ဒီတစ်ပတ် ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ အစည်းအဝေးမှာ ရုပ်သံလွှင့် အစီအစဉ်တွေ တိုးမြှင့်သွားမယ့် အဆိုပြုချက်ကို ဆန္ဒမဲများ ကောက်ခံခဲ့ရာ လီဗာပူး တစ်သင်းတည်းကသာ ကန့်ကွက်မဲတင်ခဲ့ပြီး ကျန်တဲ့ ၁၉ သင်းက မငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် ကွင်းပိတ် ကစားမှာ ဖြစ်လို့ ရုပ်သံလွှင့် ချယ်နယ်တွေက ပရိသတ်တွေထံ ပိုမို နီးကပ်တဲ့ အစီအစဉ်တွေ ပြသနိုင်ရန် တောင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်။ ထိုတောင်းဆိုမှုတွေအပေါ် ကလပ်အသင်း တော်တော်များများက လက်မခံလိုကြောင်း သဘောထား ပြသခဲ့ပေမယ့် တကယ် မဲခွဲတဲ့ အချိန်မှာ ငြင်းဆန်မှု ထွက်မလာခဲ့ခြင်း ဖြစ်ပါတယ်။

ရုပ်သံလွှင့်ခွင့် တောင်းဆိုထားတဲ့ထဲမှာ ပွဲကြိုမှာ မန်နေဂျာတွေနဲ့ ပြောဆိုမှု အပြင် ကလပ်အသင်းတွေ အထိခိုက် မခံလိုတဲ့ အဝတ်လဲခန်းထဲ ကင်မရာတွေ ထပ်ဆင်တာ၊ ပထမပိုင်း ပွဲပြီး အခန်းတွင်း ပြောဆိုမှုတွေကိုပါ ရိုက်ကူး ထုတ်လွှင့်ချင်တာတွေ ပါဝင်ပါတယ်။

ဘောလုံးပွဲ တစ်ပွဲ အတွင်း အသင်းတွေ အနေနဲ့ သီးသန့်ထားသင့်တဲ့ အဝတ်လဲခန်းထဲက နည်းပြ ကစားသမားချင်း ပြောဆိုမှုနဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ ညွှန်ကြားမှုတွေကို နည်းပြတွေက မပေါက်ကြားလိုကြပါဘူး။

ကလပ်အသင်း တော်တော်များများ ဒါကို လက်မခံလိုကြောင်း ဆိုထားခဲ့ကြပေမယ့် တကယ့် တကယ် ဆန္ဒမဲ ကောက်ခံတဲ့ အခါမှာ ကန့်ကွက်မဲ ထည့်ခဲ့တာက လီဗာပူး တစ်သင်းတည်းသာ ရှိခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ အတွက် ရုပ်သံလွှင့်ခွင့် ထိခိုက်မှုတွေ ရှိထားတာကြောင့် ကလပ်အသင်းတွေက စကိုင်းစပေါ့နဲ့ ဘီတီ စပေါ့တို့ကို ပေါင် သန်း ၃၃၀ ထိ ပြန်အမ်းဖို့လည်း သဘောတူထားရပြီး ဖြစ်ပါတယ်။

