လီဗာပူးအသင်းဟာ လာမယ့် ၁၂ လ အတွင်းမှာ ကစားသမားသစ် ခေါ်ယူရေး ကိစ္စတွေကို ရပ်တန့်ထားရုံတင် မဟုတ်ဘဲ အခါအခွင့်သင့်ရင် ကစားသမား ရောင်းထုတ်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပလန်-အေ အရ နွေမှာ လီဗာပူးအသင်းဟာ ရှာကွီရီ တစ်ဦးတည်းကို ရောင်းထုတ်ဖို့ စီစဉ်ထားကာ ကားရီးယက်ကို အငှားချဖို့ အသင်းသစ် ရှာဖွေပေးမှာဖြစ်ပြီး ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ အပြီးသတ် ရောင်းထုတ်ပေးမှာဖြစ်တယ်။ အိုရီဂီနဲ့ လိုဗရန်တို့ကိုတော့ အလျင်စလို ရောင်းထုတ်မှာ မဟုတ်သလို ဈေးကောင်းမရရင် ဂရုဂျစ်နဲ့ ဝဲလ်ဆန်ကို လာမယ့် တစ်ရာသီလုံး အသင်းမှာပဲ ဆက်ထားသွားမှာပါ။
ပလန်-ဘီမှာတော့ လီဗာပူးက သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေကို ရအောင် ရှာဖွေပြီး အထက်က ကစားသမား ၆ ဦးလုံးကို ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ ရလာတဲ့ အသုံးစရိတ်ကို ဘယ်လို စီမံမလဲဆိုတဲ့ အနေအထားအတွက်တော့ မသိရသေးပေမယ့် မန်နေဂျာကလော့ပ်ကို အသုံးစရိတ် ကိုင်ခွင့်ပေးမယ်လို့ ယုံကြည်ရတယ်။
လီဗာပူးအသင်းဟာ နှစ်ရာသီဆက်တိုက် ဝင်ငွေဆိုင်ရာ အမြတ်အစွန်းရထားတဲ့ အသင်းဖြစ်ပြီး မနှစ်တုန်းကလည်း ချန်ပီယံလိဂ် အောင်မြင်မှုကြောင့် ဝင်ငွေခွန်ဆောင်အပြီး ပေါင် ၄၂ သန်း အမြတ်ရခဲ့တယ်။ ဒီနှစ်တွေအတွင်း ကလပ်ရဲ့ အကျိုးအမြတ်တွေကို အသင်းပိုင်ရှင်တွေက လုံးဝ ထုတ်ယူခဲ့ခြင်း မရှိဘဲ ကလပ်ရဲ့ ကိုယ်ပိုင် လည်ပတ်မှုတွေအတွက်ပဲ အသုံးပြုခွင့် ပေးထားတာဖြစ်တယ်။
ဒါပေမယ့် ကိုရိုနာကပ်ဘေးမှာ ယူနိုက်တက်နဲ့ စပါးတို့ လုပ်သလို ငွေထုတ်ချေးခြင်းတွေ မလုပ်ဘဲ ကိုယ်ဘာသာ ရပ်တည်နိုင်အောင် အာရုံစိုက်ပါမယ်။ ဒါမှပဲ ကိုဗစ်အလွန်မှာ ချက်ခြင်း နလန်ပြန်ထူလိမ့်မယ်လို့ လီဗာပူးတာဝန်ရှိသူတွေက ယုံကြည်နေတယ်။ ပိုမို အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို သိရဖို့ကတော့ နွေအထိ စောင့်ရပါလိမ့်မယ်။
လီဗာပူးအသင်းရဲ့ အဓိက ကုန်ကျငွေတွေကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော လုပ်ခပေးချေတဲ့ ကလပ်တွေထဲက တစ်သင်းအဖြစ် တစ်နှစ် ပေါင် ၃၁၀ သန်းနဲ့ ပရီးမီးယားလိဂ်ရဲ့ အေးဂျင့်ပေးချေမှု အမြင့်ဆုံးသော အသင်းအဖြစ် စံချိန်တင်မှုတွေဖြစ်တယ်။ ၂၀၁၈ ကနေ ၂၀၁၉ ဇန်နဝါရီအတွင်း လီဗာပူးအသင်းရဲ့ အေးဂျင့်ခ ပေးချေမှုက ပေါင် ၄၃.၈ သန်းထိ ရှိထားပါတယ်။
ယုံကြည်ရသလောက်ကတော့ လီဗာပူးအသင်းဟာ နွေဈေးကွက်ကို မဝင်ဘဲ လက်ရှိ လူစာရင်းက အဓိက ကစားသမား တစ်ဦးမှ လက်လွတ်ရခြင်း မရှိအောင် ထိန်းသိမ်းမှာဖြစ်တယ်။ အကယ်လို့ မန်နေဂျာကလော့ပ်က ကစားသမားသစ် လိုအပ်ကြောင်း တောင်းဆိုရင် စီနီယာ ၆ ဦးကို ရောင်းထုတ်ဖို့ ရွေးချယ်ခြင်းဖြစ်မယ်လို့ သိရပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ လာမယ့္ ၁၂ လ အတြင္းမွာ ကစားသမားသစ္ ေခၚယူေရး ကိစၥေတြကို ရပ္တန္႔ထားရံုတင္ မဟုတ္ဘဲ အခါအခြင့္သင့္ရင္ ကစားသမား ေရာင္းထုတ္မႈေတြကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။
