လီဗာပူးအသင်းဟာ လေ့ကျင့်ရေး ဂျာစီ စပွန်ဆာ ချုပ်ဆိုမှုမှာ ပေါင် ၁ သန်းကို ကော်မရှင်အဖြစ် မပေးကြောင်း စွပ်စွဲချက်ဖြင့် တရားဆိုင်ရဖို့ ရှိနေပါတယ်။
အားကစားဆိုင်ရာ စပွန်ဆာ ချိတ်ဆက်တဲ့ အဖွဲ့အစည်းက ၂၀၁၃ ခုနှစ်မှာ ၎င်းတို့ဟာ လီဗာပူးအသင်းကို BetVictor နဲ့ မိတ်ဆက်ပေးခဲ့တာအတွက် ပေါင် ၁.၁၂၅ သန်းကို ကော်မရှင် ရလိုမှုအတွက် တရားဆွဲတာဖြစ်ပါတယ်။ ၎င်းတို့ကတော့ ကြားဝင် ချိတ်ဆက်ပေးမှုမှာ လီဗာပူးဟာ ပေါင် ၁၅ သန်းတန် စပွန်ဆာကို ရခဲ့တယ်လို့ ဆိုခဲ့တာဖြစ်တယ်။
၂၀၁၆-၂၀၁၇ ဘောလုံးရာသီကနေ ၂၀၁၈-၂၀၁၉ အတွင်း သုံးရာသီမှာ တစ်ရာသီ ပေါင် ၅ သန်းနှုန်းနဲ့ လီဗာပူးက စပွန်ဆာကြေး ပေါင် ၁၅ သန်းရခဲ့ပါတယ်။ ကလပ်ဘက်က ကမ္ဘာလုံးဆိုင်ရာ ပါတနာရောင်းချရေး အကြီးအကဲ Rafaella Valentino ကတော့ လီဗာပူးနဲ့ BetVictor ကြား စာချုပ်ဟာ အသင်းရဲ့ အကြီးတန်း ပုဂ္ဂိုလ်တွေ ၂၀၁၅ ခုနှစ်မှာ ညိနှိုင်းမှုကြောင့် ရတဲ့ စာချုပ်လို့ ဆိုပါတယ်။
ဒီကိစ္စအတွက် စစ်ဆေးမှုကို ဒီကနေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပြီး လီဗာပူးဘက်ကတော့ ချိတ်ဆက်မှုအပြီး ၂ နှစ်ခွဲကျော် အကြာမှ လီဗာပူးက BetVictor နဲ့ စာချုပ်ချုပ်တာပါဆိုတဲ့အကြောင်း လျှောက်လဲမှာဖြစ်တယ်။ တရားဆွဲတဲ့ဘက်က သူတို့က အပြီးသတ် သဘောတူညီမှုရအောင်ထိ ဝင်မပါခဲ့ပေမယ့် သူတို့ မိတ်ဆက်ပေးမှုကြောင့် လီဗာပူးဘက်က အဆက်အသွယ်ရခဲ့တာလို့ တင်ပြပါလိမ့်မယ်။
လီဗာပူးဟာ BetVictor နဲ့ စာချုပ်ကုန်အပြီး လက်ရှိမှာတော့ လေ့ကျင့်ရေး ဂျာစီ ပါတနာအသစ်အဖြစ် AXA နဲ့ လက်တွဲထားတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ေလ့က်င့္ေရး ဂ်ာစီ စပြန္ဆာ ခ်ဳပ္ဆိုမႈမွာ ေပါင္ ၁ သန္းကို ေကာ္မရွင္အျဖစ္ မေပးေၾကာင္း စြပ္စြဲခ်က္ျဖင့္ တရားဆုိင္ရဖို႔ ရွိေနပါတယ္။
အားကစားဆုိင္ရာ စပြန္ဆာ ခ်ိတ္ဆက္တဲ့ အဖြဲ႔အစည္းက ၂၀၁၃ ခုႏွစ္မွာ ၄င္းတို႔ဟာ လီဗာပူးအသင္းကို BetVictor နဲ႔ မိတ္ဆက္ေပးခဲ့တာအတြက္ ေပါင္ ၁.၁၂၅ သန္းကို ေကာ္မရွင္ ရလိုမႈအတြက္ တရားဆြဲတာျဖစ္ပါတယ္။ ၄င္းတို႔ကေတာ့ ၾကားဝင္ ခ်ိတ္ဆက္ေပးမႈမွာ လီဗာပူးဟာ ေပါင္ ၁၅ သန္းတန္ စပြန္ဆာကို ရခဲ့တယ္လို႔ ဆိုခဲ့တာျဖစ္တယ္။
၂၀၁၆-၂၀၁၇ ေဘာလံုးရာသီကေန ၂၀၁၈-၂၀၁၉ အတြင္း သံုးရာသီမွာ တစ္ရာသီ ေပါင္ ၅ သန္းႏႈန္းနဲ႔ လီဗာပူးက စပြန္ဆာေၾကး ေပါင္ ၁၅ သန္းရခဲ့ပါတယ္။ ကလပ္ဘက္က ကမၻာလံုးဆိုင္ရာ ပါတနာေရာင္းခ်ေရး အၾကီးအကဲ Rafaella Valentino ကေတာ့ လီဗာပူးနဲ႔ BetVictor ၾကား စာခ်ဳပ္ဟာ အသင္းရဲ႕ အၾကီးတန္း ပုဂၢိဳလ္ေတြ ၂၀၁၅ ခုႏွစ္မွာ ညိႏိႈင္းမႈေၾကာင့္ ရတဲ့ စာခ်ဳပ္လို႔ ဆိုပါတယ္။
ဒီကိစၥအတြက္ စစ္ေဆးမႈကို ဒီကေန႔မွာ စတင္လုပ္ေဆာင္မွာျဖစ္ျပီး လီဗာပူးဘက္ကေတာ့ ခ်ိတ္ဆက္မႈအျပီး ၂ ႏွစ္ခြဲေက်ာ္ အၾကာမွ လီဗာပူးက BetVictor နဲ႔ စာခ်ဳပ္ခ်ဳပ္တာပါဆုိတဲ့အေၾကာင္း ေလွ်ာက္လဲမွာျဖစ္တယ္။ တရားဆြဲတဲ့ဘက္က သူတို႔က အျပီးသတ္ သေဘာတူညီမႈရေအာင္ထိ ဝင္မပါခဲ့ေပမယ့္ သူတို႔ မိတ္ဆက္ေပးမႈေၾကာင့္ လီဗာပူးဘက္က အဆက္အသြယ္ရခဲ့တာလို႔ တင္ျပပါလိမ့္မယ္။
လီဗာပူးဟာ BetVictor နဲ႔ စာခ်ဳပ္ကုန္အျပီး လက္ရွိမွာေတာ့ ေလ့က်င့္ေရး ဂ်ာစီ ပါတနာအသစ္အျဖစ္ AXA နဲ႔ လက္တြဲထားတာ ျဖစ္ပါတယ္။