လီဗာပူးအသင်းဟာ ဒီနွေမှာ အဓိက ခေါ်ယူမှုတွေ လုပ်မှာ မဟုတ်ပေမယ့် အသင်းရဲ့ လက်ရှိ လူစာရင်းကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားမှုတွေ လုပ်နေပါတယ်။

ဂုဏ်သိက္ခာရှိ သတင်းထောက်ဖြစ်သူ Fabrizio Romano ကတော့ လီဗာပူးဟာ ပရိသတ်ကြိုက် ကစားသမားဖြစ်သူ ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ညိနှိုင်းနေမှုက အဆင်ပြေနေတယ်လို့ ပြောပြလာခဲ့တယ်။

ရိုမန်နိုက ” လီဗာပူးနဲ့ ဝိုက်နယ်ဒမ်ရဲ့ အေးဂျင့်ကြား သက်တမ်းတိုးကိစ္စ စကားပြောနေမှုက အတော်လေး အဆင်ပြေနေပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်ဟာ ၂၀၁၆ ခုနှစ်မှာတော့ တန်းဆင်းသွားတဲ့ နယူးကာဆယ်ကနေ လီဗာပူးအသင်းကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်တယ်။ သူဟာ လီဗာပူးနဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်ထိပဲ စာချုပ်ကျန်ရှိတော့တာဖြစ်လို့ ဒီနွေမှာ သက်တမ်း မတိုးနိုင်ရင် ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ အလွတ် ညိနှိုင်းခွင့်တွေ ရတော့မှာဖြစ်ပါတယ်။

လီဗာပူးကို ရောက်လာတည်းက ပြိုင်ပွဲစုံ ၁၇၇ ပွဲ ကစားထားတဲ့ ဝိုက်နယ်ဒမ်ဟာ လီဗာပူးအဝတ်လဲခန်းထဲမှာတော့ သြဇာရှိသူဖြစ်ပြီး စတုတ္ထမြောက် အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူဟာ လက်ရွေးစင် အဆင့်မှာလည်း လက်ထောက် ခေါင်းဆောင်အဖြစ် ဗန်ဒိုက်ကို ပံ့ပိုးပေးနေသူဖြစ်တယ်။

ဝိုက်နယ်ဒမ်ဟာ ခံစစ်အားပြုမှုကို အသားပေးတဲ့ လီဗာပူးအသင်းမှာကော တိုက်စစ်ကို အသားပေး ကစားရတဲ့ နယ်သာလန်အသင်းမှာပါ ခြေစွမ်းပြနေသူဖြစ်တယ်။ နည်းစနစ်ကောင်းပြီး ကြံ့ခိုင်မှုမှာလည်း ထူးချွန်တဲ့ ဝိုက်နယ်ဒမ်ဟာ ဒဏ်ရာရမှု နည်းပါးပြီး ကလော့ပ် လက်အောက် အဓိက ကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့် ရနေသူဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ အဓိက ေခၚယူမႈေတြ လုပ္မွာ မဟုတ္ေပမယ့္ အသင္းရဲ႕ လက္ရွိ လူစာရင္းကို ဆက္လက္ ထိန္းသိမ္းႏုိင္ဖို႔ အစြမ္းကုန္ ၾကိဳးစားမႈေတြ လုပ္ေနပါတယ္။

ဂုဏ္သိကၡာရွိ သတင္းေထာက္ျဖစ္သူ Fabrizio Romano ကေတာ့ လီဗာပူးဟာ ပရိသတ္ၾကိဳက္ ကစားသမားျဖစ္သူ ဝိုက္နယ္ဒမ္ကို သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနျပီး ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ ညိႏိႈင္းေနမႈက အဆင္ေျပေနတယ္လုိ႔ ေျပာျပလာခဲ့တယ္။

ရိုမန္ႏိုက ” လီဗာပူးနဲ႔ ဝိုက္နယ္ဒမ္ရဲ႕ ေအးဂ်င့္ၾကား သက္တမ္းတိုးကိစၥ စကားေျပာေနမႈက အေတာ္ေလး အဆင္ေျပေနပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ဟာ ၂၀၁၆ ခုႏွစ္မွာေတာ့ တန္းဆင္းသြားတဲ့ နယူးကာဆယ္ကေန လီဗာပူးအသင္းကို ေပါင္ ၂၅ သန္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္တယ္။ သူဟာ လီဗာပူးနဲ႔ ၂၀၂၀-၂၀၂၁ ခုႏွစ္ထိပဲ စာခ်ဳပ္က်န္ရွိေတာ့တာျဖစ္လို႔ ဒီေႏြမွာ သက္တမ္း မတိုးႏုိင္ရင္ ဇန္နဝါရီမွာ အဂၤလန္ျပင္ပ ကလပ္ေတြနဲ႔ အလြတ္ ညိႏိႈင္းခြင့္ေတြ ရေတာ့မွာျဖစ္ပါတယ္။

လီဗာပူးကို ေရာက္လာတည္းက ျပိဳင္ပြဲစံု ၁၇၇ ပြဲ ကစားထားတဲ့ ဝိုက္နယ္ဒမ္ဟာ လီဗာပူးအဝတ္လဲခန္းထဲမွာေတာ့ ၾသဇာရွိသူျဖစ္ျပီး စတုတၳေျမာက္ အသင္းေခါင္းေဆာင္လည္း ျဖစ္ပါတယ္။ သူဟာ လက္ေရြးစင္ အဆင့္မွာလည္း လက္ေထာက္ ေခါင္းေဆာင္အျဖစ္ ဗန္ဒိုက္ကို ပံ့ပိုးေပးေနသူျဖစ္တယ္။

ဝိုက္နယ္ဒမ္ဟာ ခံစစ္အားျပဳမႈကို အသားေပးတဲ့ လီဗာပူးအသင္းမွာေကာ တိုက္စစ္ကို အသားေပး ကစားရတဲ့ နယ္သာလန္အသင္းမွာပါ ေျခစြမ္းျပေနသူျဖစ္တယ္။ နည္းစနစ္ေကာင္းျပီး ၾကံ႕ခိုင္မႈမွာလည္း ထူးခၽြန္တဲ့ ဝိုက္နယ္ဒမ္ဟာ ဒဏ္ရာရမႈ နည္းပါးျပီး ကေလာ့ပ္ လက္ေအာက္ အဓိက ကစားသမားအျဖစ္ ပံုမွန္ပြဲထြက္ခြင့္ ရေနသူျဖစ္ပါတယ္။