တီမို ဝါနာကို ချယ်ဆီးအသင်းထံ လက်လွတ်ရပြီးတဲ့မှာ လီဗာပူးပရိသတ်တွေက အသင်းရဲ့ လုပ်ဆောင်ချက်ကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ကြသူတွေ အများအပြား ထွက်လာခဲ့တယ်။ အဆိုပါ ပရိသတ်တွေကတော့ ဝါနာကို လီဗာပူးအသင်း တိုက်စစ်သုံးယောက်တန်းကို ဦးဆောင်စေလိုကြတာဖြစ်ပြီး ဒါက လီဗာပူးတိုက်စစ်ပို ပိုမို ပြည့်စုံစေမယ်လို့ ယူဆကြပါတယ်။
ဝါနာဟာ တိုက်စစ် သုံးယောက်တန်းမှာတော့ အထောင်တိုက်စစ်မှူးနေရာကို ကစားသူဖြစ်ပြီး သူက မာနေး၊ ဆာလက်တို့ရဲ့ နေရာကို ခြိမ်းခြောက်ဖို့ထက် ဖာမင်နိုရဲ့ နေရာကိုပဲ တိုက်ရိုက် ခြိမ်းခြောက်မယ့် ကစားသမား ဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေရဲ့ ဝါနာကို လိုချင်စိတ် ပြင်းထန်မှုက ဖာမင်နိုအတွက် စိတ်ပျက်စရာ သတင်းပဲဖြစ်တယ်။
လီဗာပူးပရိသတ်တွေရဲ့ တိုက်စစ်မှူးသစ် လိုချင်လွန်းတဲ့ ဆန္ဒဟာ ဖာမင်နိုကို သူ့ရဲ့ အနာဂတ်အတွက် ပြန်လည် စဉ်းစားဖို့ တွန်းအားတစ်ခု ဖြစ်စေနိုင်ကြောင်း လီဗာပူးအခြေစိုက် သတင်းက ဖော်ထုတ် ရေးသားသွားခဲ့တယ်။ လီဗာပူးတိုက်စစ်ရဲ့ အကောင်းဆုံး ဖန်တီးရှင်ဟာ သူ့နေရာမှာ အခြားသူတစ်ဦး အစားထိုးဖို့ ပရိသတ်တွေ ဆန္ဒပြင်းပြနေခြင်းကို ပျော်ရွှင်နေမှာ မဟုတ်ဘူးလို့ အဆိုပါ သတင်းမှာ သုံးသပ်ခဲ့ပါတယ်။
လီဗာပူးရဲ့ တိုက်စစ်ကြောင်းဟာ ဖာမင်နိုအပေါ် အများကြီး မူတည်နေပါတယ်။ အထောင်တိုက်စစ်မှူးနေရာက တာဝန်ယူတဲ့ ဖာမင်နိုဟာ ဧရိယာထဲဝင်ပြီး ကိုယ်တိုင် အဆုံးသတ်ဖို့ထက် တောင်ပံတွေကနေ အတွင်းကို ဝင်လာမယ့် ဆာလက်၊ မာနေးတို့ကို ဖန်တီးမှု လုပ်ပေးဖို့ ဆိုတဲ့ တာဝန်ကိုပဲ အဓိက ရယူထားတာပါ။ ဒါဟာ သူ့ရဲ့ ဂိုးသွင်းနှုန်းကို အခြား တိုက်စစ်မှူးတွေထက် နည်းပါးစေခြင်း အဓိက အကြောင်းရင်းဖြစ်တယ်။
ဒီရာသီမှာ ဖာမင်နိုက ပြိုင်ပွဲစုံ ၁၁ ဂိုးပဲ သွင်းယူနိုင်ပေမယ့် အာဆင်နယ်လူငယ် မာတင်နယ်လီ ၁၀ ဂိုး သွင်းပြီး ယူနိုက်တက်လူငယ် ဂရင်းဝုဒ် ၁၂ ဂိုးသွင်းထားတာကြောင့် သူ့ကို ပြိုင်ဘက် ပရိသတ်တွေက နှိုင်းယှဉ် နိမ့်ချမှုတွေ ရှိထားကြတယ်။ ဖာမင်နိုက ဂိုးအတွက် တိုက်စစ်မှူးလုပ်နေတာ မဟုတ်ပါဘူး။ ဖာမင်နိုက ဂိုးမသွင်းနိုင်တဲ့ တိုက်စစ်မှူး မဟုတ်ပါဘူး၊ သူ့က အသင်း အနိုင်ရအောင် လုပ်ပေးဖို့ တိုက်စစ်ကစားနေတာဖြစ်တယ်။ ဖာမင်နိုပါတဲ့ ပွဲတွေဟာ နိုင်ပွဲရတဲ့ ပွဲတွေပဲဖြစ်ပါတယ်။
