ဘောလုံးဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတဲ့ CIES Football ကနေပြီး ထုတ်ပြန်လာတဲ့ အပြောင်းအရွှေ့ တန်ကြေးတွေမှာတော့ လီဗာပူး ကစားသမားအချို့က ထိပ်တန်းအဆင့်တွေမှာ ရှိနေဆဲဖြစ်တယ်။
ဇွန်လအတွင်း နောက်ဆုံး ထုတ်ပြန်တဲ့ ကမ္ဘာတန်ကြေးအကြီးဆုံး ကစားသမားများစာရင်းဟာ ယခင်လတွေနဲ့ နှိုင်းယှဉ်ရင် အပြောင်းအလဲတွေ များခဲ့ပါတယ်။ ကစားသမား အများအပြားက တန်ကြေး ကျဆင်းမှုတွေ ရှိလာခဲ့ကြသလို ယခင်က ထိပ်ဆုံး ၁၀ ဦး စာရင်းထဲမှာ ရှိနေတဲ့ ဗန်ဒိုက်ဟာ ထိပ်ဆုံးစာရင်းရဲ့ ပြင်ပကို ရောက်ရှိသွားခဲ့တယ်။
လီဗာပူးအသင်းသားတွေထဲမှာတော့ လူငယ်အစွန်လူ ထရန့်က တန်ကြေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့ပြီး ပေါင် သန်း ၁၅၀ ထိ ဈေးပေါက်လာခဲ့ပါပြီ။ ဒါဟာ အသင်းဖော်တွေဖြစ်တဲ့ ဆာလက် (ပေါင် ၁၂၇ သန်း) နဲ့ မာနေး (ပေါင် ၁၂၂ သန်း) တို့ထက် ပိုမြင့်တဲ့ အဆင့်ကိုယ်တောင် ရောက်သွားခဲ့တာဖြစ်ပါတယ်။
တန်ကြေးအကြီးဆုံး ကစားသမားတွေရဲ့ ထိပ်ဆုံးမှာတော့ အမ်ဘတ်ပီက ပေါင် ၂၂၇ သန်း၊ စတာလင်က ဒုတိယအဖြစ် ပေါင် ၁၇၁ သန်းနဲ့ ဆန်ချိုက တတိယအဖြစ် ပေါင် ၁၅၇ သန်းတို့ဖြင့် ရှိနေကာ ထရန့်က နံပါတ် ၄ နေရာထိ တက်လာခဲ့ခြင်းဖြစ်တယ်။
အခြားသော ကစားသမားတွေအဖြစ် ဖာမင်နိုက ပေါင် ၁၀၄ သန်းဖြင့် နံပါတ် ၁၁ မှာရှိနေပါတယ်။ ဗန်ဒိုက်ရဲ့ တန်ကြေးက ပေါင် ၈၇ သန်းထိ ရှိနေသေးပြီး ရော်ဘတ်ဆန် (ပေါင် ၈၃ သန်း) အယ်လီဆန် (ပေါင် ၇၄ သန်း) တို့ကလည်း လီဗာပူးရဲ့ တန်ကြေးကြီး ကစားသမားတွေအဖြစ်ကော ခံစစ် ဈေးအကြီးဆုံး ကစားသမားများ စာရင်းမှာပါ ထိပ်တန်းအဆင့်က ရပ်တည်နေတာဖြစ်ပါတယ်။
ZAWGYI
ေဘာလံုးဆုိင္ရာ အခ်က္အလက္ေတြကို ထုတ္ျပန္ေပးေနတဲ့ CIES Football ကေနျပီး ထုတ္ျပန္လာတဲ့ အေျပာင္းအေရႊ႔ တန္ေၾကးေတြမွာေတာ့ လီဗာပူး ကစားသမားအခ်ိဳ႔က ထိပ္တန္းအဆင့္ေတြမွာ ရွိေနဆဲျဖစ္တယ္။
ဇြန္လအတြင္း ေနာက္ဆံုး ထုတ္ျပန္တဲ့ ကမၻာတန္ေၾကးအၾကီးဆံုး ကစားသမားမ်ားစာရင္းဟာ ယခင္လေတြနဲ႔ ႏိႈင္းယွဥ္ရင္ အေျပာင္းအလဲေတြ မ်ားခဲ့ပါတယ္။ ကစားသမား အမ်ားအျပားက တန္ေၾကး က်ဆင္းမႈေတြ ရွိလာခဲ့ၾကသလို ယခင္က ထိပ္ဆံုး ၁၀ ဦး စာရင္းထဲမွာ ရွိေနတဲ့ ဗန္ဒိုက္ဟာ ထိပ္ဆံုးစာရင္းရဲ႕ ျပင္ပကို ေရာက္ရွိသြားခဲ့တယ္။
လီဗာပူးအသင္းသားေတြထဲမွာေတာ့ လူငယ္အစြန္လူ ထရန္႔က တန္ေၾကးအၾကီးဆံုး ကစားသမားျဖစ္လာခဲ့ျပီး ေပါင္ သန္း ၁၅၀ ထိ ေစ်းေပါက္လာခဲ့ပါျပီ။ ဒါဟာ အသင္းေဖာ္ေတြျဖစ္တဲ့ ဆာလက္ (ေပါင္ ၁၂၇ သန္း) နဲ႔ မာေနး (ေပါင္ ၁၂၂ သန္း) တို႔ထက္ ပိုျမင့္တဲ့ အဆင့္ကိုယ္ေတာင္ ေရာက္သြားခဲ့တာျဖစ္ပါတယ္။
တန္ေၾကးအၾကီးဆံုး ကစားသမားေတြရဲ႕ ထိပ္ဆံုးမွာေတာ့ အမ္ဘတ္ပီက ေပါင္ ၂၂၇ သန္း၊ စတာလင္က ဒုတိယအျဖစ္ ေပါင္ ၁၇၁ သန္းနဲ႔ ဆန္ခ်ိဳက တတိယအျဖစ္ ေပါင္ ၁၅၇ သန္းတို႔ျဖင့္ ရွိေနကာ ထရန္႔က နံပါတ္ ၄ ေနရာထိ တက္လာခဲ့ျခင္းျဖစ္တယ္။
အျခားေသာ ကစားသမားေတြအျဖစ္ ဖာမင္ႏိုက ေပါင္ ၁၀၄ သန္းျဖင့္ နံပါတ္ ၁၁ မွာရွိေနပါတယ္။ ဗန္ဒိုက္ရဲ႕ တန္ေၾကးက ေပါင္ ၈၇ သန္းထိ ရွိေနေသးျပီး ေရာ္ဘတ္ဆန္ (ေပါင္ ၈၃ သန္း) အယ္လီဆန္ (ေပါင္ ၇၄ သန္း) တို႔ကလည္း လီဗာပူးရဲ႕ တန္ေၾကးၾကီး ကစားသမားေတြအျဖစ္ေကာ ခံစစ္ ေစ်းအၾကီးဆံုး ကစားသမားမ်ား စာရင္းမွာပါ ထိပ္တန္းအဆင့္က ရပ္တည္ေနတာျဖစ္ပါတယ္။