လီဗာပူးအသင်းဟာ ဒုတိယမြောက် ပွဲကြီး ကစားမှုအဖြစ် အန်ဖီးကွင်းမှာပဲ 11v11 ဦး ခွဲကစားမှုကို ဒီအပတ် အကုန်မှာ ထပ်လုပ်သွားခဲ့ပြီး ရလဒ်က ၁-၀ ဖြစ်ကာ မာနေးက ဂိုးသွင်းယူခဲ့တယ်လို့ သိရတယ်။

လီဗာပူးအသင်းဟာ ဒီအပတ်ကနေ စတင်ကာ လေ့ကျင့်ရေး ဂျာစီ စပွန်ဆာ ချုပ်ဆိုမှုမှာ ပေါင် ၁ သန်းကို ကော်မရှင်အဖြစ် မပေးကြောင်း စွပ်စွဲချက်ဖြင့် တရားဆိုင်ရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အကုန်အထိ ဘုန်းမောက်အသင်းထံ ဟယ်ရီဝဲလ်ဆန်ကို ဆက်လက် အငှားချပေးဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။

လီဗာပူးရဲ့ လေ့ကျင့်ရေးတွေမှာ ရော်ဘတ်ဆန်၊ ဆာလက်၊ အတ်ဒရီယန်တို့ သုံးဦးထိ ပွဲကို လွဲချော်ထားပြီး သူတို့ သုံးဦး မပါခြင်းက အသေးစား ဒဏ်ရာကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။

Goal သတင်းထောက် နေးဂျုံးကတော့ ဝိုက်နယ်ဒမ်ကို အင်္ဂလန်ပြင်ပကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေကြောင်း ထုတ်ပြောလာတယ်။

ဘောလုံးဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတဲ့ CIES Football ရဲ့ အပြောင်းအရွှေ့ တန်ကြေးတွေမှာတော့ လီဗာပူးအသင်းသားတွေထဲမှာတော့ လူငယ်အစွန်လူ ထရန့်က တန်ကြေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့ပြီး ပေါင် သန်း ၁၅၀ ထိ ဈေးပေါက်လာခဲ့ပါပြီ။

စကော်တလန်ကလပ် ရိန်းဂျားအသင်းဟာ လီဗာပူးအသင်း လူငယ် တိုက်စစ်သမား ဘရူးစတားကို လာမယ့်ရာသီမှာ အငှားခေါ်ယူဖို့ ရည်ရွယ်လာတယ်လို့ သိရပါတယ်။

အင်္ဂလန် အားကစားသုံးသပ်သူတွေဖြစ်တဲ့ ခရစ်ဆက်တန်နဲ့ ရပ်နက်တို့ကတော့ ပရီးမီးယားလိဂ် ပြန်လည်စတင်ရင် လီဗာပူးအသင်းက ပရိသတ်တွေကို အလွမ်းဆုံး ဖြစ်လိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ်လက်ထက်မှာ ပထမဆုံး တက်ခွင့်ရတဲ့ ကာရာဘောင်း၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ပွဲကို အရေးနိမ့်ခဲ့ရာက အရံှူးသမားတွေအဖြစ် လှောင်ပြောင်ခံရပေမယ့် ဒါတွေကို တွန်းအားအဖြစ် နည်းမှန်လမ်းမှန် အသုံးချနိုင်ခဲ့ခြင်းက အခုလို အောင်မြင်မှုတွေ ရလာစေတယ်လို့ ဟန်ဒါဆန်က ပြောပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဂွမ်ဒိုဂန်က ကလော့ပ်ဟာ စိတ်ဓါတ်ပိုင်းကို လုံ့ဆော်ပြီး လှုပ်အားကို အထူးပြု မောင်းနှင်တဲ့ မန်နေဂျာဖြစ်သလို ဂွာဒီယိုလာကတော့ နည်းစနစ်ပိုင်းကို အဓိက မောင်နှင်တဲ့ မန်နေဂျာပါလို့ နှိုင်းယှဉ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒုတိယေျမာက္ ပြဲၾကီး ကစားမႈအျဖစ္ အန္ဖီးကြင္းမွာပဲ 11v11 ခြဲကစားမႈကို ဒီအပတ္ အကုန္မွာ ထပ္လုပ္သြားခဲ့ျပီး ရလဒ္က ၁-၀ ျဖစ္ကာ မာေနးက ဂိုးသြင္းယူခဲ့တယ္လို႔ သိရတယ္။