အာဆင်ဝင်းဂါး၊ အွန်နရီလို ပုဂ္ဂိုလ်တွေနဲ့ မော်ရင်ညိုလို မန်နေဂျာက ဖာမင်နိုကို အထင်ကြီးကြပါတယ်။ ဖာမင်နိုဟာ တွဲဘက်တိုက်စစ်သမားကို သွင်းဂိုးတွေ အများကြီး ရစေမယ့် ပါတနာကောင်းအဖြစ် ညွှန်းဆိုကြတယ်။ ဖာမင်နိုဟာ ကိုယ်တိုင်အတွက် ကစားတဲ့ ကစားသမားမျိုး မဟုတ်ပါဘဲ အသင်းအတွက် ကစားသူဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေ ထပ်ပြီး လိုချင်တဲ့ ဝါနာနဲ့ အမ်ဘတ်ပီဟာလည်း တောင်ပံတွေကို ကစားတဲ့ တိုက်စစ်သမားထက် ဖာမင်နိုနေရာမှာပဲ ကစားတဲ့ အထောင်တိုက်စစ်သမားဖြစ်တယ်။ ဒီတော့ ပရိသတ်တွေ အထောင်တိုက်စစ်နေရာကို အသဲအသန် လိုချင်နေတာက ဖာမင်နိုကို လီဗာပူး အနာဂတ်နဲ့ ပက်သက်ပြီး စဉ်းစားဖို့ ဖြစ်စေပါတယ်။
ယာဂင်ကလော့ပ်ဟာ ဖာမင်နိုကို အထူးနှစ်သက်သူတစ်ဦးပါ။ ဒီတစ်ကြိမ်မှာလည်း လိုက်ဇစ်တိုက်စစ်မှူး ဝါနာက ကလော့ပ်ရဲ့ အကြိုက် ကစားသမား ဖြစ်ခဲ့သလို ဂျာမနီတိုက်စစ်မှူးကို ကလပ်ရဲ့ တတိယမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် မခေါ်ရင်လည်း ရကြောင်း အသင်းတာဝန်ရှိသူတွေကို သဘောတူပေးခဲ့တယ်။ ဒါက ဖာမင်နိုအပေါ် ကလော့ပ်ရဲ့ တန်ဖိုးဖြတ်မှုပဲ ဖြစ်ပါတယ်။ သူ့အတွက် တိုက်စစ်မှူးသစ် မရလည်း ရပါတယ်။ ဖာမင်နို ဆက်ရှိနေဖို့ပဲ လိုပါတယ်။
တီမိုဝါနာလို ကစားသမားကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူပြီး တစ်ပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ ပေးပြီးမှ အရန်ခုံမှာ ကြာကြာထားလို့ ရမှာ မဟုတ်ပါဘူး။ ဝါနာ ကစားခွင့်ရရင် ပွဲထွက်ခွင့်ရနေတဲ့ တိုက်စစ်သုံးယောက် စာရင်းကနေ ထွက်ရမယ့် သူက ဖာမင်နိုပဲဖြစ်တယ်။ ဖာမင်နိုက ကွင်းလယ် ဆင်းကစားလို့ ရကြောင်း ပရိသတ်တွေဘက်က မြင်တာတွေ ရှိပေမယ့် သူ အထူးပြုကစားတဲ့ နေရာက တိုက်စစ်ပိုင်း ဖြစ်ပါတယ်။
