တီမိုဝါနာက ပြိုင်ဘက်အသင်းထံ ပြောင်းရွှေ့သွားမှာက စိတ်ပျက်စရာကိစ္စ မဟုတ်ဘူးလို့ မငြင်းပါဘူး။ ဒါပေမယ့်လို့ ဝါနာကို မရလိုက်တာက လီဗာပူးအသင်း ကျဆုံးသွားပြီလို့ မဆိုလိုပါဘူး။ ဒါနဲ့ ပက်သက်လို့ ရှင်းပြမှု အနည်းငယ်ကို ပြုလုပ်လိုပါတယ်။
သွင်းဂိုးတွေ ရယူပေးမယ့် အခွင့်ထူးခံ တိုက်စစ်သမား အရေးကြီး မလိုသေးဘူး
လီဗာပူးအသင်း တိုက်စစ်ဟာ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့ ဦးဆောင်နေတာဖြစ်တယ်။ သူတို့ သုံးဦးဟာ ဒီရာသီအတွင်းမှာ ပုံမှန် တွဲကစားနေတဲ့ အတွဲဖြစ်တယ်။ ဥရောပရဲ့ ဘယ်ကလပ်ကမှ သူတို့လောက် သုံးဦးတွဲတိုက်စစ်အဖြစ် အတွဲညီညီ ကစားနေကြတာမျိုး မရှိပါဘူး။ သူတို့ဟာ အလှည်ကျ မဟုတ်ဘဲကို အဓိက တွဲဘက်တွေအဖြစ် ကစားနေကြသူတွေဖြစ်တယ်။
ဝါနာရဲ့ ဂိုသွင်းယူနိုင်မှု အရည်အချင်းက ဖာမင်နိုထက် သာလွန်ပါတယ်။ သို့သော် အရေးကြီး သတိရရမှာက လီဗာပူးဟာ ဘရန်ဒန်ရော်ဂျာလက်ထက်က အသင်း မဟုတ်ပါဘူး၊ ယာဂင်ကလော့ပ်ရဲ့ အသင်းဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ မှာ လီဗာပူးက ဆွာရက်စ်နဲ့ စတားရစ်လို တိုက်စစ်သမားကို လိုခဲ့တယ်၊ လီဗာပူးက တောရက်စ်လို တိုက်စစ်သမားကို လိုအပ်တဲ့ အချိန် ရှိခဲ့ပါတယ်။ ဒါကလည်း အနိုင်ရဖို့ ဂိုးတွေ လိုအပ်ခြင်းကြောင့်ပါပဲ။
မန်နေဂျာကလော့ပ် လက်အောက် လီဗာပူးအသင်းက ခံစစ်ကို အငြိမ်ထားပြီး ပေးဂိုးမရှိရေးကို ဦးတည်ပါတယ်။ လီဗာပူးပရိသတ်တွေ ဒီနောက်ပိုင်းမှာ ယုံကြည်လာတာ တစ်ခုရှိပါတယ်။ အသင်းက သွင်းဂိုး တစ်ဂိုးပဲလိုပါတယ် ဒါဆိုရင် ပွဲကို အနိုင်ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဗန်ဒိုက်၊ အယ်လီဆန် ဦးဆောင်တဲ့ ခံစစ်ကို ဘယ်တိုက်စစ်ကမှ ဂိုးမသွင်းနိုင်ဘူးလို့ ယုံကြည်ခြင်းကြောင့်ပါပဲ။
အာဖရိကပွဲတွေက ရွှေ့ဆိုင်းလိမ့်မယ်
