လီဗာပူးမန်နေဂ၈ျာ ယာဂင်ကလော့ပ်ကတော့ ကလပ်ရဲ့ ဝင်ငွေတွေ ထိုးဆင်းနိုင်တဲ့ အခြေအနေကြောင့် ခေါ်ယူမှုကြီးတွေ ပြုလုပ်ဖွယ် မရှိတဲ့အကြောင်း ဝန်ခံခဲ့တယ်။
ကလော့ပ်ကတော့ အရင်တုန်းက အသင်းဟာ ကစားသမားတွေကို လုပ်ခ မလျော့ဖို့ ပြောထားပေမယ့် အခုချိန်မှာ အဲ့ကိစ္စကို ပြန်စကား ပြောရဖွယ် ရှိကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့တယ်။ လီဗာပူးအသင်းဟာ ကိုရိုနာကပ်ဘေးမှာ ယူနိုက်တက်၊ စပါးတို့လို ချေးငွေ မယူပဲ ကိုယ်ဘာသာ ရပ်တည်နိုင်အောင် ကြိုးစားသွားဖို့ ဆုံးဖြတ်ထားတဲ့သဘော ဖြစ်ပါတယ်။
မန်နေဂျာကလော့ပ်က ” အင်္ဂလန်မှာတော့ ယူနိုက်တက်က ဟိုတစ်ယောက်ခေါ်မယ်၊ ချယ်ဆီးက ဒီတစ်ယောက်ခေါ်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ အများကြီး ထွက်နေပါတယ်။ လီဗာပူးမှာတော့ ဒီအခြေအနေမှာ အဲ့လို သတင်းတွေ မရှိပဲ ငြိမ်သက်နေတယ်။ ဒါကို ပြောပြလို့ ရပါတယ်။
ကစားသမား ခေါ်ယူမှုတွေ အလေးအနက် လုပ်ပြီး အသင်းကို ပုံမှန် လည်ပတ်နိုင်ဖို့ဆိုတာ ဝင်ငွေတွေအပေါ် မူတည်နေပါတယ်။ အခုဆိုရင် ကျနေ်ာတို့က ဝင်ငွေ ဘယ်လောက်ရှိမလဲ တွက်ချက်လို့ မရပါဘူး။ ဘာလို့လည်းဆိုတော့ ပရိသတ်တွေ ဝင်ခွင့်ပေးမှုနဲ့အတူ ဘယ်အချိန်မှာ ကစားကွင်းတွေထဲ ပရိသတ်တွေ ပြန်င်မလဲဆိုတာကို ကျနေ်ာတို့ မသိနိုင်ဘူး ဖြစ်နေတယ်။
ဒီအခြေအနေမှာ ကလပ်အားလုံးက ငွေကြေးတွေ ဆုံးရံှူးနေတယ်။ ပရိသတ်တွေ မပါတာကြောင့် ကျနေ်ာတို့ လက်မှတ်ခတွေ ပြန်ပေးနေရတယ်။ နောက်နှစ်အတွက်လည်း လက်မှတ် ရောင်းရဖွယ် မရှိဘူး။ အနည်းဆုံး အစောပိုင်း ၁၀ ပွဲ ၁၅ ပွဲလောက်ထိ လက်မှတ် ရောင်းလို့မရလောက်ဘူး။ အထူးတန်း ပွဲကြည့်စင်တွေမှာလည်း လူရှိမှာ မဟုတ်သလို လက်မှတ်တွေလည်း ရောင်းလို့မရပါဘူး။
ဒါက အခြားသော စီးပွားရေဆိုင်ရာ လက်တွဲဘက်တွေနဲ့ပါ သက်ရောက်မှု ရှိလာနိုင်တာဖြဖစ်တယ်။ အခြေအနေတွေက ခြားနားလာပါတယ်။ ကစားသမားတွေနဲ့ ပက်သက်ပြီး လုပ်ခလစာ ကိစ္စတွေ ဆွေးနွေးဖို့ လိုလာသလို အခြားတစ်ဘက်မှာလည်း ကစားသမား တစ်ယောက်ကို ပေါင် ၅၀-၆၀ သန်း သုံးပြီး ခေါ်ယူဖို့ ဆိုတဲ့ ကိစ္စ အခက်အခဲဖြစ်လာတာကို ရှင်းပြဖို့ လိုလာပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။