ဖာမင်နိုက အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန် ရောက်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ အန်ဖီး ကစားသမားဘဝ သုံးနှစ်စာချုပ် ကျန်ရှိနေသေးတာပါ။ အရှိန် တိုးအားကို အသုံးပြုပြီး ကစားတတ်သူ မဟုတ်တဲ့ ဖာမင်နိုဟာ နည်းစနစ်ကျကျ ဖန်တီးမှုနဲ့ ပြိုင်ဘက်တိုက်စစ်ကို ဖြတ်တောက်တဲ့ ဖိအားပေးဟန်ကို အားပြု ကစားသူဖြစ်တယ်။
ဖာမင်နို၊ မာနေး၊ ဆာလက်တို့ဟာ ဒဏ်ရာ မရနိုင်တဲ့ ကစားသမားတွေ မဟုတ်ခြင်းကြောင့် အရန်စာရင်းမှာ ဝါနာကို မြင်လိုကြတာက သဘာဝကျတဲ့ ကိစ္စဖြစ်တယ်။ ဒါပေမယ့် လီဗာပူးရဲ့ အထင်ကရ မှတ်တိုင်းတွေမှာ အဓိကကျတဲ့ တိုက်စစ်သမား တစ်ဦးဦးကို အရန်ခုံထားပြီး အသင်းဟန်ချက် ပျက်စေဖို့ဆိုတာကို ပြောသလောက် လုပ်ရမလွယ်တဲ့ ကိစ္စဖြစ်တာကို နားလည် လက်ခံကြဖို့ လိုအပ်ပါတယ်။
ဝါနာဟာ ထူးချွန်တဲ့ တိုက်စစ်မှူးပါ ဒါပေမယ့် လီဗာပူးတိုက်စစ်ကို ဦးဆောင်ဖို့ ဝါနာနဲ့ ဖာမင်နိုကြား တစ်ဦးကို ရွေးရမယ်ဆိုရင် ကလော့ပ်က ဘယ်သူ့ကို ရွေးမလဲဆိုတာက လက်ရှိ အပြောင်းအရွှေ့မှာတင် သိသာနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
ZAWGYI
တီမို ဝါနာကို ခ်ယ္ဆီးအသင္းထံ လက္လြတ္ရျပီးတဲ့မွာ လီဗာပူးပရိသတ္ေတြက အသင္းရဲ႕ လုပ္ေဆာင္ခ်က္ကို ျပစ္တင္ေဝဖန္မႈေတြ လုပ္ၾကသူေတြ အမ်ားအျပား ထြက္လာခဲ့တယ္။ အဆိုပါ ပရိသတ္ေတြကေတာ့ ဝါနာကို လီဗာပူးအသင္း တိုက္စစ္သံုးေယာက္တန္းကို ဦးေဆာင္ေစလိုၾကတာျဖစ္ျပီး ဒါက လီဗာပူးတိုက္စစ္ပို ပိုမို ျပည့္စံုေစမယ္လို႔ ယူဆၾကပါတယ္။
ဝါနာဟာ တိုက္စစ္ သံုးေယာက္တန္းမွာေတာ့ အေထာင္တိုက္စစ္မွဴးေနရာကို ကစားသူျဖစ္ျပီး သူက မာေနး၊ ဆာလက္တို႔ရဲ႕ ေနရာကို ျခိမ္းေျခာက္ဖို႔ထက္ ဖာမင္ႏိုရဲ႕ ေနရာကိုပဲ တိုက္ရိုက္ ျခိမ္းေျခာက္မယ့္ ကစားသမား ျဖစ္ပါတယ္။ လီဗာပူးပရိသတ္ေတြရဲ႕ ဝါနာကို လိုခ်င္စိတ္ ျပင္းထန္မႈက ဖာမင္ႏိုအတြက္ စိတ္ပ်က္စရာ သတင္းပဲျဖစ္တယ္။