မန်နေဂျာကလော့ပ်က တီမိုဝါနာကို ခေါ်ယူလိုခြင်းမှာ အရေးပါတဲ့ အချက်တစ်ချက်က ဂျာမနီသား တိုက်စစ်သမားက ဥရောပသားဖြစ်သလို သူဟာ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်လို့ပါ။ ဒါဟာ မာနေးနဲ့ ဆာလက်ကို အာဖရိကပွဲတွေအတွက် လက်လွတ်ရတဲ့ အခါမှာ ဝါနာကို အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုရိုနာ ကပ်ဘေးကြောင့် နိုင်ငံတကာပွဲတွေ ရက်ရွှေ့ဆိုင်းရမှာဖြစ်ပြီး အာဖရိကဖလားကလည်း ၂၀၂၂ ခုနှစ်ကို ရွှေ့ဆိုင်းနိုင်ပါတယ်။ ဒါကြောင့် မာနေးနဲ့ ဆာလက်က လာမယ့်ရာသီမှာ တစ်နှစ်လုံးအပြည့် ကစားနိုင်ပါလိမ့်မယ်။ ဖာမင်နို၊ မာနေး၊ ဆာလက်တို့ တစ်နှစ်လုံး ပုံမှန် ကစားနိုင်မယ်ဆိုရင် ဝါနာကို ခေါ်ယူပြီး သူတို့ လေးဦးထဲက တစ်ဦးကို အရန်ခုံ ထိုင်ခိုင်းဖို့ဆိုတာ ပြောသလောက် မလွယ်တဲ့ ကိစ္စဆိုတာ ဘောလုံးအကြောင်း ထဲထဲဝင်ဝင်သိသူတိုင်း နားလည်လွယ်တဲ့ ကိစ္စဖြစ်တယ်။
လီဗာပူးက ဖယ်ကီရာနဲ့ ပီပီတို့ကိုလည်း လက်လွတ်ခဲ့ရဖူးတယ်
အမှတ်ရစရာတွေ ပြန်ပြောရရင် ထိပ်တန်း ခေါ်ယူမှုကြီးတွေ လုပ်မယ်ဆိုပြီး သတင်းကြီးလာခဲ့ပြီးမှ လက်လွတ်ရတာ ဝါနာ တစ်ဦးတည်း မဟုတ်ပါဘူး။ ဖယ်ကီရာရဲ့ တစ်ထောင့်တစ်ည ပုံပြင်နဲ့ ပီပီတို့ကို လက်လွတ်ရတာ အခုထက်တောင် ပိုရင်ခံဖို့ ကောင်းပါသေးတယ်။
လီဗာပူးက အလိုအပ်ဆုံး နေရာတွေအတွက် သူတို့ကို ခေါ်ယူလိုပေမယ့် အကြောင်းတွေကြောင့် မခေါ်နိုင်ခဲ့ဘူး။ ဒါပေမယ့်လည်း ဒီနှစ်ရာသီမှာ လီဗာပူးက အမှတ်ပေးဖလားကိုကော ချန်ပီယံလိဂ်ကိုပါ စိန်ခေါ်လာခဲ့ပါတယ်။ လီဗာပူးက ဖယ်ကီရာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အခုလိုမျိုး ဗန်ဒိုက်ကို လီဗာပူးကစားသမားအဖြစ်တောင် မြင်ရမှာ မဟုတ်ပါဘူး။ ဘာမဆို ကောင်းဖို့ဖြစ်လာတာပါပဲ။
အင်္ဂလန်အသင်းတွေထဲမှာ လီဗာပူးကို စိန်ခေါ်နိုင်မယ့်အသင်းတွေ မများသေးဘူး
