လီဗာပူးအသင်း တာဝန်ရှိသူတွေကတော့ ခံစစ်သမား ဗန်ဒိုက်ကို ကာလရှည် သက်တမ်းတိုးစာချုပ် ပေးပို့မှာဖြစ်ပြီး ကလပ် စံချိန်တင် လုပ်ခမျိုး ပါဝင်မယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ကနဦး ပေါင် သန်း ၇၀ ဖြင့် ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဗန်ဒိုက်ဟာ ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုထားခဲ့တာပါ။ သူ့ရဲ့ စာချုပ်ဟောင်းက သုံးနှစ်ကာလထိ ကျန်သေးပေမယ့် နယ်သာလန်သားကို ကစားသမားဘဝ ကုန်ဆုံးချိန်ထိ လီဗာပူးမှာ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။
ဗန်ဒိုက်ရဲ့ လက်ရှိ လုပ်ခအရ သူဟာ တစ်ပတ်ကို လုပ်ခ ပေါင် ၁၂၅၀၀၀ ရရှိနေတာဖြစ်ပြီး လက်မှတ်ထိုးကြေး ပေါင် ၆ သန်းအပြင် သစ္စာရှိကြေး ပေါင် ၅ သန်း ရရှိထားပါတယ်။ ဆက်ပြီးလည်း လီဗာပူးအတွက် ပွဲ ၁၅၀ ပြည့်ချိန်မှာ ပေါင် ၄ သန်းအပြင် အခြားသော ဆုကြေးတွေကိုလည်း ရရှိနေတာဖြစ်တယ်။
လီဗာပူးအသင်းဟာ ကစားသမားတွေကို ပုံသေ လုပ်ခထက် စွမ်းဆောင်ရည်အလိုက် ဆုကြေးတွေကို ပိုပေးတဲ့ လုပ်ခမျိုးကို ပေးလေ့ရှိတာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ ဗန်ဒိုက်ကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိပေးမယ့် နှစ်ရှည် စာချုပ်တစ်စောင်ကို ပေးသွားမှာပါ။ အနည်းဆုံး ၅ နှစ်ကနေ ၇ နှစ်ထိ သက်တမ်းတိုးမယ့် စာချုပ်လို့လည်း သိထားရပါတယ်။
စာချုပ်ပါတန်ကြေးက ပေါင် သန်း ၅၀-၆၀ တန်ကြေးရှိမှာဖြစ်သလို ဆုကြေးပေးမယ့် သဘောတူညီမှုတွေကိုလည်း ထည့်သွင်းဖွယ်ရှိတယ်။ ဒါဟာ လီဗာပူးဘောလုံးသမိုင်းမှာ အမြင့်ဆုံးသော တစ်ဦးချင်းအလိုက် ပေးမယ့် စာချုပ်လို့လည်း သတင်းထွက်နေပါတယ်။
စာချုပ်သစ်ကိစ္စကို ဒီရာသီ အပြီးမှ စတင် ဆွေးနွေးမှာဖြစ်ပြီး နှစ်ဘက် သဘောတူကြမယ်ဆိုရင် ဗန်ဒိုက်ဟာ လီဗာပူးသမိုင်းမှာ လုပ်ခ အမြင့်ဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္း တာဝန္ရွိသူေတြကေတာ့ ခံစစ္သမား ဗန္ဒိုက္ကို ကာလရွည္ သက္တမ္းတိုးစာခ်ဳပ္ ေပးပို႔မွာျဖစ္ျပီး ကလပ္ စံခ်ိန္တင္ လုပ္ခမ်ိဳး ပါဝင္မယ္လို႔ သိရပါတယ္။
၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာ ကနဦး ေပါင္ သန္း ၇၀ ျဖင့္ ေဆာက္သမ္တန္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဗန္ဒိုက္ဟာ ၅ ႏွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့တာပါ။ သူ႔ရဲ႕ စာခ်ဳပ္ေဟာင္းက သံုးႏွစ္ကာလထိ က်န္ေသးေပမယ့္ နယ္သာလန္သားကို ကစားသမားဘဝ ကုန္ဆံုးခ်ိန္ထိ လီဗာပူးမွာ ဆက္ရွိေနမယ့္ စာခ်ဳပ္သစ္ကို ေပးပို႔သြားမွာ ျဖစ္ပါတယ္။
ဗန္ဒိုက္ရဲ႕ လက္ရွိ လုပ္ခအရ သူဟာ တစ္ပတ္ကို လုပ္ခ ေပါင္ ၁၂၅၀၀၀ ရရွိေနတာျဖစ္ျပီး လက္မွတ္ထိုးေၾကး ေပါင္ ၆ သန္းအျပင္ သစၥာရွိေၾကး ေပါင္ ၅ သန္း ရရွိထားပါတယ္။ ဆက္ျပီးလည္း လီဗာပူးအတြက္ ပြဲ ၁၅၀ ျပည့္ခ်ိန္မွာ ေပါင္ ၄ သန္းအျပင္ အျခားေသာ ဆုေၾကးေတြကိုလည္း ရရွိေနတာျဖစ္တယ္။
လီဗာပူးအသင္းဟာ ကစားသမားေတြကို ပံုေသ လုပ္ခထက္ စြမ္းေဆာင္ရည္အလိုက္ ဆုေၾကးေတြကို ပိုေပးတဲ့ လုပ္ခမ်ိဳးကို ေပးေလ့ရွိတာျဖစ္တယ္။ ဒီတစ္ၾကိမ္မွာေတာ့ ဗန္ဒိုက္ကို တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းထိေပးမယ့္ ႏွစ္ရွည္ စာခ်ဳပ္တစ္ေစာင္ကို ေပးသြားမွာပါ။ အနည္းဆံုး ၅ ႏွစ္ကေန ၇ ႏွစ္ထိ သက္တမ္းတိုးမယ့္ စာခ်ဳပ္လို႔လည္း သိထားရပါတယ္။
စာခ်ဳပ္ပါတန္ေၾကးက ေပါင္ သန္း ၅၀-၆၀ တန္ေၾကးရွိမွာျဖစ္သလို ဆုေၾကးေပးမယ့္ သေဘာတူညီမႈေတြကိုလည္း ထည့္သြင္းဖြယ္ရွိတယ္။ ဒါဟာ လီဗာပူးေဘာလံုးသမိုင္းမွာ အျမင့္ဆံုးေသာ တစ္ဦးခ်င္းအလိုက္ ေပးမယ့္ စာခ်ဳပ္လို႔လည္း သတင္းထြက္ေနပါတယ္။
စာခ်ဳပ္သစ္ကိစၥကို ဒီရာသီ အျပီးမွ စတင္ ေဆြးေႏြးမွာျဖစ္ျပီး ႏွစ္ဘက္ သေဘာတူၾကမယ္ဆိုရင္ ဗန္ဒိုက္ဟာ လီဗာပူးသမိုင္းမွာ လုပ္ခ အျမင့္ဆံုး ကစားသမား ျဖစ္လာမွာ ျဖစ္ပါတယ္။