လီဗာပူးပရိသတ္ေတြရဲ႕ တိုက္စစ္မွဴးသစ္ လိုခ်င္လြန္းတဲ့ ဆနၵဟာ ဖာမင္ႏိုကို သူ႔ရဲ႕ အနာဂတ္အတြက္ ျပန္လည္ စဥ္းစားဖို႔ တြန္းအားတစ္ခု ျဖစ္ေစႏုိင္ေၾကာင္း လီဗာပူးအေျခစိုက္ သတင္းက ေဖာ္ထုတ္ ေရးသားသြားခဲ့တယ္။ လီဗာပူးတိုက္စစ္ရဲ႕ အေကာင္းဆံုး ဖန္တီးရွင္ဟာ သူ႔ေနရာမွာ အျခားသူတစ္ဦး အစားထိုးဖို႔ ပရိသတ္ေတြ ဆႏၵျပင္းျပေနျခင္းကို ေပ်ာ္ရႊင္ေနမွာ မဟုတ္ဘူးလို႔ အဆိုပါ သတင္းမွာ သံုးသပ္ခဲ့ပါတယ္။
လီဗာပူးရဲ႕ တိုက္စစ္ေၾကာင္းဟာ ဖာမင္ႏိုအေပၚ အမ်ားၾကီး မူတည္ေနပါတယ္။ အေထာင္တိုက္စစ္မွဴးေနရာက တာဝန္ယူတဲ့ ဖာမင္ႏိုဟာ ဧရိယာထဲဝင္ျပီး ကိုယ္တိုင္ အဆံုးသတ္ဖို႔ထက္ ေတာင္ပံေတြကေန အတြင္းကို ဝင္လာမယ့္ ဆာလက္၊ မာေနးတို႔ကို ဖန္တီးမႈ လုပ္ေပးဖို႔ ဆိုတဲ့ တာဝန္ကိုပဲ အဓိက ရယူထားတာပါ။ ဒါဟာ သူ႔ရဲ႕ ဂိုးသြင္းႏႈန္းကို အျခား တိုက္စစ္မွဴးေတြထက္ နည္းပါးေစျခင္း အဓိက အေၾကာင္းရင္းျဖစ္တယ္။
ဒီရာသီမွာ ဖာမင္နိုက ျပိဳင္ပြဲစံု ၁၁ ဂိုးပဲ သြင္းယူႏုိင္ေပမယ့္ အာဆင္နယ္လူငယ္ မာတင္နယ္လီ ၁၀ ဂိုး သြင္းျပီး ယူႏုိက္တက္လူငယ္ ဂရင္းဝုဒ္ ၁၂ ဂိုးသြင္းထားတာေၾကာင့္ သူ႔ကို ျပိဳင္ဘက္ ပရိသတ္ေတြက ႏိႈင္းယွဥ္ နိမ့္ခ်မႈေတြ ရွိထားၾကတယ္။ ဖာမင္နိုက ဂိုးအတြက္ တိုက္စစ္မွဴးလုပ္ေနတာ မဟုတ္ပါဘူး။ ဖာမင္ႏိုက ဂိုးမသြင္းႏုိင္တဲ့ တိုက္စစ္မွဴး မဟုတ္ပါဘူး၊ သူ႔က အသင္း အႏုိင္ရေအာင္ လုပ္ေပးဖို႔ တိုက္စစ္ကစားေနတာျဖစ္တယ္။ ဖာမင္နိုပါတဲ့ ပြဲေတြဟာ ႏုိင္ပြဲရတဲ့ ပြဲေတြပဲျဖစ္ပါတယ္။
အာဆင္ဝင္းဂါး၊ အြန္နရီလို ပုဂၢိဳလ္ေတြနဲ႔ ေမာ္ရင္ညိဳလို မန္ေနဂ်ာက ဖာမင္ႏိုကို အထင္ၾကီးၾကပါတယ္။ ဖာမင္ႏိုဟာ တြဲဘက္တုိက္စစ္သမားကို သြင္းဂိုးေတြ အမ်ားၾကီး ရေစမယ့္ ပါတနာေကာင္းအျဖစ္ ညႊန္းဆိုၾကတယ္။ ဖာမင္ႏိုဟာ ကိုယ္တုိင္အတြက္ ကစားတဲ့ ကစားသမားမ်ိဳး မဟုတ္ပါဘဲ အသင္းအတြက္ ကစားသူျဖစ္ပါတယ္။
လီဗာပူးပရိသတ္ေတြ ထပ္ျပီး လိုခ်င္တဲ့ ဝါနာနဲ႔ အမ္ဘတ္ပီဟာလည္း ေတာင္ပံေတြကို ကစားတဲ့ တိုက္စစ္သမားထက္ ဖာမင္ႏိုေနရာမွာပဲ ကစားတဲ့ အေထာင္တုိက္စစ္သမားျဖစ္တယ္။ ဒီေတာ့ ပရိသတ္ေတြ အေထာင္တိုက္စစ္ေနရာကို အသဲအသန္ လိုခ်င္ေနတာက ဖာမင္ႏိုကို လီဗာပူး အနာဂတ္နဲ႔ ပက္သက္ျပီး စဥ္းစားဖို႔ ျဖစ္ေစပါတယ္။
