လီဗာပူးအသင်းဟာ လက်ကျန် ဘောလုံးရာသီအတွက် အရေးကြီး ဆုံးဖြတ်ချက်အဖြစ် လယ်လာနာကို သက်တမ်းတိုးဖို့နဲ့ အရန်အင်အားကို ပွဲထွက်ခွင့်တွေပေးဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

The Times မှ လီဗာပူးသတင်းထောက် Paul Joyce က ” လီဗာပူးမှာ ရာသီကုန်တဲ့အထိ ဆက်ရှိနေဖို့ လယ်လာနာကို စာချုပ် အသေးစားတစ်စောင် ပေးသွားမှာဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က လီဗာပူးရဲ့ ဆုဖလား စိန်ခေါ်မှု ရာသီတစ်လျှောက်လုံးမှာ အသင်းကို ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ပေးထားတဲ့ လယ်လာနာကို ဆက်ရှိနေစေဖို့ အလိုရှိတယ် ” လို့ ဖော်ပြခဲ့တယ်။

လယ်လာနာရဲ့ စာချုပ်မှာတော့ သူလက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၁၀၀၀၀ ကို လျော့ယူရမယ်လို့ သိရတယ်။ လယ်လာနာကလည်း လီဗာပူးရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ရာသီသိမ်းတဲ့အထိ အသင်းမှာ ဆက်နေပါမယ်။ ရာသီကုန်မှာတော့ လယ်လာနာနဲ့ ကလိုင်းတို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာ ဖြစ်သလို ရှာကွီရီကလည်း သေချာပေါက် ထွက်ခွာသွားတော့မှာပါ။

မန်နေဂျာကလော့ပ်က စီနီယာအသင်း လူစာရင်းကို ရာသီကုန်ထိ တည်ငြိမ်ဖို့ စီစဉ်နေပြီး ဒီရာသီတစ်လျှောက် အခွင့်အရေး အများကြီး မပေးထားတဲ့ လူငယ်တွေကို ပွဲထွက်ခွင့်တွေ တိုးမြှင့်ပေးမယ်လို့ သိရတယ်။ အခွင့်အရေးတွေ ကြီးကြီးမားမားပေးမယ်လို့ သိရတာကြောင့် ပွဲထွက်လူစာရင်းကနေ ထုတ်သုံးတဲ့ အထိပါ နေရာပေးမယ်လို့ ယူဆရပါတယ်။

လီဗာပူးအသင်းမှာ နီကိုး၊ ကာတစ်ဂျုံးနဲ့ အီလီယော့တို့ဟာ အလားအလာ ကောင်းသူတွေဖြစ်ပြီး သူတို့ဟာ အာဆင်နယ်အသင်း၊ အဲဗာတန်အသင်းတို့ကို အနိုင်ယူပြခဲ့တဲ့ ယူ-၂၃ အစုအဖွဲ့ထဲမှာ ထူးထူးချွန်ချွန် ကစားပြခဲ့သူတွေပါ။ မန်နေဂျာကလော့ပ်က ဒီရာသီမှာ နေရာပေးမှာ ဖြစ်သလို လာမယ့်ရာသီမှာလည်း လုံးဝ အငှားချမှာ မဟုတ်ဘူးလို့ လီဗာပူးအခြေစိုက် သတင်းထောက် Paul Gorst က အတည်ပြုသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လက္က်န္ ေဘာလံုးရာသီအတြက္ အေရးၾကီး ဆံုးျဖတ္ခ်က္အျဖစ္ လယ္လာနာကို သက္တမ္းတိုးဖို႔နဲ႔ အရန္အင္အားကို ပြဲထြက္ခြင့္ေတြေပးဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ပါတယ္။

The Times မွ လီဗာပူးသတင္းေထာက္ Paul Joyce က ” လီဗာပူးမွာ ရာသီကုန္တဲ့အထိ ဆက္ရွိေနဖို႔ လယ္လာနာကို စာခ်ဳပ္ အေသးစားတစ္ေစာင္ ေပးသြားမွာျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္က လီဗာပူးရဲ႕ ဆုဖလား စိန္ေခၚမႈ ရာသီတစ္ေလွ်ာက္လံုးမွာ အသင္းကို ဦးေဆာင္သူတစ္ဦးအျဖစ္ ပါဝင္ေပးထားတဲ့ လယ္လာနာကို ဆက္ရွိေနေစဖို႔ အလိုရွိတယ္ ” လို႔ ေဖာ္ျပခဲ့တယ္။

လယ္လာနာရဲ႕ စာခ်ဳပ္မွာေတာ့ သူလက္ရွိရေနတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၁၁၀၀၀၀ ကို ေလ်ာ့ယူရမယ္လို႔ သိရတယ္။ လယ္လာနာကလည္း လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို လက္ခံျပီး ရာသီသိမ္းတဲ့အထိ အသင္းမွာ ဆက္ေနပါမယ္။ ရာသီကုန္မွာေတာ့ လယ္လာနာနဲ႔ ကလိုင္းတို႔က အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာမွာ ျဖစ္သလို ရွာကီြရီကလည္း ေသခ်ာေပါက္ ထြက္ခြာသြားေတာ့မွာပါ။

မန္ေနဂ်ာကေလာ့ပ္က စီနီယာအသင္း လူစာရင္းကို ရာသီကုန္ထိ တည္ျငိမ္ဖို႔ စီစဥ္ေနျပီး ဒီရာသီတစ္ေလွ်ာက္ အခြင့္အေရး အမ်ားၾကီး မေပးထားတဲ့ လူငယ္ေတြကို ပြဲထြက္ခြင့္ေတြ တိုးျမွင့္ေပးမယ္လို႔ သိရတယ္။ အခြင့္အေရးေတြ ၾကီးၾကီးမားမားေပးမယ္လို႔ သိရတာေၾကာင့္ ပြဲထြက္လူစာရင္းကေန ထုတ္သံုးတဲ့ အထိပါ ေနရာေပးမယ္လို႔ ယူဆရပါတယ္။

လီဗာပူးအသင္းမွာ နီကိုး၊ ကာတစ္ဂ်ံဳးနဲ႔ အီလီေယာ့တို႔ဟာ အလားအလာ ေကာင္းသူေတြျဖစ္ျပီး သူတို႔ဟာ အာဆင္နယ္အသင္း၊ အဲဗာတန္အသင္းတို႔ကို အႏုိင္ယူျပခဲ့တဲ့ ယူ-၂၃ အစုအဖြဲ႔ထဲမွာ ထူးထူးခၽြန္ခၽြန္ ကစားျပခဲ့သူေတြပါ။ မန္ေနဂ်ာကေလာ့ပ္က ဒီရာသီမွာ ေနရာေပးမွာ ျဖစ္သလို လာမယ့္ရာသီမွာလည္း လံုးဝ အငွားခ်မွာ မဟုတ္ဘူးလို႔ လီဗာပူးအေျခစိုက္ သတင္းေထာက္ Paul Gorst က အတည္ျပဳသြားပါတယ္။