မန်စီးတီး ကွင်းလယ်လူ ဂွမ်ဒိုဂန်က ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့တဲ့ မန်နေဂျာဟောင်း ကလော့ပ်နဲ့ လက်ရှိ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကြား ခြားနားမှုတွေကို ထုတ်ပြောလိုက်ပါတယ်။

သူကတော့ ကလော့ပ်ဟာ စိတ်ဓါတ်ပိုင်းကို လုံ့ဆော်ပြီး လှုပ်အားကို အထူးပြု မောင်းနှင်တဲ့ မန်နေဂျာဖြစ်သလို ဂွာဒီယိုလာကတော့ နည်းစနစ်ပိုင်းကို အဓိက မောင်နှင်တဲ့ မန်နေဂျာပါလို့ နှိုင်းယှဉ်ပါတယ်။

ဂွမ်ဒိုဂန်က ” ကလော့ပ်နဲ့ လေးနှစ် လက်တွဲခဲ့တယ်။ သူက နည်းပြကာင်းဖြစ်ပြီး ကျနော် အရမ်းနှစ်သက်ရသူပါ။ သူက အံ့မခန်းတဲ့ အသင်းလိုက် စိတ်ဓါတ်ကို ဖန်တီးပြီး ဘောလုံးသမားတွေကို မယုံနိုင်လောက်အောင် လုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ သူက အသင်းတွေကို မောင်းနှင်ပြီး အသင်းတွေကလည်း အများကြီး လုပ်နိုင်စွမ်းရှိတယ်။

ပပ်ကျတော့ နည်းစနစ်ပိုင်းမှာ အရမ်းမြင့်ပါတယ်။ သူက ပွဲအကြောင်း အားလုံးကို သိလိုတဲ့ နည်းပြကောင်းဖြစ်တယ်။ ဂွာဒီယိုလာလောက် ကိုယ်ဘာသာ နည်းစနစ်ပိုင်း တိုးတက်လာဖို့ ကြိးစားလိုတဲ့ နည်းပြမျိုး မမြင်ဖူးပါဘူး။

သူတို့ရဲ့ စတိုင်က ခြားနားပါတယ်။ ဒါပေမယ့် နှစ်ဦးလုံးက အောင်မြင်နေပါတယ်။ သူတို့က အရမ်း ခြားနားပေမယ့် အခုချိန်မှာ နှစ်ဦးလုံးက ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေ ဖြစ်ကြပါတယ် ” လို့ ပြောဆိုခဲ့တယ်။

ဒီရာသီ မန်စီးတီးနဲ့ လီဗာပူးကြား ခြားနားချက်က ရမှတ် ရယူနိုင်စွမ်းဖြစ်ပြီး လီဗာပူးက ရမှတ်တွေ မဆုံးရံှူးပေမယ့် မန်စီးတီးကတော့ ကစားပုံကောင်းရင်တောင် ရလဒ်တွေ ဆုံးရံှူးနေတယ်လို့ သူက ထပ်ပြောပါတယ်။

” ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုမှာ ကျနေ်ာတို့ ကျန်ခဲ့ပါပြီ။ အရင် နှစ်ရာသီက ချန်ပီယံဆိုတာကို ဒီရာသီမှာ မပြသနိုင်ခဲ့ဘူး။ ကျနေ်ာတို့ ဘောလုံး ကောင်းကောင်းကစားသည်ဖြစ်စေ၊ ပွဲကို ကောင်းကောင်းကစားသည်ဖြစ်စေ ရမှတ်တွေ ဆုံးရံှူးပါတယ်။ လီဗာပူးကတော့ ရမှတ်တွေ ဆုံးရံှူးခြင်းမရှိပါဘူး။ ဒီတော့ ခြားနားမှုတွေက ပိုများလာတာပေါ့ ” လို့ ဂွမ်ဒိုဂန်က ပြောဆိုခဲ့ပါတယ်။

ZAWGYI

မန္စီးတီး ကြင္းလယ္လူ ဂြမ္ဒိုဂန္က ေဒါ့မြန္အသင္းမွာ လက္တြဲခဲ့တဲ့ မန္ေနဂ်ာေဟာင္း ကေလာ့ပ္နဲ႔ လက္ရွိ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာၾကား ျခားနားမႈေတြကို ထုတ္ေျပာလိုက္ပါတယ္။

