စကော်တလန်ကလပ် ရိန်းဂျားအသင်းဟာ လီဗာပူးအသင်း လူငယ် တိုက်စစ်သမား ဘရူးစတားကို လာမယ့်ရာသီမှာ အငှားခေါ်ယူဖို့ ရည်ရွယ်လာတယ်လို့ သိရပါတယ်။
ဘရူးစတားဟာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ် အတော်လေး မျှော်လင့်ထားတဲ့ တိုက်စစ်သမားဖြစ်ပေမယ့် ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် အထင်ကြီးလောက်တဲ့ ခြေစွမ်းတွေ ပြသနိုင်ဖို့ရာ အကန့်အသတ်တွေ ရှိနေပြီး ကာရာဘောင်းပွဲတွေမှာပဲ ပွဲထွက်ခွင့် ရထားသူဖြစ်ပါတယ်။ သူဟာ MK Dons နဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အဆိုပါ ဖလားပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့တယ်။
ဘရူးစတားဟာ ပရီးမီးယားလိဂ်မှာတော့ လူစားဝင် ကစားသမားအဖြစ် သုံးကြိမ် ပါဝင်ခွင့်ရထားခဲ့ပြီး ပွဲထွက်ကစားသမား နေရာက ပါဝင်နိုင်ဖို့ စောင့်နေရဆဲဖြစ်ပါတယ်။ ကလော့ပ်က ဘရူးစတားကို ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်ချိန်မှာ ကစားသမား အတွေ့အကြုံရစေဖို့နဲ့ ကြံ့ခိုင်မှု ပိုကောင်းလာစေဖို့ ရည်ရွယ်ပြီး ဆွမ်ဆီးအသင်းထံ အငှားချထားတာဖြစ်တယ်။
ရာသီဝက်ကာလ အငှားချမှုဟာ ဘရူးစတားရဲ့ တိုးတက်မှုကို အကူအညီဖြစ်ဖို့ လီဗာပူးဘက်က မျှော်လင့်နေပြီး သူဟာ မနှစ်ကရာသီမှာ ကာလရှည် ဒူးဒဏ်ရာကို ရင်ဆိုင်ခဲ့ရကာ ကစားကွင်းပြင်ပမှာပဲ အချိန်ကုန်ခဲ့ရသူဖြစ်တယ်။ ကြံ့ခိုင်မှုပိုင်း ပြန်ကောင်းလာနေတဲ့ သူ့ကို ပွဲကစားခွင့် အာမခံချက်ပေးမှုနဲ့အတူ ချန်ပီယံရှစ်ကလပ်က အက်စတွန်ဗီလာ၊ ပဲလေစ့်တို့ကို ကျော်ပြီး ရရှိထားတာဖြစ်တယ်။
ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်နဲ့ ဘရူးစတားတို့ဟာ လီဗာပူးရဲ့ သက်တမ်းအလိုက် အသင်းတွေမှာ အတူတွဲပြီး အလုပ်လုပ်ဖူးကြပါတယ်။ မန်နေဂျာဂျရတ်က ဒီဖိုးနဲ့ Morelos တို့ရဲ့ အနေအထားကို စိတ်ပျက်နေပြီး လာမယ့်ရာသီ တိုက်စစ်ပိုင်းအတွက် ဘရူးစတားကို ပုံမှန် ပွဲထွက်ခွင့်ပေးကာ ခေါ်ယူလိုတာလို့ စကော်သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။
ZAWGYI
စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းဟာ လီဗာပူးအသင္း လူငယ္ တိုက္စစ္သမား ဘရူးစတားကို လာမယ့္ရာသီမွာ အငွားေခၚယူဖို႔ ရည္ရြယ္လာတယ္လို႔ သိရပါတယ္။
ဘရူးစတားဟာ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ အေတာ္ေလး ေမွ်ာ္လင့္ထားတဲ့ တိုက္စစ္သမားျဖစ္ေပမယ့္ ဒဏ္ရာကေန ျပန္သက္သာလာတဲ့ေနာက္ အထင္ၾကီးေလာက္တဲ့ ေျခစြမ္းေတြ ျပသႏုိင္ဖို႔ရာ အကန္႔အသတ္ေတြ ရွိေနျပီး ကာရာေဘာင္းပြဲေတြမွာပဲ ပြဲထြက္ခြင့္ ရထားသူျဖစ္ပါတယ္။ သူဟာ MK Dons နဲ႔ အာဆင္နယ္ကို အႏုိင္ရခဲ့တဲ့ အဆိုပါ ဖလားပြဲေတြမွာ ပါဝင္ကစားခြင့္ရခဲ့တယ္။
ဘရူးစတားဟာ ပရီးမီးယားလိဂ္မွာေတာ့ လူစားဝင္ ကစားသမားအျဖစ္ သံုးၾကိမ္ ပါဝင္ခြင့္ရထားခဲ့ျပီး ပြဲထြက္ကစားသမား ေနရာက ပါဝင္နုိင္ဖို႔ ေစာင့္ေနရဆဲျဖစ္ပါတယ္။ ကေလာ့ပ္က ဘရူးစတားကို ပံုမွန္ပြဲထြက္ခြင့္ မေပးႏုိင္ခ်ိန္မွာ ကစားသမား အေတြ႔အၾကံဳရေစဖို႔နဲ႔ ၾကံ႕ခိုင္မႈ ပိုေကာင္းလာေစဖို႔ ရည္ရြယ္ျပီး ဆြမ္ဆီးအသင္းထံ အငွားခ်ထားတာျဖစ္တယ္။
ရာသီဝက္ကာလ အငွားခ်မႈဟာ ဘရူးစတားရဲ႕ တိုးတက္မႈကို အကူအညီျဖစ္ဖို႔ လီဗာပူးဘက္က ေမွ်ာ္လင့္ေနျပီး သူဟာ မႏွစ္ကရာသီမွာ ကာလရွည္ ဒူးဒဏ္ရာကို ရင္ဆိုင္ခဲ့ရကာ ကစားကြင္းျပင္ပမွာပဲ အခ်ိန္ကုန္ခဲ့ရသူျဖစ္တယ္။ ၾကံ႕ခိုင္မႈပိုင္း ျပန္ေကာင္းလာေနတဲ့ သူ႔ကို ပြဲကစားခြင့္ အာမခံခ်က္ေပးမႈနဲ႔အတူ ခ်န္ပီယံရွစ္ကလပ္က အက္စတြန္ဗီလာ၊ ပဲေလစ့္တို႔ကို ေက်ာ္ျပီး ရရွိထားတာျဖစ္တယ္။
ရိန္းဂ်ားမန္ေနဂ်ာ စတီဗင္ဂ်ရတ္နဲ႔ ဘရူးစတားတို႔ဟာ လီဗာပူးရဲ႕ သက္တမ္းအလုိက္ အသင္းေတြမွာ အတူတြဲျပီး အလုပ္လုပ္ဖူးၾကပါတယ္။ မန္ေနဂ်ာဂ်ရတ္က ဒီဖိုးနဲ႔ Morelos တို႔ရဲ႕ အေနအထားကို စိတ္ပ်က္ေနျပီး လာမယ့္ရာသီ တိုက္စစ္ပိုင္းအတြက္ ဘရူးစတားကို ပံုမွန္ ပြဲထြက္ခြင့္ေပးကာ ေခၚယူလိုတာလို႔ စေကာ္သတင္းေတြက ေဖာ္ျပေနတာ ျဖစ္ပါတယ္။