ZAWGYI
လီဗာပူးမန္ေနဂ၈်ာ ယာဂင္ကေလာ့ပ္ကေတာ့ ကလပ္ရဲ႕ ဝင္ေငြေတြ ထိုးဆင္းႏုိင္တဲ့ အေျခအေနေၾကာင့္ ေခၚယူမႈၾကီးေတြ ျပဳလုပ္ဖြယ္ မရွိတဲ့အေၾကာင္း ဝန္ခံခဲ့တယ္။
ကေလာ့ပ္ကေတာ့ အရင္တုန္းက အသင္းဟာ ကစားသမားေတြကို လုပ္ခ မေလ်ာ့ဖို႔ ေျပာထားေပမယ့္ အခုခ်ိန္မွာ အဲ့ကိစၥကို ျပန္စကား ေျပာရဖြယ္ ရွိေၾကာင္းကို ထုတ္ေဖာ္ ေျပာဆိုလာခဲ့တယ္။ လီဗာပူးအသင္းဟာ ကိုရိုနာကပ္ေဘးမွာ ယူႏိုက္တက္၊ စပါးတို႔လို ေခ်းေငြ မယူပဲ ကိုယ္ဘာသာ ရပ္တည္ႏုိင္ေအာင္ ၾကိဳးစားသြားဖို႔ ဆံုးျဖတ္ထားတဲ့သေဘာ ျဖစ္ပါတယ္။
မန္ေနဂ်ာကေလာ့ပ္က ” အဂၤလန္မွာေတာ့ ယူႏုိက္တက္က ဟိုတစ္ေယာက္ေခၚမယ္၊ ခ်ယ္ဆီးက ဒီတစ္ေယာက္ေခၚမယ္ဆိုတဲ့ ေကာလဟာလ သတင္းေတြ အမ်ားၾကီး ထြက္ေနပါတယ္။ လီဗာပူးမွာေတာ့ ဒီအေျခအေနမွာ အဲ့လို သတင္းေတြ မရွိပဲ ျငိမ္သက္ေနတယ္။ ဒါကို ေျပာျပလို႔ ရပါတယ္။
ကစားသမား ေခၚယူမႈေတြ အေလးအနက္ လုပ္ျပီး အသင္းကို ပံုမွန္ လည္ပတ္ႏုိင္ဖို႔ဆိုတာ ဝင္ေငြေတြအေပၚ မူတည္ေနပါတယ္။ အခုဆိုရင္ က်ေန္ာတို႔က ဝင္ေငြ ဘယ္ေလာက္ရွိမလဲ တြက္ခ်က္လို႔ မရပါဘူး။ ဘာလို႔လည္းဆိုေတာ့ ပရိသတ္ေတြ ဝင္ခြင့္ေပးမႈနဲ႔အတူ ဘယ္အခ်ိန္မွာ ကစားကြင္းေတြထဲ ပရိသတ္ေတြ ျပန္င္မလဲဆိုတာကို က်ေန္ာတုိ႔ မသိႏုိင္ဘူး ျဖစ္ေနတယ္။
ဒီအေျခအေနမွာ ကလပ္အားလံုးက ေငြေၾကးေတြ ဆံုးရံွဴးေနတယ္။ ပရိသတ္ေတြ မပါတာေၾကာင့္ က်ေန္ာတုိ႔ လက္မွတ္ခေတြ ျပန္ေပးေနရတယ္။ ေနာက္ႏွစ္အတြက္လည္း လက္မွတ္ ေရာင္းရဖြယ္ မရွိဘူး။ အနည္းဆံုး အေစာပိုင္း ၁၀ ပြဲ ၁၅ ပြဲေလာက္ထိ လက္မွတ္ ေရာင္းလို႔မရေလာက္ဘူး။ အထူးတန္း ပြဲၾကည့္စင္ေတြမွာလည္း လူရွိမွာ မဟုတ္သလို လက္မွတ္ေတြလည္း ေရာင္းလို႔မရပါဘူး။
ဒါက အျခားေသာ စီးပြားေရဆိုင္ရာ လက္တြဲဘက္ေတြနဲ႔ပါ သက္ေရာက္မႈ ရွိလာႏုိင္တာျဖဖစ္တယ္။ အေျခအေနေတြက ျခားနားလာပါတယ္။ ကစားသမားေတြနဲ႔ ပက္သက္ျပီး လုပ္ခလစာ ကိစၥေတြ ေဆြးေႏြးဖို႔ လိုလာသလို အျခားတစ္ဘက္မွာလည္း ကစားသမား တစ္ေယာက္ကို ေပါင္ ၅၀-၆၀ သန္း သံုးျပီး ေခၚယူဖို႔ ဆိုတဲ့ ကိစၥ အခက္အခဲျဖစ္လာတာကို ရွင္းျပဖို႔ လိုလာပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။