လီဗာပူးအသင္းဟာ ဒီအပတ္ကေန စတင္ကာ ေလ့က်င့္ေရး ဂ်ာစီ စပြန္ဆာ ခ်ဳပ္ဆိုမႈမွာ ေပါင္ ၁ သန္းကို ေကာ္မရွင္အျဖစ္ မေပးေၾကာင္း စြပ္စြဲခ်က္ျဖင့္ တရားဆုိင္ရဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အကုန္အထိ ဘုန္းေမာက္အသင္းထံ ဟယ္ရီဝဲလ္ဆန္ကို ဆက္လက္ အငွားခ်ေပးဖို႔ သေဘာတူညီလိုက္ျပီ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြမွာ ေရာ္ဘတ္ဆန္၊ ဆာလက္၊ အတ္ဒရီယန္တို႔ သံုးဦးထိ ပြဲကို လြဲေခ်ာ္ထားျပီး သူတို႔ သံုးဦး မပါျခင္းက အေသးစား ဒဏ္ရာေၾကာင့္ ျဖစ္မယ္လို႔ ယူဆရပါတယ္။

Goal သတင္းေထာက္ ေနးဂ်ံဳးကေတာ့ ဝိုက္နယ္ဒမ္ကို အဂၤလန္ျပင္ပကလပ္ေတြျဖစ္တဲ့ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က စိတ္ဝင္စားေနေၾကာင္း ထုတ္ေျပာလာတယ္။

ေဘာလံုးဆုိင္ရာ အခ်က္အလက္ေတြကို ထုတ္ျပန္ေပးေနတဲ့ CIES Football ရဲ႕ အေျပာင္းအေရႊ႔ တန္ေၾကးေတြမွာေတာ့ လီဗာပူးအသင္းသားေတြထဲမွာေတာ့ လူငယ္အစြန္လူ ထရန္႔က တန္ေၾကးအၾကီးဆံုး ကစားသမားျဖစ္လာခဲ့ျပီး ေပါင္ သန္း ၁၅၀ ထိ ေစ်းေပါက္လာခဲ့ပါျပီ။

စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းဟာ လီဗာပူးအသင္း လူငယ္ တိုက္စစ္သမား ဘရူးစတားကို လာမယ့္ရာသီမွာ အငွားေခၚယူဖို႔ ရည္ရြယ္လာတယ္လို႔ သိရပါတယ္။

အဂၤလန္ အားကစားသံုးသပ္သူေတြျဖစ္တဲ့ ခရစ္ဆက္တန္နဲ႔ ရပ္နက္တို႔ကေတာ့ ပရီးမီးယားလိဂ္ ျပန္လည္စတင္ရင္ လီဗာပူးအသင္းက ပရိသတ္ေတြကို အလြမ္းဆံုး ျဖစ္လိမ့္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ကေလာ့ပ္လက္ထက္မွာ ပထမဆံုး တက္ခြင့္ရတဲ့ ကာရာေဘာင္း၊ ယူရိုပါလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ၃ ပြဲကို အေရးနိမ့္ခဲ့ရာက အရံွဴးသမားေတြအျဖစ္ ေလွာင္ေျပာင္ခံရေပမယ့္ ဒါေတြကို တြန္းအားအျဖစ္ နည္းမွန္လမ္းမွန္ အသံုးခ်ႏုိင္ခဲ့ျခင္းက အခုလို ေအာင္ျမင္မႈေတြ ရလာေစတယ္လို႔ ဟန္ဒါဆန္က ေျပာပါတယ္။

မန္စီးတီး ကြင္းလယ္လူ ဂြမ္ဒိုဂန္က ကေလာ့ပ္ဟာ စိတ္ဓါတ္ပိုင္းကို လံု႔ေဆာ္ျပီး လႈပ္အားကို အထူးျပဳ ေမာင္းႏွင္တဲ့ မန္ေနဂ်ာျဖစ္သလို ဂြာဒီယိုလာကေတာ့ နည္းစနစ္ပိုင္းကို အဓိက ေမာင္ႏွင္တဲ့ မန္ေနဂ်ာပါလို႔ ႏိႈင္းယွဥ္ပါတယ္။