ချယ်ဆီးက ဇီယက်နဲ့ ဝါနာကို ခေါ်ယူနိုင်တာက သူတို့ရဲ့ ကိုယ်ပိုင် ရပ်တည်ချက်တွေကြောင့်ဖြစ်တယ်။ သူတို့ဟာ မနှစ်က တစ်ရာသီလုံး အပြောင်းအရွှေ့ ပိတ်ခံရတာကြောင့် လူမခေါ်နိုင်ခဲ့ပါဘူး။ ဇန်နဝါရီမှာ အယူခံဝင်မှု အောင်ပေမယ့်လည်း လူမခေါ်နိုင်ခဲ့ဘူး။ ချယ်ဆီးက ဇီးယက်နဲ့ ဝါနာကို ခေါ်ယူပြီးရင်တောင် လူထပ်ခေါ်ပါလိမ့်မယ်။ သူတို့မှာ ဟာဇက်၊ မိုရာတာတို့ကို ရောင်းချထားတာကနေ အသုံးစရိတ်ကြီးတွေ ရှိထားတာကြောင့်ဖြစ်တယ်။
ယူနိုက်တက်က လိုအပ်ရင် သုံးဖို့ ပေါင် သန်း ၁၄၀ ထုတ်ချေးထားတယ်၊ သူတို့ လူဝယ်ကောင်း ဝယ်ပါမယ်၊ မဝယ်တာလည်း ဖြစ်နိုင်ပါတယ်။ အာဆင်နယ်ကလည်း ခက်ခဲတဲ့ အနေအထားတွေ ရင်ဆိုင်နေရတာပါ၊ လောလောလတ်လတ်ပဲ သူတို့ ဝန်ထမ်းတွေကို လျော့ချမှုတွေ လုပ်နေတယ် ကြားနေရတယ်၊ ပွဲနေ့ဝင်ငွေမှာ လီဗာပူးထက်တောင် ဆုံးရံှူးမှု ပိုများပါလိမ့်မယ်။ စပါးကလည်း အင်္ဂလန်ဘဏ်ကနေ ပေါင် ၁၇၅ သန်း ထုတ်ချေးထားပါတယ်။
မန်စီးတီးကတော့ လူခေါ်ကောင်း ခေါ်မှာဖြစ်ပေမယ့် သူတို့ကလည်း ဥရောပဝင်ခွင့် ပိတ်ခံထားရမှု အယူခံဝင်ခြင်း မအောင်မြင်ရင် ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်နိုင်ပါ့မလား။ ဒီတော့ လီဗာပူးရဲ့ အခြေအနေက သူတို့ထက်များ ပိုဆိုးနေပါလား။ လီဗာပူးက တီမိုဝါနာကို မခေါ်ယူနိုင်ခြင်းကို အချို့ပရိသတ်တွေ တုန့်ပြန်နေတာက အိမ်မှာ လန်ဘော်ဂနီ နှစ်စီး ရှိနေပါရဲ့နဲ့ ဖယ်ရာရီကားသစ် မရလို့ စိတ်ကောက်နေသလိုပါပဲ။
မီနာမီနို၊ အီလီယော့နဲ့ ကားတစ်ဂျုံး
အကယ်လို့ ကလိုင်း ဒဏ်ရာမရခဲ့ရင် ထရန့်ဆိုတဲ့ ကစားသမား ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ လူငယ်တွေကို အခွင့်အရေး မပေးပါဘဲ အိုဝင်တို့ ဂျရတ်တို့ မပေါ်လာနိုင်ပါဘူး။ လူငယ်တွေကို အရည်အချင်းပြခွင့် ပေးသင့်ပါတယ်၊ ဘာစီလိုနာလို အသင်းတောင်မှာ ဖာတီလို အကယ်ဒမီထွက် လူငယ်ကို အခွင့်အရေး ပေးပါတယ်။ လီဗာပူးက နေရာစုံကို လူသစ်ဝယ်ယူမှုနဲ့ပဲ ရှေ့ဆက်နေလို့ မရပါဘူး။
