လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အကုန်အထိ ဘုန်းမောက်အသင်းထံ ဟယ်ရီဝဲလ်ဆန်ကို ဆက်လက် အငှားချပေးဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးတိုက်စစ်သမားဟာ ရာသီစကတည်းက ဘုန်းမောက်အသင်းထံ အငှားထွက်နေတာဖြစ်ပြီး လက်ကျန် ၉ ပွဲမှာလည်း ဘုန်းမောက်အတွက် ဆက်ကစားပေးမှာပါ။ သူဟာ ဒီရာသီ ဘုန်းမောက်အတွက် ၂၃ ပွဲ ကစားပေးထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။ ဝဲလ်ဆန်ဟာ ဇွန်လ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပဲလေစ့်နဲ့ပွဲတည်းက စတင် ပါဝင်သွားမှာဖြစ်တယ်။
တူညီတဲ့ လမ်းစဉ်အဖြစ် အခြားသော လူငယ်တွေကိုလည်း သက်ဆိုင်ရာ ကလပ်တွေနဲ့ အငှားသက်တမ်း တိုးပေးမယ့် အနေအထားဖြစ်တယ်။ လီဗာပူးက လိဂ်ဝမ်းကို အငှားချထားတဲ့ ဝုဒ်ဘမ်းကိုတော့ မဲဝုဒ်မှာပဲ ခေါ်ယူထားပါတယ်။ လိဂ်ဝမ်းက ပြန်လည် ယှဉ်ပြိုင်ဖို့ မသေချာသေးတာကြောင့် ဝုဒ်ဘမ်းက လီဗာပူးမှာပဲ ဆက်ရှိနေတာလည်း ဖြစ်သွားနိုင်တာဖြစ်တယ်။
အခြားတစ်သင်းတစ်ခုအဖြစ် မန်နေဂျာကလော့ပ်က ဝိုက်နယ်ဒမ်ကို စာချုပ်သစ် ပေးလိုတာကြောင့် ကလပ်ဘက်က သူ့ကို ချိတ်ဆက်ပြီး အေးဂျင့်ဖြစ်သူနဲ့ သက်တမ်းတိုးကိစ္စ စကားပြောနေပါတယ်။ အဆင်ပြေနေတယ်လို့ သိရပေမယ့် အပြီးသတ် ကိစ္စတွေ သဘောတူညီမှု ရကြောင်း မကြားရသေးပါဘူး။
Goal သတင်းထောက် နေးဂျုံးကတော့ ဝိုက်နယ်ဒမ်ကို အင်္ဂလန်ပြင်ပကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေကြောင်း ထုတ်ပြောလာတယ်။ ဒီနွေမှာ လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စ မအောင်မြင်ရင် အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သူတို့ သုံးသင်းလုံး ကြားဝင် ချိတ်ဆက်လာလိမ့်မယ်လို့ သိရပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အကုန္အထိ ဘုန္းေမာက္အသင္းထံ ဟယ္ရီဝဲလ္ဆန္ကို ဆက္လက္ အငွားခ်ေပးဖို႔ သေဘာတူညီလိုက္ျပီ ျဖစ္ပါတယ္။
လီဗာပူးတိုက္စစ္သမားဟာ ရာသီစကတည္းက ဘုန္းေမာက္အသင္းထံ အငွားထြက္ေနတာျဖစ္ျပီး လက္က်န္ ၉ ပြဲမွာလည္း ဘုန္းေမာက္အတြက္ ဆက္ကစားေပးမွာပါ။ သူဟာ ဒီရာသီ ဘုန္းေမာက္အတြက္ ၂၃ ပြဲ ကစားေပးထားျပီး ၇ ဂိုး သြင္းယူထားပါတယ္။ ဝဲလ္ဆန္ဟာ ဇြန္လ ၂၀ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ ပဲေလစ့္နဲ႔ပြဲတည္းက စတင္ ပါဝင္သြားမွာျဖစ္တယ္။
တူညီတဲ့ လမ္းစဥ္အျဖစ္ အျခားေသာ လူငယ္ေတြကိုလည္း သက္ဆိုင္ရာ ကလပ္ေတြနဲ႔ အငွားသက္တမ္း တိုးေပးမယ့္ အေနအထားျဖစ္တယ္။ လီဗာပူးက လိဂ္ဝမ္းကို အငွားခ်ထားတဲ့ ဝုဒ္ဘမ္းကိုေတာ့ မဲဝုဒ္မွာပဲ ေခၚယူထားပါတယ္။ လိဂ္ဝမ္းက ျပန္လည္ ယွဥ္ျပိဳင္ဖို႔ မေသခ်ာေသးတာေၾကာင့္ ဝုဒ္ဘမ္းက လီဗာပူးမွာပဲ ဆက္ရွိေနတာလည္း ျဖစ္သြားႏုိင္တာျဖစ္တယ္။
အျခားတစ္သင္းတစ္ခုအျဖစ္ မန္ေနဂ်ာကေလာ့ပ္က ဝိုက္နယ္ဒမ္ကို စာခ်ဳပ္သစ္ ေပးလိုတာေၾကာင့္ ကလပ္ဘက္က သူ႔ကို ခ်ိတ္ဆက္ျပီး ေအးဂ်င့္ျဖစ္သူနဲ႔ သက္တမ္းတိုးကိစၥ စကားေျပာေနပါတယ္။ အဆင္ေျပေနတယ္လို႔ သိရေပမယ့္ အျပီးသတ္ ကိစၥေတြ သေဘာတူညီမႈ ရေၾကာင္း မၾကားရေသးပါဘူး။
Goal သတင္းေထာက္ ေနးဂ်ံဳးကေတာ့ ဝိုက္နယ္ဒမ္ကို အဂၤလန္ျပင္ပကလပ္ေတြျဖစ္တဲ့ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က စိတ္ဝင္စားေနေၾကာင္း ထုတ္ေျပာလာတယ္။ ဒီေႏြမွာ လီဗာပူးနဲ႔ စာခ်ဳပ္သစ္ကိစၥ မေအာင္ျမင္ရင္ အလႊတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူဖို႔ သူတို႔ သံုးသင္းလံုး ၾကားဝင္ ခ်ိတ္ဆက္လာလိမ့္မယ္လို႔ သိရပါတယ္။