ဂုဏ်သိက္ခာရှိ သတင်းထောက်ဖြစ်သူ Fabrizio Romano ကတော့ လီဗာပူးဟာ ပရိသတ်ကြိုက် ကစားသမားဖြစ်သူ ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ညိနှိုင်းနေမှုက အဆင်ပြေနေတယ်လို့ ပြောပြလာခဲ့တယ်။
ဒီရာသီကို ချန်ပီယံအဖြစ် သေချာအောင်လုပ်ကာ တားမြစ်မှုတွေရှိလာရင်လည်း အောင်ပွဲမခံဘူးလို့ ကလော့ပ်က ပြောပါတယ်။ သို့သော် ကပ်ဘေး စိုးရိမ်စရာမရှိတော့ကြောင်း ကြေညာခဲ့ရင်တော့ အဲ့အချိန်က နောက်ရာသီ ဖြစ်နေခဲ့ရင်တောင် ခမ်းခမ်းနားနား အောင်ပွဲခံမယ်လို့ ကြွေးကြော်လိုက်ပါတယ်။
လီဗာပူးအသင်း တာဝန်ရှိသူတွေကတော့ ခံစစ်သမား ဗန်ဒိုက်ကို ကာလရှည် သက်တမ်းတိုးစာချုပ် ပေးပို့မှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိပေးမယ့် ကလပ် စံချိန်တင် လုပ်ခဖြစ်ကာ နှစ်ရှည် စာချုပ်ဖြစ်လိမ့်မယ်လို့ သိရပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ကလပ်ရဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ အသင်းကို ဆက်ပြီးလည်း အစွမ်းကုန် ပေးဆပ်ကြမှာဖြစ်ကာ လာမယ့် နှစ်တွေမှာ ဘာဖြစ်လာမလဲ မပြောနိုင်ပေပမယ့် အောင်မြင်မှုတွေ ဆက်ရလိမ့်မယ်လို့ ထုတ်ပြောသွားပါတယ်။
မန်နေဂျာ ယာဂင်ကလော့ပ်က ဂျာမနီ ကစားသမားတွေဖြစ်တဲ့ ဝါနာနဲ့ ဟာဗက်တို့ဟာ ကစားသမားကောင်းတွေ ဖြစ်ပေမယ့် လီဗာပူး ဂရုစိုက်နေရမှာက ဒီလို ကိစ္စတွေ မဟုတ်ပဲ ဒီရာသီ ချန်ပီယံဖြစ်ရေးလို့ ပြောဆိုလိုက်ပါတယ်။
ကစားသမား ခေါ်ယူမှုတွေ အလေးအနက် လုပ်ပြီး အသင်းကို ပုံမှန် လည်ပတ်နိုင်ဖို့ဆိုတာ ဝင်ငွေတွေအပေါ် မူတည်နေကာ ပရိသတ်တွေ ဝင်ခွင့်ပေးခွင့် မရှိမှုနဲ့အတူ ဝင်ငွေဘယ်လောက်ရမယ် မသိတာကြောင့် လီဗာပူးက ဆုံးဖြတ်ချက်တိုင်းကို အလျင်စလို လုပ်မှာ မဟုတ်ပါဘူး။
လီဗာပူးခံစစ်သမား ထရန့်ဟာ အနာဂတ်မှာ ဘလွန်းဒီအော့နဲ့ ဖီဖာ တစ်နှစ်တာ အကောင်းဆုံးဆုတွေလို ကမ္ဘာအကောင်းဆုံး ကစားသမားဆုတွေကိုပါ စိန်ခေါ်လိမ့်မယ်လို့ ဘောလုံးဂန္တဝင်ကြီး ကာဖူးက ထုတ်ပြောလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်မစခင်မှာ ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားဖို့ကို စဉ်းစားလာပြီး စတင် လှုပ်ရှားနေတယ်လို့ သိရပါတယ်။ အတည်မပြနိုင်သေးသော်လည်း ပြိုင်ဘက်ကတော့ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်း ဖြစ်မယ်လို့ သိရပါတယ်။
လီဗာပူးမြို့တော်ဝန်က အဲဗာတန်နဲ့ လီဗာပူးပွဲကို မူလအတိုင်း ဂူဒီဆင်ပါခ်မှာပဲ ယှဉ်ပြိုင်ကစားဖို့ ခွင့်ပြုသင့်တယ်လို့ ထောက်ခံလိုက်ပါတယ်။
ZAWGYI
