မန်နေဂျာ ယာဂင်ကလော့ပ်က ဂျာမနီ ကစားသမားတွေဖြစ်တဲ့ ဝါနာနဲ့ ဟာဗက်တို့ဟာ ကစားသမားကောင်းတွေ ဖြစ်ပေမယ့် လီဗာပူး ဂရုစိုက်နေရမှာက ဒီလို ကိစ္စတွေ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီရက်တွေမှာ နွေအပြောင်းအရွှေ့အတွက် အင်အားဖြည့်ရေးကိုပဲ ဆန္ဒပြင်းပြတဲ့ ပရိသတ်တွေ ပေါ်ပေါက်နေတာပါ။ မန်နေဂျာကလော့ပ်က အရင်အပတ်တွေတုန်းက လီဗာပူးဟာ ဘောလုံးပွဲ ပြန်လည်စတင်နိုင်ဖို့ကို ဘယ်လောက်ထိ အားစိုက်ထားရသလဲဆိုတာကို မမေ့ကြစေလိုကြောင်း သတိပေးလိုက်တာဖြစ်တယ်။

ကိုရိုနာကပ်ဘေးကြောင့် ဘောလုံးပွဲတွေ ပြန်မကစားရတော့မယ့် အနေအထားဟာ လီဗာပူးရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်တွေကို အထိနာစေခဲ့တယ်။ အခုချိန်မှာတော့ အခွင့်အရေးရလာပြီဖြစ်လို့ ကစားသမားကောင်းတွေ ခေါ်ယူရေးဆိုတာထက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးကိုပဲ အာရုံအပြည့် နစ်မြုပ်ထားမယ့်သဘော မန်နေဂျာကြီးက ဆိုလိုက်တာဖြစ်ပါတယ်။

ကလော့ပ်က ပြောရာမှာ ” ကမ္ဘာကြီးမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ တီမိုဝါနာက ကစားသမားကောင်းဖြစ်သလို ကိုင်းဟာဗက်ကလည်း ကစားသမားကောင်းဖြစ်ပါတယ်။

အခုချိန်မှာ အခွင့်အရေးတွေ အားလုံးက အားလုံး ပြုံပြီး ရောက်လာတဲ့ အနေအထားဖြစ်ပါတယ်။ အရင် ၆ ပတ်၊ ၇ ပတ်လောက်ကဆိုရင် ဒီရာသီမှာ ဘောလုံးတောင်မှ ဆက်ကစားနိုင်ပါတော့မလား မသိခဲ့ကြပါဘူး။

လက်ကျန် ရာသီဝက်ကို ဆက်မကစားနိုင်ဘူးဆိုရင် ကျနော်တို့တွေက ‘ဘောလုံးပွဲတွေကို နောက်တစ်ကြိမ် ပြန်ကစားခွင့်တောင်မှ ရပါတော့မလား?’ ဆိုပြီး တွေးမိခဲ့ကြတာပါ။ အခုချိန်မှာတော့ ကျနေ်ာတို့ ဘောလုံးပွဲတွေကို ပြန်လည် ကစားခွင့် ရလာခဲ့ပါပြီ။

အရာအားလုံး အဆင်ပြေနေပြီလို့ ကျနေ်ာတို့ ဟန်ဆောင်ပြုမှုနေလို့ မရပါဘူး။ အားလုံး အဆင်ပြေနေသေးတာ မဟုတ်ပါဘူး။ ရလာတဲ့ ဒီ ကယ်ပေါက် သေးသေးလေးကို အသုံးချပြီး ကျန်တဲ့ ဘောလုံးပွဲတွေကို နောက်တစ်ကြိမ် ကစားနိုင်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ ကျနေ်ာတို့ရဲ့ အာရုံ အားလုံးက ဒီအခိုက်အတန့် ဖြစ်လာဖို့ကိုပဲ ဂရုစိုက်ရမှာပါ။ အနာဂတ်မှာ အားလုံး အဆင်ပြေသွားမယ်ဆိုပြီး ဟန်ဆောင်နေလို့ မရပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဂ်ာမနီ ကစားသမားေတြျဖစ္တဲ့ ဝါနာနဲ႔ ဟာဗက္တို႔ဟာ ကစားသမားေကာင္းေတြ ျဖစ္ေပမယ့္ လီဗာပူး ဂရုစိုက္ေနရမွာက ဒီလို ကိစၥေတြ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