ကလော့ပ်က လီဗာပူးမန်နေဂျာဖြစ်နေဆဲပါ
ဒါက အရေးကြီးဆုံးပါ။ လီဗာပူးရဲ့ ကံကြမ္မာကို ကလော့ပ်က ပြောင်းလဲပေးခဲ့တာပါ။ အင်္ဂလန်မှာ ကော်ကောင်းအဆင့်တောင်မရှိတဲ့ လီဗာပူးက သူ့လက်ထက်မှာ ထိပ်တန်းအဆင့် ရောက်လာခဲ့တယ်။ ဝါနာ၊ ဖယ်ကီရာနဲ့ ဂေါ်ဇီတို့ကို လီဗာပူးက မရလိုက်ပါဘူး။ ဒါပေမယ့် ၂၀၁၅ မှာ လီဗာပူးကို စရောက်လာချိန် ကလော့ပ်က လူသစ်ခေါ်ပေးပါဆိုပြီး ကြွေးကြော်မှုထက် လေ့ကျင့်ရေးကနေ တိုးတက်လာအောင် လုပ်မယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။
သံသယရှိသူတွေကနေ ယုံကြည်သူတွေအဖြစ် ပြောင်းလဲရမယ်ဆိုတာက ကလော့ပ်ရဲ့ မှာတမ်းဖြစ်တယ်။ ဆုဖလားတွေ စိန်ခေါ်ပြနေတဲ့ ကလော့ပ်က လီဗာပူးကို တလွဲတွေလုပ်နေတယ်လို့ ယူဆရင်တော့ ရော်ဂျာလက်ထက်ကလို သံသယဝင်သူ ဖြစ်နေပြီလို့ပဲ ဆိုချင်ပါတယ်။
ZAWGYI
တီမိုဝါနာက ျပိဳင္ဘက္အသင္းထံ ေျပာင္းေရႊ႔သြားမွာက စိတ္ပ်က္စရာကိစၥ မဟုတ္ဘူးလို႔ မျငင္းပါဘူး။ ဒါေပမယ့္လို႔ ဝါနာကို မရလိုက္တာက လီဗာပူးအသင္း က်ဆံုးသြားျပီလို႔ မဆိုလိုပါဘူး။ ဒါနဲ႔ ပက္သက္လို႔ ရွင္းျပမႈ အနည္းငယ္ကို ျပဳလုပ္လိုပါတယ္။
သြင္းဂိုးေတြ ရယူေပးမယ့္ အခြင့္ထူးခံ တိုက္စစ္သမား အေရးၾကီး မလိုေသးဘူး
လီဗာပူးအသင္း တိုက္စစ္ဟာ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတုိ႔ ဦးေဆာင္ေနတာျဖစ္တယ္။ သူတို႔ သံုးဦးဟာ ဒီရာသီအတြင္းမွာ ပံုမွန္ တြဲကစားေနတဲ့ အတြဲျဖစ္တယ္။ ဥေရာပရဲ႕ ဘယ္ကလပ္ကမွ သူတို႔ေလာက္ သံုးဦးတြဲတိုက္စစ္အျဖစ္ အတြဲညီညီ ကစားေနၾကတာမ်ိဳး မရွိပါဘူး။ သူတို႔ဟာ အလွည္က် မဟုတ္ဘဲကို အဓိက တြဲဘက္ေတြအျဖစ္ ကစားေနၾကသူေတြျဖစ္တယ္။