ရုပ်သံလိုင်းတွေနဲ့ သီးသန့်ထားလိုတဲ့ အစီအစဉ်တွေကိုတော့ ကလပ်အသင်းတွေက ပေါ်ပေါ်ထင်ထင် ဆန့်ကျင်မှု မပြုလုပ်ခဲ့ကြတာကြောင့် ကလပ်အသင်းတွေရဲ့ အဝတ်လဲခန်းထဲက မြင်ကွင်းတွေကို ပရိသတ်တွေက ဖန်သားပြင်ကနေ မြင်ခွင့် ရဖွယ် ရှိနေပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြရဲ႕ အစည္းအေ၀းမွာ ရုပ္သံလႊင့္ အစီအစဥ္ေတြ တိုးျမွင့္သြားမယ့္ အဆိုျပဳခ်က္ကို ဆႏၵမဲမ်ား ေကာက္ခံခဲ့ရာ လီဗာပူး တစ္သင္းတည္းကသာ ကန္႔ကြက္မဲတင္ခဲ့ျပီး က်န္တဲ့ ၁၉ သင္းက မျငင္းပယ္ခဲ့ေၾကာင္း သိရပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ ကြင္းပိတ္ ကစားမွာ ျဖစ္လို႕ ရုပ္သံလႊင့္ ခ်ယ္နယ္ေတြက ပရိသတ္ေတြထံ ပိုမို နီးကပ္တဲ့ အစီအစဥ္ေတြ ျပသနုိင္ရန္ ေတာင္းဆိုမႈေတြ ျပဳလုပ္ထားပါတယ္။ ထိုေတာင္းဆိုမႈေတြအေပၚ ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားက လက္မခံလိုေၾကာင္း သေဘာထား ျပသခဲ့ေပမယ့္ တကယ္ မဲခြဲတဲ့ အခ်ိန္မွာ ျငင္းဆန္မႈ ထြက္မလာခဲ့ျခင္း ျဖစ္ပါတယ္။

ရုပ္သံလႊင့္ခြင့္ ေတာင္းဆိုထားတဲ့ထဲမွာ ပြဲၾကိဳမွာ မန္ေနဂ်ာေတြနဲ႕ ေျပာဆိုမႈ အျပင္ ကလပ္အသင္းေတြ အထိခိုက္ မခံလိုတဲ့ အ၀တ္လဲခန္းထဲ ကင္မရာေတြ ထပ္ဆင္တာ၊ ပထမပိုင္း ပြဲျပီး အခန္းတြင္း ေျပာဆိုမႈေတြကိုပါ ရိုက္ကူး ထုတ္လႊင့္ခ်င္တာေတြ ပါ၀င္ပါတယ္။

ေဘာလံုးပြဲ တစ္ပြဲ အတြင္း အသင္းေတြ အေနနဲ႕ သီးသန္႔ထားသင့္တဲ့ အ၀တ္လဲခန္းထဲက နည္းျပ ကစားသမားခ်င္း ေျပာဆိုမႈနဲ႕ နည္းစနစ္ပိုင္း ဆိုင္ရာ ညႊန္ၾကားမႈေတြကို နည္းျပေတြက မေပါက္ၾကားလိုၾကပါဘူး။

ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ား ဒါကို လက္မခံလိုေၾကာင္း ဆိုထားခဲ့ၾကေပမယ့္ တကယ့္ တကယ္ ဆႏၵမဲ ေကာက္ခံတဲ့ အခါမွာ ကန္႔ကြက္မဲ ထည့္ခဲ့တာက လီဗာပူး တစ္သင္းတည္းသာ ရွိခဲ့ေၾကာင္း ေဒးလီးေမးလ္က ေဖာ္ျပလာပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ အတြက္ ရုပ္သံလႊင့္ခြင့္ ထိခိုက္မႈေတြ ရွိထားတာေၾကာင့္ ကလပ္အသင္းေတြက စကိုင္းစေပါ့နဲ႕ ဘီတီ စေပါ့တို႔ကို ေပါင္ သန္း ၃၃၀ ထိ ျပန္အမ္းဖို႔လည္း သေဘာတူထားရျပီး ျဖစ္ပါတယ္။

ရုပ္သံလိုင္းေတြနဲ႕ သီးသန္႔ထားလိုတဲ့ အစီအစဥ္ေတြကိုေတာ့ ကလပ္အသင္းေတြက ေပၚေပၚထင္ထင္ ဆန္႔က်င္မႈ မျပဳလုပ္ခဲ့ၾကတာေၾကာင့္ ကလပ္အသင္းေတြရဲ႕ အ၀တ္လဲခန္းထဲက ျမင္ကြင္းေတြကို ပရိသတ္ေတြက ဖန္သားျပင္ကေန ျမင္ခြင့္ ရဖြယ္ ရွိေနပါတယ္။