သူကေတာ့ ကေလာ့ပ္ဟာ စိတ္ဓါတ္ပိုင္းကို လံု႔ေဆာ္ျပီး လႈပ္အားကို အထူးျပဳ ေမာင္းႏွင္တဲ့ မန္ေနဂ်ာျဖစ္သလို ဂြာဒီယိုလာကေတာ့ နည္းစနစ္ပိုင္းကို အဓိက ေမာင္ႏွင္တဲ့ မန္ေနဂ်ာပါလို႔ ႏိႈင္းယွဥ္ပါတယ္။

ဂြမ္ဒိုဂန္က ” ကေလာ့ပ္နဲ႔ ေလးႏွစ္ လက္တြဲခဲ့တယ္။ သူက နည္းျပကာင္းျဖစ္ျပီး က်ေနာ္ အရမ္းႏွစ္သက္ရသူပါ။ သူက အံ့မခန္းတဲ့ အသင္းလိုက္ စိတ္ဓါတ္ကို ဖန္တီးျပီး ေဘာလံုးသမားေတြကို မယံုႏုိင္ေလာက္ေအာင္ လံု႔ေဆာ္ေပးႏုိင္စြမ္း ရွိပါတယ္။ သူက အသင္းေတြကို ေမာင္းႏွင္ျပီး အသင္းေတြကလည္း အမ်ားၾကီး လုပ္ႏုိင္စြမ္းရွိတယ္။

ပပ္က်ေတာ့ နည္းစနစ္ပိုင္းမွာ အရမ္းျမင့္ပါတယ္။ သူက ပြဲအေၾကာင္း အားလံုးကို သိလိုတဲ့ နည္းျပေကာင္းျဖစ္တယ္။ ဂြာဒီယိုလာေလာက္ ကိုယ္ဘာသာ နည္းစနစ္ပိုင္း တိုးတက္လာဖို႔ ၾကိးစားလိုတဲ့ နည္းျပမ်ိဳး မျမင္ဖူးပါဘူး။

သူတို႔ရဲ႕ စတိုင္က ျခားနားပါတယ္။ ဒါေပမယ့္ ႏွစ္ဦးလံုးက ေအာင္ျမင္ေနပါတယ္။ သူတို႔က အရမ္း ျခားနားေပမယ့္ အခုခ်ိန္မွာ ႏွစ္ဦးလံုးက ကမၻာအေကာင္းဆံုး မန္ေနဂ်ာေတြ ျဖစ္ၾကပါတယ္ ” လို႔ ေျပာဆိုခဲ့တယ္။

ဒီရာသီ မန္စီးတီးနဲ႔ လီဗာပူးၾကား ျခားနားခ်က္က ရမွတ္ ရယူႏုိင္စြမ္းျဖစ္ျပီး လီဗာပူးက ရမွတ္ေတြ မဆံုးရံွဴးေပမယ့္ မန္စီးတီးကေတာ့ ကစားပံုေကာင္းရင္ေတာင္ ရလဒ္ေတြ ဆံုးရံွဴးေနတယ္လို႔ သူက ထပ္ေျပာပါတယ္။

” ဒီရာသီ ပရီးမီးယားလိဂ္ ျပိဳင္ဆိုင္မႈမွာ က်ေန္ာတို႔ က်န္ခဲ့ပါျပီ။ အရင္ ႏွစ္ရာသီက ခ်န္ပီယံဆိုတာကို ဒီရာသီမွာ မျပသႏုိင္ခဲ့ဘူး။ က်ေန္ာတို႔ ေဘာလံုး ေကာင္းေကာင္းကစားသည္ျဖစ္ေစ၊ ပြဲကို ေကာင္းေကာင္းကစားသည္ျဖစ္ေစ ရမွတ္ေတြ ဆံုးရံွဴးပါတယ္။ လီဗာပူးကေတာ့ ရမွတ္ေတြ ဆံုးရံွဴးျခင္းမရွိပါဘူး။ ဒီေတာ့ ျခားနားမႈေတြက ပိုမ်ားလာတာေပါ့ ” လို႔ ဂြမ္ဒိုဂန္က ေျပာဆိုခဲ့ပါတယ္။