လီဗာပူး ပရိသတ်တွေကြားမှာ အယ်ဝန်နီယီဆိုတဲ့ လူငယ်လေးကို လူသိနည်းကြပါလိမ့်မယ်။ သူဟာ လက်ရှိ ဘွန်ဒက်လီဂါကလပ် မိန့်အသင်းမှာ အငှားထွက်ကစားနေတဲ့ တိုက်စစ်သမားလေးဖြစ်တယ်။

လီဗာပူးကနေ ဂျာမနီကလပ်ထံ အငှားထွက်ကစားနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်သမားဟာ ၂၀၁၅ မှာ မာဆေးဆိုဒ်ကို ရောက်လာခဲ့ပါတယ်။ သူဟာ အများအားဖြင့် အငှားထွက်ကစားနေရသူပါ။ အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်သလို အလားအလာကောင်းတွေ ပိုင်ဆိုင်သူလို့ သိထားရပေမယ့် စီနီယာအဆင့်ကို တိုးထွက် မလာသေးပါဘူး။

မနှစ်က ဘယ်ဂျီယံကလပ်ကို အငှားထွက်ကစားပြီး ၁၆ ပွဲမှာ ၁၁ ဂိုးထိသွင်းခဲ့တဲ့ တိုက်စစ်ကစားသမားဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာ မိန့်ဇ်နဲ့အတူ အငှားကစားနေပြီး ကံ မကောင်းစွာပဲ သူက အရန်အနေနဲ့ ကစားနေခဲ့ရတာဖြစ်တယ်။ ကိုရိုနာကပ်ဘေး မတိုင်ခင် ဘွန်ဒက်စ်လီဂါ မှာတော့ မိန့်ဇ်ဟာ တန်းဆင်းဇုန် ရောက်နေခဲ့ပါတယ်။

ကပ်ဘေးအတွင်း ဘွန်းဒက်လီဂါ ပြန်စရာမှာ အံ့အားသင့်ဖွယ်အဖြစ် အယ်ဝန်နီယီဟာ ပွဲထွက်ခွင့်တွေ ရလာခဲ့ပြီး ဒီအပတ် ဖရန့်ဘတ်နဲ့ပွဲက သူ့ရဲ့ သုံးပွဲဆက်တိုက် ပွဲထွက်လူစာရင်းကနေ ပါဝင်ရတဲ့ပွဲ ဖြစ်လာပါတယ်။ မိန့်အသင်းကလည်း နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသရေ ၁ ပွဲနိုင် ရလဒ်နဲ့အတူ တန်းဆင်းဇုန်ကနေ စလွတ်လာခဲ့ပါတယ်။

လူငယ်လေးက မိန့်မှာ ပြန်တောက်ပလာနေပြီး သူ့ရဲ့ အစောပိုင်း ၂၅ ပွဲမှာ ၁၄၇ မိနစ်သာ ကစားရခြင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကိုဗစ်ကပ်ဘေး နောက်ပိုင်းမှာ ထူးထူးခြားခြားကို တိုးတက်လာခဲ့တာပါ။ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် လာမယ့်ရာသီတွေမှာ ပိုမို တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်လာဖို့ရှိတယ်။

နောက်ထပ် လီဗာပူးအငှားကစားသမား နေးဖိလစ်ကလည်း ဘွန်ဒက်လီဂါ-၂ ကလပ် စတုဂတ်မှာ အခြေအနေကောင်းနေပါတယ်။ စတုဂတ်ဟာ လိဂ်တူးမှာ အဆင့် ၂ နေရာရှိနေပြီး လာမယ့်ရာသီ တန်းတက်ခွင့်ရမယ့် အနေအထားကောင်းကို ပိုင်ဆိုင်လာခဲ့တယ်။ ဂရုဂျစ်၊ ဝဲလ်ဆန်၊ ဘရူးစတားတို့ကလည်း သက်ဆိုင်ရာ ကလပ်တွေမှာ တောက်ပနေလို့ လီဗာပူးရဲ့ ဒီရာသီ အငှားကစားသမားတွေက တိုးတက်မှု ရှာဖွေနိုင်စွမ်းတွေ ပိုကောင်းလာတယ်လိ့ ဆိုရပါမယ်။

ZAWGYI

လီဗာပူး ပရိသတ္ေတြၾကားမွာ အယ္ဝန္နီယီဆိုတဲ့ လူငယ္ေလးကို လူသိနည္းၾကပါလိမ့္မယ္။ သူဟာ လက္ရွိ ဘြန္ဒက္လီဂါကလပ္ မိန္႔အသင္းမွာ အငွားထြက္ကစားေနတဲ့ တိုက္စစ္သမားေလးျဖစ္တယ္။