ဝါနာရဲ႕ ဂိုသြင္းယူႏုိင္မႈ အရည္အခ်င္းက ဖာမင္ႏိုထက္ သာလြန္ပါတယ္။ သို႔ေသာ္ အေရးၾကီး သတိရရမွာက လီဗာပူးဟာ ဘရန္ဒန္ေရာ္ဂ်ာလက္ထက္က အသင္း မဟုတ္ပါဘူး၊ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းျဖစ္ပါတယ္။ ၂၀၁၃-၂၀၁၄ မွာ လီဗာပူးက ဆြာရက္စ္နဲ႔ စတားရစ္လို တိုက္စစ္သမားကို လိုခဲ့တယ္၊ လီဗာပူးက ေတာရက္စ္လို တိုက္စစ္သမားကို လိုအပ္တဲ့ အခ်ိန္ ရွိခဲ့ပါတယ္။ ဒါကလည္း အႏုိင္ရဖို႔ ဂိုးေတြ လိုအပ္ျခင္းေၾကာင့္ပါပဲ။
မန္ေနဂ်ာကေလာ့ပ္ လက္ေအာက္ လီဗာပူးအသင္းက ခံစစ္ကို အျငိမ္ထားျပီး ေပးဂိုးမရွိေရးကို ဦးတည္ပါတယ္။ လီဗာပူးပရိသတ္ေတြ ဒီေနာက္ပိုင္းမွာ ယံုၾကည္လာတာ တစ္ခုရွိပါတယ္။ အသင္းက သြင္းဂိုး တစ္ဂိုးပဲလိုပါတယ္ ဒါဆိုရင္ ပြဲကို အႏုိင္ရပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ ဗန္ဒိုက္၊ အယ္လီဆန္ ဦးေဆာင္တဲ့ ခံစစ္ကို ဘယ္တိုက္စစ္ကမွ ဂိုးမသြင္းႏုိင္ဘူးလို႔ ယံုၾကည္ျခင္းေၾကာင့္ပါပဲ။
အာဖရိကပြဲေတြက ေရႊ႔ဆိုင္းလိမ့္မယ္
မန္ေနဂ်ာကေလာ့ပ္က တီမိုဝါနာကို ေခၚယူလိုျခင္းမွာ အေရးပါတဲ့ အခ်က္တစ္ခ်က္က ဂ်ာမနီသား တိုက္စစ္သမားက ဥေရာပသားျဖစ္သလို သူဟာ တိုက္စစ္ပိုင္း ေနရာစံု ကစားႏုိင္လို႔ပါ။ ဒါဟာ မာေနးနဲ႔ ဆာလက္ကို အာဖရိကပြဲေတြအတြက္ လက္လြတ္ရတဲ့ အခါမွာ ဝါနာကို အစားထိုးႏုိင္ဖို႔ ျဖစ္ပါတယ္။
ဒါေပမယ့္ ကိုရိုနာ ကပ္ေဘးေၾကာင့္ ႏုိင္ငံတကာပြဲေတြ ရက္ေရႊ႔ဆိုင္းရမွာျဖစ္ျပီး အာဖရိကဖလားကလည္း ၂၀၂၂ ခုႏွစ္ကို ေရႊ႔ဆိုင္းႏုိင္ပါတယ္။ ဒါေၾကာင့္ မာေနးနဲ႔ ဆာလက္က လာမယ့္ရာသီမွာ တစ္ႏွစ္လံုးအျပည့္ ကစားႏုိင္ပါလိမ့္မယ္။ ဖာမင္ႏို၊ မာေနး၊ ဆာလက္တို႔ တစ္ႏွစ္လံုး ပံုမွန္ ကစားႏုိင္မယ္ဆိုရင္ ဝါနာကို ေခၚယူျပီး သူတို႔ ေလးဦးထဲက တစ္ဦးကို အရန္ခံု ထိုင္ခိုင္းဖို႔ဆိုတာ ေျပာသေလာက္ မလြယ္တဲ့ ကိစၥဆိုတာ ေဘာလံုးအေၾကာင္း ထဲထဲဝင္ဝင္သိသူတိုင္း နားလည္လြယ္တဲ့ ကိစၥျဖစ္တယ္။
