လာမယ့်အပတ်ထဲမှာ လီဗာပူးအသင်းဟာ ချစ်ကြည်ရေးပွဲအဖြစ် ချန်ပီယရှစ်ကလပ် ဘလက်ဘန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။
ဇွန်လ ၂၁ ရက် အဲဗာတန်နဲ့ပွဲ မတိုင်ခင် မိနစ် ၉၀ ပွဲကောင်းတစ်ပွဲ ကစားဖို့ လီဗာပူးက ပြိုင်ဘက်ရှာနေပြီး ချန်ပီယံရှစ်အသင်းနဲ့ ကစားဖို့ စီစဉ်လာတာပါ။ ဘလက်ဘန်းအသင်းဟာ ချန်ပီယံရှစ်မှ ာအဆင့် ၁၀ နေရာမှာ ရှိနေတဲ့ အသင်းဖြစ်ပြီး ချစ်ကြည်ရေးပွဲကိုတော့ အန်ဖီးကွင်းမှာ ကစားဖို့ များနေပါတယ်။
ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ဘောလုံးလိဂ်တို့ဟာ ချစ်ကြည်ရေးပွဲတွေ ကစားခွင့်ရှိကြောင်း သဘောတူညီမှု ရထားတာဖြစ်တယ်။ သို့သော်လည်း ယှဉ်ပြိုင်မယ့် နှစ်သင်းဟာ ကားနဲ့သွားရင် မိနစ် ၉၀ ထက် မဝေးတဲ့ အကွာအဝေးမှာ ရှိရမှာဖြစ်တယ်။ နည်းပြတွေတင် မကပဲ ကစားသမားတွေကလည်း တစ်ဦးချင်းပဲ ကားမောင်းသွားရမယ်လို့ ပရီးမီးယားလိဂ်က အသိပေးထားတယ်။
လီဗာပူးနဲ့ ဘလက်ဘမ်းတို့ဟာ မိုင် ၄၀ အကွာမှာ ရှိကြတာဖြစ်ပြီး မိနစ် ၉၀ မမောင်းရတဲ့ အကွာအဝေးလည်း ဖြစ်ပါတယ်။ ပွဲနေ့က အင်္ဂါနေ့ဖြစ်လောက်မယ်လို့လည်း သိထားရတယ်။ အတည်ပြု သတင်း မဟုတ်သေးသော်လည်း တယ်လီဂရပ်က ဖော်ပြလာတဲ့ သတင်းဖြစ်လို့ မှန်ကန်ဖို့ များပါတယ်။
လီဗာပူးက မေလ အကုန်ထဲက အသင်းလိုက် လေ့ကျင့်ရေးတွေ ပြန်စထားပေမယ့် ဘလက်ဘန်းကတော့ ကြာသပတေးနေ့ကမှ အသင်းလိုက် ပြန်လည် လေ့ကျင့်ထားတာပါ။ နှစ်သင်း နောက်ဆုံး တွေ့ဆုံထားကြတာကတော့ ၂၀၁၈ တုန်းကဖြစ်ပြီး အဲ့သည်ရက်က အယ်လီဆန်ကို လက်မှတ်ထိုးတဲ့ရက်ဖြစ်ပါတယ်။
မနက်ဖြန်လောက်မှာ ချစ်ကြည်ရေးပွဲအကြောင်း သိရဖို့ မျှော်လင့်ရပြီး တစ်ပါးတည်းမှာပဲ လီဗာပူးအသင်း စီနီယာအသင်းသားတွေရဲ့ ကြံ့ခိုင်မှု အနေအထားတွေကိုပါ မြင်ရဖို့ ရှိပါတယ်။ ဝိုက်နယ်ဒမ် သက်သာလာပေမယ့် ရှာကွီရီ၊ ကလိုင်းတို့ကို လေ့ကျင့်ရေး အစီအစဉ်မှာ မမြင်ရသေးပါဘူး။