ဒီရက္ေတြမွာ ေႏြအေျပာင္းအေရႊ႔အတြက္ အင္အားျဖည့္ေရးကိုပဲ ဆႏၵျပင္းျပတဲ့ ပရိသတ္ေတြ ေပၚေပါက္ေနတာပါ။ မန္ေနဂ်ာကေလာ့ပ္က အရင္အပတ္ေတြတုန္းက လီဗာပူးဟာ ေဘာလံုးပြဲ ျပန္လည္စတင္ႏုိင္ဖို႔ကို ဘယ္ေလာက္ထိ အားစိုက္ထားရသလဲဆိုတာကို မေမ့ၾကေစလိုေၾကာင္း သတိေပးလိုက္တာျဖစ္တယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ ေဘာလံုးပြဲေတြ ျပန္မကစားရေတာ့မယ့္ အေနအထားဟာ လီဗာပူးရဲ႕ အမွတ္ေပးဖလား ေမွ်ာ္လင့္ခ်က္ေတြကို အထိနာေစခဲ့တယ္။ အခုခ်ိန္မွာေတာ့ အခြင့္အေရးရလာျပီျဖစ္လို႔ ကစားသမားေကာင္းေတြ ေခၚယူေရးဆိုတာထက္ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေရးကိုပဲ အာရံုအျပည့္ နစ္ျမဳပ္ထားမယ့္သေဘာ မန္ေနဂ်ာၾကီးက ဆိုလိုက္တာျဖစ္ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” ကမၻာၾကီးမွာ ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိပါတယ္။ တီမိုဝါနာက ကစားသမားေကာင္းျဖစ္သလို ကိုင္းဟာဗက္ကလည္း ကစားသမားေကာင္းျဖစ္ပါတယ္။

အခုခ်ိန္မွာ အခြင့္အေရးေတြ အားလံုးက အားလံုး ျပံဳျပီး ေရာက္လာတဲ့ အေနအထားျဖစ္ပါတယ္။ အရင္ ၆ ပတ္၊ ၇ ပတ္ေလာက္ကဆိုရင္ ဒီရာသီမွာ ေဘာလံုးေတာင္မွ ဆက္ကစားႏုိင္ပါေတာ့မလား မသိခဲ့ၾကပါဘူး။

လက္က်န္ ရာသီဝက္ကို ဆက္မကစားႏုိင္ဘူးဆိုရင္ က်ေနာ္တုိ႔ေတြက ‘ေဘာလံုးပြဲေတြကို ေနာက္တစ္ၾကိမ္ ျပန္ကစားခြင့္ေတာင္မွ ရပါေတာ့မလား?’ ဆိုျပီး ေတြးမိခဲ့ၾကတာပါ။ အခုခ်ိန္မွာေတာ့ က်ေန္ာတုိ႔ ေဘာလံုးပြဲေတြကို ျပန္လည္ ကစားခြင့္ ရလာခဲ့ပါျပီ။

အရာအားလံုး အဆင္ေျပေနျပီလို႔ က်ေန္ာတို႔ ဟန္ေဆာင္ျပဳမႈေနလို႔ မရပါဘူး။ အားလံုး အဆင္ေျပေနေသးတာ မဟုတ္ပါဘူး။ ရလာတဲ့ ဒီ ကယ္ေပါက္ ေသးေသးေလးကို အသံုးခ်ျပီး က်န္တဲ့ ေဘာလံုးပြဲေတြကို ေနာက္တစ္ၾကိမ္ ကစားႏုိင္ဖို႔ လုပ္ရမွာ ျဖစ္ပါတယ္။ က်ေန္ာတို႔ရဲ႕ အာရံု အားလံုးက ဒီအခိုက္အတန္႔ ျဖစ္လာဖို႔ကိုပဲ ဂရုစိုက္ရမွာပါ။ အနာဂတ္မွာ အားလံုး အဆင္ေျပသြားမယ္ဆိုျပီး ဟန္ေဆာင္ေနလို႔ မရပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။