လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ အသင်း ချန်ပီယံဖြစ်ရင်တောင် ခမ်းနားတဲ့ အောင်ပွဲခံမှု မလုပ်ပါဘူးလို့ ပြောဆိုထားပါတယ်။
ကိုရိုနာ ကပ်ဘေးမှာ လူစုလူဝေး မဖြစ်စေဖို့အတွက် ဘယ်ပရိသတ်မှ အန်ဖီးကွင်း မလာပါနဲ့လို့ တားမြစ်ထားတဲ့ ကလော့ပ်က နှစ် ၃၀ ကြာ ဝေးကွားနေတဲ့ အမှတ်ပေးဖလား ပြန်ရရေး ကြိုးစားနေချိန်မှာ သည်ခံပေးကြဖို့ တောင်းဆိုထားတာပါ။ မနေ့က ဂျာမနီမှာ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ဘယ်အချိန်မှာ အောင်ပွဲခံမလဲ မေးခွန်းကို ကလော့ပ်က ထပ်ဖြေခဲ့ပါတယ်။
ကလော့ပ်က ” ကိုယ်အမြဲ အိပ်မက်မက်ခဲ့သလို အောင်ပွဲခံနိုင်ခြင်း မရှိတာက သိပ်တော့ မကောင်းပါဘူး။ ဒါကို ငါ နားလည်တယ်။ ငါလည်း ဒီလိုပဲ ခံစားရတယ်။ ကွင်းထဲမှာ အထီးကျန်ကျန် အောင်ပွဲခံ ပြီးရင် အိမ်ကို ကားမောင်းပြန်သွား။ ဒါက ငါ သိပ်ကြိုက်တဲ့ အောင်ပွဲခံပုံစံ မဟုတ်ပါဘူး။ ဒါက ငါတို့ တွေးထားသလို မဟုတ်ဘူး။ ဒါပေမယ့် အခုချိန်မှာ အဲ့လိုပဲ လုပ်ရမှာပဲ။
အခြေအနေတေါက တစ်ခုခု မပြောင်းလဲသ၍ ချန်ပီယံဖြစ်ရင်တောင် ငါတို့ ဒီလိုပဲ လုပ်ရပါမယ်။ ဒါပြီးရင်တော့ ဘဝတွေက ပုံမှန်ပြန်ဖြစ်တဲ့ နေ့တွေ ရောက်လာလိမ့်မယ်။ တစ်ယောက်ယောက်က ကာကွယ်ဆေးတွေ့ရင်၊ တစ်ယောက်ယောက်က ပြဿနာကို အဖြေရှာတဲ့ နည်းလမ်းရောက်လာရင်၊ ကူးစက်မှုတွေက ဇီးရိုးဆိုတဲ့ အနေအထားရောက်လာရင်။ အဲ့နေ့မှာ ငါတို့တွေက အမြင့်ဆုံး အောင်ပွဲခံပလိုက်မယ်။
အဲ့လို့ရက်က နောက်ရာသီ ပွဲစဉ် ၁၂ တို့ ပွဲစဉ် ၁၃ တို့ ကစားနေတဲ့ အချိန်ရောက်သွားတာ ဖြစ်ရင်ဖြစ်မယ်။ အဲ့အချိန်ဖြစ်လည်း ငါတို့ အောင်ပွဲခံမယ်၊ ဘယ်သူလာတားမလဲ။ ငါ့တို့မှာ ဖလားရှိနေတုန်းပဲ ဒီတော့ မြို့အနှံ့ ကားတွေနဲ့ ပတ်ပြီး အောင်ပွဲခံပစ်မယ်။ အဲ့နေ့ကျရင် လူတွေက ငါတို့ကို ရူးနေကြလားလို့ မြင်ကြရင်လည်း လုံးဝကို ဂရုမစိုက်ဘူး။
အရမ်းကောင်းတဲ့ အောင်ပွဲခံမှု ဖြစ်မလားဆိုတဲ့ မေးခွန်းတွေတော့ လာမမေးပါနဲ့။ ခြားနားမှာပါ။ ဒါပေမယ့် ဒီခြားနားတဲ့ အောင်ပွဲခံမှုနဲ့တင် အဆင်ပြေပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ လက်ကျန် ၉ ပွဲမှာ ရမှတ် ၆ မှတ်ရရင်ကို ချန်ပီယံဖြစ်မှာဖြစ်ကာ အဆိုပါ သမိုင်းဝင် နိုင်ပွဲက အန်ဖီးကွင်းက ပဲလေစ့်နဲ့ပွဲ ဖြစ်လာဖို့ ရာနှုန်းများနေတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီ အသင္း ခ်န္ပီယံျဖစ္ရင္ေတာင္ ခမ္းနားတဲ့ ေအာင္ပြဲခံမႈ မလုပ္ပါဘူးလို႔ ေျပာဆိုထားပါတယ္။