ZAWGYI
လာမယ့္အပတ္ထဲမွာ လီဗာပူးအသင္းဟာ ခ်စ္ၾကည္ေရးပြဲအျဖစ္ ခ်န္ပီယရွစ္ကလပ္ ဘလက္ဘန္းအသင္းနဲ႔ ယွဥ္ျပိဳင္ကစားမယ္လို႔ သိရပါတယ္။
ဇြန္လ ၂၁ ရက္ အဲဗာတန္နဲ႔ပြဲ မတိုင္ခင္ မိနစ္ ၉၀ ပြဲေကာင္းတစ္ပြဲ ကစားဖို႔ လီဗာပူးက ျပိဳင္ဘက္ရွာေနျပီး ခ်န္ပီယံရွစ္အသင္းနဲ႔ ကစားဖို႔ စီစဥ္လာတာပါ။ ဘလက္ဘန္းအသင္းဟာ ခ်န္ပီယံရွစ္မွ ာအဆင့္ ၁၀ ေနရာမွာ ရွိေနတဲ့ အသင္းျဖစ္ျပီး ခ်စ္ၾကည္ေရးပြဲကိုေတာ့ အန္ဖီးကြင္းမွာ ကစားဖို႔ မ်ားေနပါတယ္။
ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ေဘာလံုးလိဂ္တို႔ဟာ ခ်စ္ၾကည္ေရးပြဲေတြ ကစားခြင့္ရွိေၾကာင္း သေဘာတူညီမႈ ရထားတာျဖစ္တယ္။ သို႔ေသာ္လည္း ယွဥ္ျပိဳင္မယ့္ ႏွစ္သင္းဟာ ကားနဲ႔သြားရင္ မိနစ္ ၉၀ ထက္ မေဝးတဲ့ အကြာအေဝးမွာ ရွိရမွာျဖစ္တယ္။ နည္းျပေတြတင္ မကပဲ ကစားသမားေတြကလည္း တစ္ဦးခ်င္းပဲ ကားေမာင္းသြားရမယ္လုိ႔ ပရီးမီးယားလိဂ္က အသိေပးထားတယ္။
လီဗာပူးနဲ႔ ဘလက္ဘမ္းတို႔ဟာ မိုင္ ၄၀ အကြာမွာ ရွိၾကတာျဖစ္ျပီး မိနစ္ ၉၀ မေမာင္းရတဲ့ အကြာအေဝးလည္း ျဖစ္ပါတယ္။ ပြဲေန႔က အဂၤါေန႔ျဖစ္ေလာက္မယ္လို႔လည္း သိထားရတယ္။ အတည္ျပဳ သတင္း မဟုတ္ေသးေသာ္လည္း တယ္လီဂရပ္က ေဖာ္ျပလာတဲ့ သတင္းျဖစ္လို႔ မွန္ကန္ဖို႔ မ်ားပါတယ္။
လီဗာပူးက ေမလ အကုန္ထဲက အသင္းလိုက္ ေလ့က်င့္ေရးေတြ ျပန္စထားေပမယ့္ ဘလက္ဘန္းကေတာ့ ၾကာသပေတးေန႔ကမွ အသင္းလိုက္ ျပန္လည္ ေလ့က်င့္ထားတာပါ။ ႏွစ္သင္း ေနာက္ဆံုး ေတြ႔ဆံုထားၾကတာကေတာ့ ၂၀၁၈ တုန္းကျဖစ္ျပီး အဲ့သည္ရက္က အယ္လီဆန္ကို လက္မွတ္ထိုးတဲ့ရက္ျဖစ္ပါတယ္။
မနက္ျဖန္ေလာက္မွာ ခ်စ္ၾကည္ေရးပြဲအေၾကာင္း သိရဖို႔ ေမွ်ာ္လင့္ရျပီး တစ္ပါးတည္းမွာပဲ လီဗာပူးအသင္း စီနီယာအသင္းသားေတြရဲ႕ ၾကံ႕ခိုင္မႈ အေနအထားေတြကိုပါ ျမင္ရဖို႔ ရွိပါတယ္။ ဝိုက္နယ္ဒမ္ သက္သာလာေပမယ့္ ရွာကီြရီ၊ ကလိုင္းတို႔ကို ေလ့က်င့္ေရး အစီအစဥ္မွာ မျမင္ရေသးပါဘူး။