လီဗာပူးက ဖယ္ကီရာနဲ႔ ပီပီတို႔ကိုလည္း လက္လြတ္ခဲ့ရဖူးတယ္
အမွတ္ရစရာေတြ ျပန္ေျပာရရင္ ထိပ္တန္း ေခၚယူမႈၾကီးေတြ လုပ္မယ္ဆိုျပီး သတင္းၾကီးလာခဲ့ျပီးမွ လက္လြတ္ရတာ ဝါနာ တစ္ဦးတည္း မဟုတ္ပါဘူး။ ဖယ္ကီရာရဲ႕ တစ္ေထာင့္တစ္ည ပံုျပင္နဲ႔ ပီပီတို႔ကို လက္လြတ္ရတာ အခုထက္ေတာင္ ပိုရင္ခံဖို႔ ေကာင္းပါေသးတယ္။
လီဗာပူးက အလိုအပ္ဆံုး ေနရာေတြအတြက္ သူတို႔ကို ေခၚယူလိုေပမယ့္ အေၾကာင္းေတြေၾကာင့္ မေခၚႏုိင္ခဲ့ဘူး။ ဒါေပမယ့္လည္း ဒီႏွစ္ရာသီမွာ လီဗာပူးက အမွတ္ေပးဖလားကိုေကာ ခ်န္ပီယံလိဂ္ကိုပါ စိန္ေခၚလာခဲ့ပါတယ္။ လီဗာပူးက ဖယ္ကီရာကို ေခၚယူႏုိင္ခဲ့မယ္ဆိုရင္ အခုလိုမ်ိဳး ဗန္ဒိုက္ကို လီဗာပူးကစားသမားအျဖစ္ေတာင္ ျမင္ရမွာ မဟုတ္ပါဘူး။ ဘာမဆို ေကာင္းဖို႔ျဖစ္လာတာပါပဲ။
အဂၤလန္အသင္းေတြထဲမွာ လီဗာပူးကို စိန္ေခၚႏုိင္မယ့္အသင္းေတြ မမ်ားေသးဘူး
ခ်ယ္ဆီးက ဇီယက္နဲ႔ ဝါနာကို ေခၚယူႏုိင္တာက သူတို႔ရဲ႕ ကိုယ္ပိုင္ ရပ္တည္ခ်က္ေတြေၾကာင့္ျဖစ္တယ္။ သူတို႔ဟာ မႏွစ္က တစ္ရာသီလံုး အေျပာင္းအေရႊ႔ ပိတ္ခံရတာေၾကာင့္ လူမေခၚႏုိင္ခဲ့ပါဘူး။ ဇန္နဝါရီမွာ အယူခံဝင္မႈ ေအာင္ေပမယ့္လည္း လူမေခၚႏုိင္ခဲ့ဘူး။ ခ်ယ္ဆီးက ဇီးယက္နဲ႔ ဝါနာကို ေခၚယူျပီးရင္ေတာင္ လူထပ္ေခၚပါလိမ့္မယ္။ သူတို႔မွာ ဟာဇက္၊ မိုရာတာတို႔ကို ေရာင္းခ်ထားတာကေန အသံုးစရိတ္ၾကီးေတြ ရွိထားတာေၾကာင့္ျဖစ္တယ္။
ယူႏုိက္တက္က လိုအပ္ရင္ သံုးဖို႔ ေပါင္ သန္း ၁၄၀ ထုတ္ေခ်းထားတယ္၊ သူတို႔ လူဝယ္ေကာင္း ဝယ္ပါမယ္၊ မဝယ္တာလည္း ျဖစ္ႏုိင္ပါတယ္။ အာဆင္နယ္ကလည္း ခက္ခဲတဲ့ အေနအထားေတြ ရင္ဆိုင္ေနရတာပါ၊ ေလာေလာလတ္လတ္ပဲ သူတို႔ ဝန္ထမ္းေတြကို ေလ်ာ့ခ်မႈေတြ လုပ္ေနတယ္ ၾကားေနရတယ္၊ ပြဲေန႔ဝင္ေငြမွာ လီဗာပူးထက္ေတာင္ ဆံုးရံွဴးမႈ ပိုမ်ားပါလိမ့္မယ္။ စပါးကလည္း အဂၤလန္ဘဏ္ကေန ေပါင္ ၁၇၅ သန္း ထုတ္ေခ်းထားပါတယ္။