ကိုရိုနာ ကပ္ေဘးမွာ လူစုလူေဝး မျဖစ္ေစဖို႔အတြက္ ဘယ္ပရိသတ္မွ အန္ဖီးကြင္း မလာပါနဲ႔လို႔ တားျမစ္ထားတဲ့ ကေလာ့ပ္က ႏွစ္ ၃၀ ၾကာ ေဝးကြားေနတဲ့ အမွတ္ေပးဖလား ျပန္ရေရး ၾကိဳးစားေနခ်ိန္မွာ သည္ခံေပးၾကဖို႔ ေတာင္းဆိုထားတာပါ။ မေန႔က ဂ်ာမနီမွာ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ ဘယ္အခ်ိန္မွာ ေအာင္ပြဲခံမလဲ ေမးခြန္းကို ကေလာ့ပ္က ထပ္ေျဖခဲ့ပါတယ္။
ကေလာ့ပ္က ” ကိုယ္အျမဲ အိပ္မက္မက္ခဲ့သလို ေအာင္ပြဲခံႏုိင္ျခင္း မရွိတာက သိပ္ေတာ့ မေကာင္းပါဘူး။ ဒါကို ငါ နားလည္တယ္။ ငါလည္း ဒီလိုပဲ ခံစားရတယ္။ ကြင္းထဲမွာ အထီးက်န္က်န္ ေအာင္ပြဲခံ ျပီးရင္ အိမ္ကို ကားေမာင္းျပန္သြား။ ဒါက ငါ သိပ္ၾကိဳက္တဲ့ ေအာင္ပြဲခံပံုစံ မဟုတ္ပါဘူး။ ဒါက ငါတို႔ ေတြးထားသလို မဟုတ္ဘူး။ ဒါေပမယ့္ အခုခ်ိန္မွာ အဲ့လိုပဲ လုပ္ရမွာပဲ။
အေျခအေနေတါက တစ္ခုခု မေျပာင္းလဲသ၍ ခ်န္ပီယံျဖစ္ရင္ေတာင္ ငါတို႔ ဒီလိုပဲ လုပ္ရပါမယ္။ ဒါျပီးရင္ေတာ့ ဘဝေတြက ပံုမွန္ျပန္ျဖစ္တဲ့ ေန႔ေတြ ေရာက္လာလိမ့္မယ္။ တစ္ေယာက္ေယာက္က ကာကြယ္ေဆးေတြ႔ရင္၊ တစ္ေယာက္ေယာက္က ျပႆနာကို အေျဖရွာတဲ့ နည္းလမ္းေရာက္လာရင္၊ ကူးစက္မႈေတြက ဇီးရိုးဆိုတဲ့ အေနအထားေရာက္လာရင္။ အဲ့ေန႔မွာ ငါတို႔ေတြက အျမင့္ဆံုး ေအာင္ပြဲခံပလိုက္မယ္။
အဲ့လို႔ရက္က ေနာက္ရာသီ ပြဲစဥ္ ၁၂ တို႔ ပြဲစဥ္ ၁၃ တို႔ ကစားေနတဲ့ အခ်ိန္ေရာက္သြားတာ ျဖစ္ရင္ျဖစ္မယ္။ အဲ့အခ်ိန္ျဖစ္လည္း ငါတို႔ ေအာင္ပြဲခံမယ္၊ ဘယ္သူလာတားမလဲ။ ငါ့တို႔မွာ ဖလားရွိေနတုန္းပဲ ဒီေတာ့ ျမိဳ႔အႏွံ႔ ကားေတြနဲ႔ ပတ္ျပီး ေအာင္ပြဲခံပစ္မယ္။ အဲ့ေန႔က်ရင္ လူေတြက ငါတို႔ကို ရူးေနၾကလားလို႔ ျမင္ၾကရင္လည္း လံုးဝကို ဂရဳမစိုက္ဘူး။
အရမ္းေကာင္းတဲ့ ေအာင္ပြဲခံမႈ ျဖစ္မလားဆိုတဲ့ ေမးခြန္းေတြေတာ့ လာမေမးပါနဲ႔။ ျခားနားမွာပါ။ ဒါေပမယ့္ ဒီျခားနားတဲ့ ေအာင္ပြဲခံမႈနဲ႔တင္ အဆင္ေျပပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ လက္က်န္ ၉ ပြဲမွာ ရမွတ္ ၆ မွတ္ရရင္ကို ခ်န္ပီယံျဖစ္မွာျဖစ္ကာ အဆိုပါ သမုိင္းဝင္ ႏုိင္ပြဲက အန္ဖီးကြင္းက ပဲေလစ့္နဲ႔ပြဲ ျဖစ္လာဖို႔ ရာႏႈန္းမ်ားေနတာ ျဖစ္ပါတယ္။