ပလန္-ေအ အရ ေႏြမွာ လီဗာပူးအသင္းဟာ ရွာကီြရီ တစ္ဦးတည္းကို ေရာင္းထုတ္ဖို႔ စီစဥ္ထားကာ ကားရီးယက္ကို အငွားခ်ဖို႔ အသင္းသစ္ ရွာေဖြေပးမွာျဖစ္ျပီး ကမ္းလွမ္းမႈေတြ ရွိလာရင္ေတာ့ အျပီးသတ္ ေရာင္းထုတ္ေပးမွာျဖစ္တယ္။ အိုရီဂီနဲ႔ လိုဗရန္တို႔ကိုေတာ့ အလ်င္စလို ေရာင္းထုတ္မွာ မဟုတ္သလို ေစ်းေကာင္းမရရင္ ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္ကို လာမယ့္ တစ္ရာသီလံုး အသင္းမွာပဲ ဆက္ထားသြားမွာပါ။
ပလန္-ဘီမွာေတာ့ လီဗာပူးက သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈေတြကို ရေအာင္ ရွာေဖြျပီး အထက္က ကစားသမား ၆ ဦးလံုးကို ေရာင္းထုတ္သြားမွာျဖစ္ပါတယ္။ ရလာတဲ့ အသံုးစရိတ္ကို ဘယ္လို စီမံမလဲဆိုတဲ့ အေနအထားအတြက္ေတာ့ မသိရေသးေပမယ့္ မန္ေနဂ်ာကေလာ့ပ္ကို အသံုးစရိတ္ ကိုင္ခြင့္ေပးမယ္လို႔ ယံုၾကည္ရတယ္။
လီဗာပူးအသင္းဟာ ႏွစ္ရာသီဆက္တိုက္ ဝင္ေငြဆိုင္ရာ အျမတ္အစြန္းရထားတဲ့ အသင္းျဖစ္ျပီး မႏွစ္တုန္းကလည္း ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈေၾကာင့္ ဝင္ေငြခြန္ေဆာင္အျပီး ေပါင္ ၄၂ သန္း အျမတ္ရခဲ့တယ္။ ဒီႏွစ္ေတြအတြင္း ကလပ္ရဲ႕ အက်ိဳးအျမတ္ေတြကို အသင္းပိုင္ရွင္ေတြက လံုးဝ ထုတ္ယူခဲ့ျခင္း မရွိဘဲ ကလပ္ရဲ႕ ကိုယ္ပိုင္ လည္ပတ္မႈေတြအတြက္ပဲ အသံုးျပဳခြင့္ ေပးထားတာျဖစ္တယ္။
ဒါေပမယ့္ ကိုရိုနာကပ္ေဘးမွာ ယူႏုိက္တက္နဲ႔ စပါးတို႔ လုပ္သလို ေငြထုတ္ေခ်းျခင္းေတြ မလုပ္ဘဲ ကိုယ္ဘာသာ ရပ္တည္ႏုိင္ေအာင္ အာရံုစိုက္ပါမယ္။ ဒါမွပဲ ကိုဗစ္အလြန္မွာ ခ်က္ျခင္း နလန္ျပန္ထူလိမ့္မယ္လို႔ လီဗာပူးတာဝန္ရွိသူေတြက ယံုၾကည္ေနတယ္။ ပိုမို အေသးစိတ္က်တဲ့ အစီအစဥ္ေတြကို သိရဖို႔ကေတာ့ ေႏြအထိ ေစာင့္ရပါလိမ့္မယ္။
လီဗာပူးအသင္းရဲ႕ အဓိက ကုန္က်ေငြေတြကေတာ့ ကမၻာေပၚမွာ အၾကီးမားဆံုးေသာ လုပ္ခေပးေခ်တဲ့ ကလပ္ေတြထဲက တစ္သင္းအျဖစ္ တစ္ႏွစ္ ေပါင္ ၃၁၀ သန္းနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ေအးဂ်င့္ေပးေခ်မႈ အျမင့္ဆံုးေသာ အသင္းအျဖစ္ စံခ်ိန္တင္မႈေတြျဖစ္တယ္။ ၂၀၁၈ ကေန ၂၀၁၉ ဇန္နဝါရီအတြင္း လီဗာပူးအသင္းရဲ႕ ေအးဂ်င့္ခ ေပးေခ်မႈက ေပါင္ ၄၃.၈ သန္းထိ ရွိထားပါတယ္။
ယံုၾကည္ရသေလာက္ကေတာ့ လီဗာပူးအသင္းဟာ ေႏြေစ်းကြက္ကို မဝင္ဘဲ လက္ရွိ လူစာရင္းက အဓိက ကစားသမား တစ္ဦးမွ လက္လြတ္ရျခင္း မရွိေအာင္ ထိန္းသိမ္းမွာျဖစ္တယ္။ အကယ္လို႔ မန္ေနဂ်ာကေလာ့ပ္က ကစားသမားသစ္ လိုအပ္ေၾကာင္း ေတာင္းဆိုရင္ စီနီယာ ၆ ဦးကို ေရာင္းထုတ္ဖို႔ ေရြးခ်ယ္ျခင္းျဖစ္မယ္လို႔ သိရပါတယ္။