ယာဂင္ကေလာ့ပ္ဟာ ဖာမင္ႏိုကို အထူးႏွစ္သက္သူတစ္ဦးပါ။ ဒီတစ္ၾကိမ္မွာလည္း လိုက္ဇစ္တိုက္စစ္မွဴး ဝါနာက ကေလာ့ပ္ရဲ႕ အၾကိဳက္ ကစားသမား ျဖစ္ခဲ့သလို ဂ်ာမနီတုိက္စစ္မွဴးကို ကလပ္ရဲ႕ တတိယေျမာက္ ေစ်းအၾကီးဆံုး ကစားသမားအျဖစ္ ေခၚယူဖို႔ နီးစပ္ခဲ့ေပမယ့္ မေခၚရင္လည္း ရေၾကာင္း အသင္းတာဝန္ရွိသူေတြကို သေဘာတူေပးခဲ့တယ္။ ဒါက ဖာမင္ႏိုအေပၚ ကေလာ့ပ္ရဲ႕ တန္ဖိုးျဖတ္မႈပဲ ျဖစ္ပါတယ္။ သူ႔အတြက္ တိုက္စစ္မွဴးသစ္ မရလည္း ရပါတယ္။ ဖာမင္ႏို ဆက္ရွိေနဖို႔ပဲ လိုပါတယ္။
တီမိုဝါနာလို ကစားသမားကို ယူရို သန္း ၆၀ နဲ႔ ေခၚယူျပီး တစ္ပတ္လုပ္ခ ေပါင္ ၁၇၀၀၀၀ ေပးျပီးမွ အရန္ခံုမွာ ၾကာၾကာထားလို႔ ရမွာ မဟုတ္ပါဘူး။ ဝါနာ ကစားခြင့္ရရင္ ပြဲထြက္ခြင့္ရေနတဲ့ တိုက္စစ္သံုးေယာက္ စာရင္းကေန ထြက္ရမယ့္ သူက ဖာမင္ႏိုပဲျဖစ္တယ္။ ဖာမင္ႏိုက ကြင္းလယ္ ဆင္းကစားလို႔ ရေၾကာင္း ပရိသတ္ေတြဘက္က ျမင္တာေတြ ရွိေပမယ့္ သူ အထူးျပဳကစားတဲ့ ေနရာက တိုက္စစ္ပိုင္း ျဖစ္ပါတယ္။
ဖာမင္ႏိုက အသက္ ၂၈ ႏွစ္ရွိျပီျဖစ္ျပီး သူ႔ရဲ႕ ကစားသမားဘဝ အေကာင္းဆံုးအခ်ိန္ ေရာက္လာခဲ့ျပီျဖစ္ပါတယ္။ သူဟာ အန္ဖီး ကစားသမားဘဝ သံုးႏွစ္စာခ်ဳပ္ က်န္ရွိေနေသးတာပါ။ အရွိန္ တိုးအားကို အသံုးျပဳျပီး ကစားတတ္သူ မဟုတ္တဲ့ ဖာမင္ႏိုဟာ နည္းစနစ္က်က် ဖန္တီးမႈနဲ႔ ျပိဳင္ဘက္တိုက္စစ္ကို ျဖတ္ေတာက္တဲ့ ဖိအားေပးဟန္ကို အားျပဳ ကစားသူျဖစ္တယ္။
ဖာမင္ႏို၊ မာေနး၊ ဆာလက္တို႔ဟာ ဒဏ္ရာ မရႏုိင္တဲ့ ကစားသမားေတြ မဟုတ္ျခင္းေၾကာင့္ အရန္စာရင္းမွာ ဝါနာကို ျမင္လိုၾကတာက သဘာဝက်တဲ့ ကိစၥျဖစ္တယ္။ ဒါေပမယ့္ လီဗာပူးရဲ႕ အထင္ကရ မွတ္တိုင္းေတြမွာ အဓိကက်တဲ့ တိုက္စစ္သမား တစ္ဦးဦးကို အရန္ခံုထားျပီး အသင္းဟန္ခ်က္ ပ်က္ေစဖို႔ဆိုတာကို ေျပာသေလာက္ လုပ္ရမလြယ္တဲ့ ကိစၥျဖစ္တာကို နားလည္ လက္ခံၾကဖို႔ လိုအပ္ပါတယ္။
ဝါနာဟာ ထူးခၽြန္တဲ့ တိုက္စစ္မွဴးပါ ဒါေပမယ့္ လီဗာပူးတိုက္စစ္ကို ဦးေဆာင္ဖို႔ ဝါနာနဲ႔ ဖာမင္ႏိုၾကား တစ္ဦးကို ေရြးရမယ္ဆိုရင္ ကေလာ့ပ္က ဘယ္သူ႔ကို ေရြးမလဲဆိုတာက လက္ရွိ အေျပာင္းအေရႊ႔မွာတင္ သိသာေနတဲ့ ကိစၥပဲ ျဖစ္ပါတယ္။