မန္စီးတီးကေတာ့ လူေခၚေကာင္း ေခၚမွာျဖစ္ေပမယ့္ သူတို႔ကလည္း ဥေရာပဝင္ခြင့္ ပိတ္ခံထားရမႈ အယူခံဝင္ျခင္း မေအာင္ျမင္ရင္ ထိပ္တန္း ကစားသမားေတြကို ဆြဲေဆာင္ႏုိင္ပါ့မလား။ ဒီေတာ့ လီဗာပူးရဲ႕ အေျခအေနက သူတို႔ထက္မ်ား ပိုဆိုးေနပါလား။ လီဗာပူးက တီမိုဝါနာကို မေခၚယူႏုိင္ျခင္းကို အခ်ိဳ႔ပရိသတ္ေတြ တုန္႔ျပန္ေနတာက အိမ္မွာ လန္ေဘာ္ဂနီ ႏွစ္စီး ရွိေနပါရဲ႔နဲ႔ ဖယ္ရာရီကားသစ္ မရလို႔ စိတ္ေကာက္ေနသလိုပါပဲ။
မီနာမီႏို၊ အီလီေယာ့နဲ႔ ကားတစ္ဂ်ံဳး
အကယ္လို႔ ကလိုင္း ဒဏ္ရာမရခဲ့ရင္ ထရန္႔ဆိုတဲ့ ကစားသမား ေပၚေပါက္လာမွာ မဟုတ္ပါဘူး။ လူငယ္ေတြကို အခြင့္အေရး မေပးပါဘဲ အိုဝင္တို႔ ဂ်ရတ္တို႔ မေပၚလာႏုိင္ပါဘူး။ လူငယ္ေတြကို အရည္အခ်င္းျပခြင့္ ေပးသင့္ပါတယ္၊ ဘာစီလိုနာလို အသင္းေတာင္မွာ ဖာတီလို အကယ္ဒမီထြက္ လူငယ္ကို အခြင့္အေရး ေပးပါတယ္။ လီဗာပူးက ေနရာစံုကို လူသစ္ဝယ္ယူမႈနဲ႔ပဲ ေရွ႔ဆက္ေနလို႔ မရပါဘူး။
ကေလာ့ပ္က လီဗာပူးမန္ေနဂ်ာျဖစ္ေနဆဲပါ
ဒါက အေရးၾကီးဆံုးပါ။ လီဗာပူးရဲ႕ ကံၾကမၼာကို ကေလာ့ပ္က ေျပာင္းလဲေပးခဲ့တာပါ။ အဂၤလန္မွာ ေကာ္ေကာင္းအဆင့္ေတာင္မရွိတဲ့ လီဗာပူးက သူ႔လက္ထက္မွာ ထိပ္တန္းအဆင့္ ေရာက္လာခဲ့တယ္။ ဝါနာ၊ ဖယ္ကီရာနဲ႔ ေဂၚဇီတို႔ကို လီဗာပူးက မရလိုက္ပါဘူး။ ဒါေပမယ့္ ၂၀၁၅ မွာ လီဗာပူးကို စေရာက္လာခ်ိန္ ကေလာ့ပ္က လူသစ္ေခၚေပးပါဆိုျပီး ေၾကြးေၾကာ္မႈထက္ ေလ့က်င့္ေရးကေန တိုးတက္လာေအာင္ လုပ္မယ္လို႔ ျပတ္ျပတ္သားသား ေျပာခဲ့တာပါ။
သံသယရွိသူေတြကေန ယံုၾကည္သူေတြအျဖစ္ ေျပာင္းလဲရမယ္ဆိုတာက ကေလာ့ပ္ရဲ႕ မွာတမ္းျဖစ္တယ္။ ဆုဖလားေတြ စိန္ေခၚျပေနတဲ့ ကေလာ့ပ္က လီဗာပူးကို တလြဲေတြလုပ္ေနတယ္လို႔ ယူဆရင္ေတာ့ ေရာ္ဂ်ာလက္ထက္ကလို သံသယဝင္သူ ျဖစ္ေနျပီလို႔ပဲ ဆိုခ်င္ပါတယ္။