ဂုဏ္သိကၡာရွိ သတင္းေထာက္ျဖစ္သူ Fabrizio Romano ကေတာ့ လီဗာပူးဟာ ပရိသတ္ၾကိဳက္ ကစားသမားျဖစ္သူ ဝိုက္နယ္ဒမ္ကို သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနျပီး ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ ညိႏိႈင္းေနမႈက အဆင္ေျပေနတယ္လုိ႔ ေျပာျပလာခဲ့တယ္။
ဒီရာသီကို ခ်န္ပီယံအျဖစ္ ေသခ်ာေအာင္လုပ္ကာ တားျမစ္မႈေတြရွိလာရင္လည္း ေအာင္ပြဲမခံဘူးလို႔ ကေလာ့ပ္က ေျပာပါတယ္။ သို႔ေသာ္ ကပ္ေဘး စိုးရိမ္စရာမရွိေတာ့ေၾကာင္း ေၾကညာခဲ့ရင္ေတာ့ အဲ့အခ်ိန္က ေနာက္ရာသီ ျဖစ္ေနခဲ့ရင္ေတာင္ ခမ္းခမ္းနားနား ေအာင္ပြဲခံမယ္လို႔ ေၾကြးေၾကာ္လိုက္ပါတယ္။
လီဗာပူးအသင္း တာဝန္ရွိသူေတြကေတာ့ ခံစစ္သမား ဗန္ဒိုက္ကို ကာလရွည္ သက္တမ္းတိုးစာခ်ဳပ္ ေပးပို႔မွာျဖစ္ျပီး တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းထိေပးမယ့္ ကလပ္ စံခ်ိန္တင္ လုပ္ချဖစ္ကာ ႏွစ္ရွည္ စာခ်ဳပ္ျဖစ္လိမ့္မယ္လို႔ သိရပါတယ္။
လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ကလပ္ရဲ႕ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြဟာ အသင္းကို ဆက္ျပီးလည္း အစြမ္းကုန္ ေပးဆပ္ၾကမွာျဖစ္ကာ လာမယ့္ နွစ္ေတြမွာ ဘာျဖစ္လာမလဲ မေျပာႏုိင္ေပပမယ့္ ေအာင္ျမင္မႈေတြ ဆက္ရလိမ့္မယ္လို႔ ထုတ္ေျပာသြားပါတယ္။
မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဂ်ာမနီ ကစားသမားေတြျဖစ္တဲ့ ဝါနာနဲ႔ ဟာဗက္တို႔ဟာ ကစားသမားေကာင္းေတြ ျဖစ္ေပမယ့္ လီဗာပူး ဂရုစိုက္ေနရမွာက ဒီလို ကိစၥေတြ မဟုတ္ပဲ ဒီရာသီ ခ်န္ပီယံျဖစ္ေရးလို႔ ေျပာဆိုလိုက္ပါတယ္။
ကစားသမား ေခၚယူမႈေတြ အေလးအနက္ လုပ္ျပီး အသင္းကို ပံုမွန္ လည္ပတ္ႏုိင္ဖို႔ဆိုတာ ဝင္ေငြေတြအေပၚ မူတည္ေနကာ ပရိသတ္ေတြ ဝင္ခြင့္ေပးခြင့္ မရွိမႈနဲ႔အတူ ဝင္ေငြဘယ္ေလာက္ရမယ္ မသိတာေၾကာင့္ လီဗာပူးက ဆံုးျဖတ္ခ်က္တိုင္းကို အလ်င္စလို လုပ္မွာ မဟုတ္ပါဘူး။
လီဗာပူးခံစစ္သမား ထရန္႔ဟာ အနာဂတ္မွာ ဘလြန္းဒီေအာ့နဲ႔ ဖီဖာ တစ္ႏွစ္တာ အေကာင္းဆံုးဆုေတြလို ကမၻာအေကာင္းဆံုး ကစားသမားဆုေတြကိုပါ စိန္ေခၚလိမ့္မယ္လို႔ ေဘာလံုးဂႏၱဝင္ၾကီး ကာဖူးက ထုတ္ေျပာလိုက္ပါတယ္။
လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ပြဲေတြ ျပန္မစခင္မွာ ခ်စ္ၾကည္ေရးပြဲ တစ္ပြဲ ကစားဖို႔ကို စဥ္းစားလာျပီး စတင္ လႈပ္ရွားေနတယ္လို႔ သိရပါတယ္။ အတည္မျပႏုိင္ေသးေသာ္လည္း ျပိဳင္ဘက္ကေတာ့ ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္း ျဖစ္မယ္လို႔ သိရပါတယ္။
လီဗာပူးျမိဳ႕ေတာ္ဝန္က အဲဗာတန္နဲ႔ လီဗာပူးပြဲကို မူလအတိုင္း ဂူဒီဆင္ပါခ္မွာပဲ ယွဥ္ျပိဳင္ကစားဖို႔ ခြင့္ျပဳသင့္တယ္လို႔ ေထာက္ခံလိုက္ပါတယ္။