လီဗာပူးကေန ဂ်ာမနီကလပ္ထံ အငွားထြက္ကစားေနတဲ့ ႏိုင္ဂ်ီးရီးယား တုိက္စစ္သမားဟာ ၂၀၁၅ မွာ မာေဆးဆိုဒ္ကို ေရာက္လာခဲ့ပါတယ္။ သူဟာ အမ်ားအားျဖင့္ အငွားထြက္ကစားေနရသူပါ။ အသက္ ၂၂ ႏွစ္အရြယ္ျဖစ္ျပီး ေပါက္ကြဲအားေကာင္းေကာင္း ကစားႏုိင္သလို အလားအလာေကာင္းေတြ ပိုင္ဆိုင္သူလို႔ သိထားရေပမယ့္ စီနီယာအဆင့္ကို တိုးထြက္ မလာေသးပါဘူး။

မႏွစ္က ဘယ္ဂ်ီယံကလပ္ကို အငွားထြက္ကစားျပီး ၁၆ ပြဲမွာ ၁၁ ဂိုးထိသြင္းခဲ့တဲ့ တိုက္စစ္ကစားသမားဟာ ဒီရာသီ ဘြန္ဒက္စ္လီဂါ မွာ မိန္႔ဇ္နဲ႔အတူ အငွားကစားေနၿပီး ကံ မေကာင္းစြာပဲ သူက အရန္အေနနဲ႔ ကစားေနခဲ့ရတာျဖစ္တယ္။ ကိုရိုနာကပ္ေဘး မတိုင္ခင္ ဘြန္ဒက္စ္လီဂါ မွာေတာ့ မိန္႔ဇ္ဟာ တန္းဆင္းဇုန္ ေရာက္ေနခဲ့ပါတယ္။

ကပ္ေဘးအတြင္း ဘြန္းဒက္လီဂါ ျပန္စရာမွာ အံ့အားသင့္ဖြယ္အျဖစ္ အယ္ဝန္နီယီဟာ ပြဲထြက္ခြင့္ေတြ ရလာခဲ့ျပီး ဒီအပတ္ ဖရန္႔ဘတ္နဲ႔ပြဲက သူ႔ရဲ႕ သံုးပြဲဆက္တိုက္ ပြဲထြက္လူစာရင္းကေန ပါဝင္ရတဲ့ပြဲ ျဖစ္လာပါတယ္။ မိန္႔အသင္းကလည္း ေနာက္ဆံုး ၅ ပြဲမွာ ၂ ပြဲသေရ ၁ ပြဲႏုိင္ ရလဒ္နဲ႔အတူ တန္းဆင္းဇုန္ကေန စလြတ္လာခဲ့ပါတယ္။

လူငယ္ေလးက မိန္႔မွာ ျပန္ေတာက္ပလာေနျပီး သူ႔ရဲ႕ အေစာပိုင္း ၂၅ ပြဲမွာ ၁၄၇ မိနစ္သာ ကစားရျခင္းနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ကိုဗစ္ကပ္ေဘး ေနာက္ပိုင္းမွာ ထူးထူးျခားျခားကို တိုးတက္လာခဲ့တာပါ။ ဒီေျခစြမ္းကို ဆက္ထိန္းႏုိင္မယ္ဆိုရင္ လာမယ့္ရာသီေတြမွာ ပိုမို ေတာက္ပတဲ့ အနာဂတ္ကို ပိုင္ဆိုင္လာဖို႔ရွိတယ္။

ေနာက္ထပ္ လီဗာပူးအငွားကစားသမား ေနးဖိလစ္ကလည္း ဘြန္ဒက္လီဂါ-၂ ကလပ္ စတုဂတ္မွာ အေျခအေနေကာင္းေနပါတယ္။ စတုဂတ္ဟာ လိဂ္တူးမွာ အဆင့္ ၂ ေနရာရွိေနျပီး လာမယ့္ရာသီ တန္းတက္ခြင့္ရမယ့္ အေနအထားေကာင္းကို ပိုင္ဆိုင္လာခဲ့တယ္။ ဂရုဂ်စ္၊ ဝဲလ္ဆန္၊ ဘရူးစတားတို႔ကလည္း သက္ဆိုင္ရာ ကလပ္ေတြမွာ ေတာက္ပေနလို႔ လီဗာပူးရဲ႕ ဒီရာသီ အငွားကစားသမားေတြက တိုးတက္မႈ ရွာေဖြႏုိင္စြမ္းေတြ ပိုေကာင္းလာတယ္လိ႔ ဆိုရပါမယ္။