမြောက်မှုပါ။ ဒါက လီဗာပူး ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက်ဖြစ်တယ်။ လီဗာပူးက အနိုင်ယူယုံတင် မဟုတ်ပါဘူး။ ကုန်ခဲ့တဲ့ ကာလတွေမှာ ဘယ်သူမှ မလုပ်နိုင်တဲ့ ပုံစံတစ်ခုနဲ့အတူ အမှတ်ပေးဇယားကို ၂၅ မှတ် ဖြတ်နိုင်ခဲ့တာပါ။

ငါ့လက်ထက်မှာ ဆုဖလား ခြောက်လုံး အနိုင်ရခဲ့ပေမယ့် ကလော့ပ်က ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ် ကမ္ဘာဖလားတို့ကို အောင်မြင်ထားတယ်။ အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ် အနိုင်ရတဲ့အခါ လီဗာပူးအသင်းပရိသတ်တွေ ကွင်းထဲမှာ မရှိတာက စိတ်ပျက်စရာပါပဲ။

လီဗာပူးပရိသတ်တွေက ပိုကောင်းတဲ့ နေ့တွေမှာ အတူတကွ အောင်ပွဲခံဖို့ စည်းကမ်းရှိရှိ စောင့်ပေးကြမယ်လို့ မျှော်လင့်ထားတယ်။ အဲ့သည် လူတွေထဲမှာ ငါလည်း ရှိနေချင်ပါတယ်။ ဒါပေမယ့် ဘယ်အချိန် ချန်ပီယံအဖြစ် အောင်ပွဲခံရမယ်တော့ မသိသေးပါဘူး ” လို့ ဟူးလီယာက ပြောခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာေဟာင္း ဂ်ရတ္ ဟူးလီယာက အသင္း ဆုဖလားေတြ ျပန္လည္ ကိုင္ေျမာက္ေနတာကို ေက်နပ္ေနျပီး လီဗာပူးရဲ႕ အေသြးအသားမွာ အရိုးစြဲေနတဲ့ ကိစၥကိုက ဆုဖလား ကိုင္ေျမာက္ဖို႔ျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

ေဟးဘေရာ့ေနာက္ပိုင္း က်ဆံုးမႈေတြ ဆက္တိုက္ ရင္ဆိုင္ရတဲ့ လီဗာပူးဟာ ဟူးလီယာရဲ႕ တစ္ရာသီ ဖလားသံုးလံုး ေအာင္ျမင္မႈမွာ လမ္းေၾကာင္းတစ္ခုကို ျပန္ျပီး ရွာေဖြႏုိင္ခဲ့တယ္။ အဂၤလန္ရဲ႕ powerhouse အသင္းၾကီးဟာ နိမ့္တစ္လွည့္ ျမင့္တစ္လွည့္ ကာလေတြကို ေက်ာ္ျဖတ္လာခဲ့ျပီး အခုခ်ိန္မွာေတာ့ အဂၤလန္ရဲ႕ အေကာင္းဆံုး အသင္းအဆင့္ကို ျပန္ျပီး တိုးတက္လာခဲ့ျပီျဖစ္ပါတယ္။

၁၉၉၈-၂၀၀၄ ခုႏွစ္ၾကားမွာ လီဗာပူးကို ကိုင္တြယ္ခဲ့ျပီး ဆုဖလား ၆ လံုး ရယူေပးႏုိင္ခဲ့တဲ့ ဟူးလီယာက လီဗာပူးရဲ႕ တိုးတက္လာမႈေတြအေၾကာင္း မွတ္ခ်က္ေပးခဲ့ပါတယ္။

“ လီဗာပူးရဲ႕ DNA ကိုက ဆုဖလားေတြျဖစ္ပါတယ္။ ဆုဖလားရဖို႔ဆိုတာ လူတိုင္းအတြက္ အေရးၾကီးကိစၥပါ။ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္လာခဲ့ရတယ္။ အမွတ္ေပးဖလားဟာ အသင္းကို သစၥာရွိစြာ အားေပးေနၾကသူေတြ အခ်ိန္အၾကာၾကီး ေမွ်ာ္လင့္ခဲ့ရတဲ့ ဆုဖလားပဲ ျဖစ္ပါတယ္။

ဒါက ကမၻာအႏွံ႔က လီဗာပူး ပရိသတ္ေတြအတြက္ ခ်ီးေျမာက္မႈပါ။ ဒါက လီဗာပူး ကစားသမားေတြနဲ႔ ဝန္ထမ္းေတြအတြက္ျဖစ္တယ္။ လီဗာပူးက အႏုိင္ယူယံုတင္ မဟုတ္ပါဘူး။ ကုန္ခဲ့တဲ့ ကာလေတြမွာ ဘယ္သူမွ မလုပ္ႏုိင္တဲ့ ပံုစံတစ္ခုနဲ႔အတူ အမွတ္ေပးဇယားကို ၂၅ မွတ္ ျဖတ္ႏုိင္ခဲ့တာပါ။

ငါ့လက္ထက္မွာ ဆုဖလား ေျခာက္လံုး အႏုိင္ရခဲ့ေပမယ့္ ကေလာ့ပ္က ခ်န္ပီယံလိဂ္၊ ယူအီးအက္ဖ္ေအ စူပါဖလားနဲ႔ ကလပ္ ကမၻာဖလားတို႔ကို ေအာင္ျမင္ထားတယ္။ အန္ဖီးကြင္းမွာ ပရီးမီးယားလိဂ္ အႏုိင္ရတဲ့အခါ လီဗာပူးအသင္းပရိသတ္ေတြ ကြင္းထဲမွာ မရွိတာက စိတ္ပ်က္စရာပါပဲ။

လီဗာပူးပရိသတ္ေတြက ပိုေကာင္းတဲ့ ေန႔ေတြမွာ အတူတကြ ေအာင္ပြဲခံဖို႔ စည္းကမ္းရွိရွိ ေစာင့္ေပးၾကမယ္လို႔ ေမွ်ာ္လင့္ထားတယ္။ အဲ့သည္ လူေတြထဲမွာ ငါလည္း ရွိေနခ်င္ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံရမယ္ေတာ့ မသိေသးပါဘူး ” လို႔ ဟူးလီယာက ေျပာခဲ့တာျဖစ္ပါတယ္။